လူသားတွေနဲ့ စက်ပစ္စည်းတွေ အစွမ်းချင်း ယှဉ်ပြိုင်ခဲ့ကြတာ ယနေ့ခေတ် ကာလရောက်မှ မဟုတ်
ပါဘူး။ ဟိုး ပဝေသဏီကာလကတည်းကပါလို့ ဘီဘီစီက စကားချီးဆိုလာတာ အကြောင်းမဲ့တော့
မဟုတ်ပါဘူး။ ဗြိတိသျှလေကြောင်းပိုင် လေယာဉ်သစ် A280 လေယာဉ်နဲ့ ရပ်ဘီစတားတစ်ဦးတို့
အမြန်ချင်းပြိုင်မယ်ဆိုတဲ့သတင်းကို အစဖော်ပေးလာခြင်းဖြစ် သလို တောင်အာဖရိကဂုဏ်ဆောင်
ရပ်ဘီစတား ဘရိုင်ယန် ဟာဘာနာရဲ့ မလျှော့တဲ့လုံ့လနဲ့ အားထုတ်ကြိုးပမ်းမှုကိုပါ အားကစားပရိ
သတ်တွေကို ကတိပေးထားခြင်းပဲဖြစ်ပါတယ်။
ဂိုးရွိုက်စ်အင်ဂျင်လေးလုံးတပ်ဆင်ထားပြီး ပေါင် ၁၇,၀၀၀ ရုန်းကန်အားရှိတဲ့ Air Bus A380 နဲ့
အမြန်ချင်း ယှဉ်ပြီး World Fastest Man ဂုဏ်ပုဒ် ကို ရယူမယ့် ဘရိုင်ယန်ရဲ့ အားကစားဒိုင်ယာ
ရီကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တော့...။ ဘရိုင်ယန်ဂယ်ရီဟာဘာနာ အမည် ရသူ အား
ကစားငွေကြယ်ပွင့်ရဲ့ မွေးရပ် ဇာတိမြေက တောင်အာဖရိကမြို့တော် ဂျိုဟန်နက်စဘာ့ဂ်ပဲဖြစ်ပါ
တယ်။
ခေတ် ပညာတတ် မိဘမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး တက္ကသိုလ်ပညာရေးကိုတော့ Raud
Afrikans University မှာ ဆည်းပူးခဲ့သူပဲ ဖြစ်ပါတယ်။ ကျောင်းသားဘဝမှာကတည်းက ရပ်ဘီ
အားကစားနည်းကို ရူးသွပ်ခုံမင်ခဲ့သူ ဖြစ်ပြီးကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုနဲ့ အရပ်
အမောင်းမြင့်မားမှု တို့က သူ့ကို ပရိသတ်အကြိုက် ပလေယာ တစ်ဦးဘဝ ပိုင်ဆိုင်ခွင့်ပေးခဲ့တာ
က လည်း အားလုံးအသိပဲဖြစ်ပါတယ်။
Barbarians, Blue Bulls, Stormers, Western Province အသင်းတွေနဲ့ တောင်အာဖရိက
လက်ရွေးစင်အသင်း မှာ အစွမ်းပြလျက်ရှိသူဟာ ၂၀၀၇ မှာ နိုင်ငံတကာရပ်ဘီအဖွဲ့ချုပ်ရဲ့ တစ်နှစ်
တာအကောင်းဆုံးငွေကြယ်ပွင့်ဆုကို ပိုင်ဆိုင်နိုင်ခဲ့သူပဲဖြစ်ပါတယ်။
Stormers အသင်းနဲ့အတူ အောင်မြင်ထင်ရှားလာခဲ့သူဟာ Western Province နဲ့အတူ ကမ္ဘာ
ကျော် အားကစားငွေကြယ်ပွင့်ဘဝကို လှမ်း တက်လာနိုင်ခဲ့ပြီး ဇာတိမြေအတွက် လည်း နိုင်ငံတ
ကာ ပွဲစဉ်တွေမှာ စွမ်းစွမ်းတမံကြိုးပမ်းကစားပေးခဲ့သူမို့ ဂျိုဟန်နက်စဘာ့ဂ်ရဲ့ စိန်ရိုင်းတစ်ပွင့် လို့
မီဒီယာတွေက တင်စားခဲ့ကြတာပဲ ဖြစ်ပါတယ်။
Currie Cup ပွဲစဉ်တွေနဲ့ အတူ တစ်စတစ်စ ထင်ရှားကျော်ကြား လာသူ ဘရိုင်ယန် 2005 South
Africa Player of the Year ဆုနဲ့ 2005 IRB World Player of the Year ဆုကို ပူးတွဲရယူနိုင်ခဲ့
သလို ၂၀၀၇ ဧပြီမှာ ချီတာကျားသစ်တစ်ကောင်နဲ့ အပြေးပြိုင်ခဲ့တဲ့ သူ့ရဲ့ကြိုးပမ်းမှုဟာ လည်း မျိုး
သုဉ်းတော့မယ့် ရှားပါးသတ္တဝါ တွေကို ထိန်းသိမ်းဖို့နဲ့ တိရစ္ဆာန်တွေကို ကြင်နာညှာတာတတ်ဖို့ လူ
သားတွေကို သတိပေးရာရောက်ခဲ့တာပါလို့ De Wild org. အဖွဲ့အစည်းက ချီးကျူးခဲ့ရ ပါတယ်။
ကမ္ဘာ့အမြန်ဆုံးသတ္တဝါ ချီတာကျားသစ်ရဲ့ တစ်နာရီ မိုင် ရ၀ ပြေးအားကို တစ်နာရီ ၂၂ မိုင်သာ
ပြေးနိုင် တဲ့ ဘရိုင်ယန် မယှဉ်နိုင်ခဲ့ပေမယ့် သူ့ရဲ့အားထုတ်မှုကိုတော့ ကမ္ဘာက အသိအမှတ်ပြုခဲ့
ရပါတယ်။
Air Bus A 380 ဟာ ပေါင်ရှစ်သိန်း အလေးချိန်ရှိပြီး တစ်နာရီ မိုင် ၆၀၀ ပြေးအားနဲ့ ဝေဟင်ထဲမှာ
ဆိုရင် တစ်နာရီ မိုင် ၁၄၀ ပျံသန်းနိုင်စွမ်းရှိတဲ့ လေယာဉ်သစ်ဟာ ဗြိတိန်လေကြောင်း ရဲ့ ဖမ်းစားမှု
ပုံရိပ်တစ်ခုပါပဲ။ အခု A380 နဲ့ မီတာ ၁၀၀ အမြန်ပြိုင်မယ့် ရပ်ဘီစတားရဲ့ ကြေညာချက်ဟာ
တောင်အာဖရိကအားကစားပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ သလို ဂရင်းနစ်စံချိန်
စောင့်ကြည့်ရေး အဖွဲ့အတွက်လည်း မှတ်တိုင်သစ် တစ်ခုရမလား ဆွဲဆောင်မှုတစ်ရပ်ပါပဲ။
၂၀၁၄ နှစ်ဦးမှာ ဒီပြိုင်ပွဲကို ဂျိုဟန်နက်စဘာ့ဂ်မှာပဲ ကျင်းပဖို့ စီစဉ် ထားပြီး ဗြိတိန်လေကြောင်း
လိုင်းရဲ့ ကြော်ငြာသစ်တစ်ခုလို့ပဲဆိုရမှာ ဖြစ်ပါတယ်။ "ကမ္ဘာပေါ်မှာ ရူးကြောင် ကြောင်အနိုင်ဆုံး
လုပ်ရပ်တစ်ခုလို့ ဝေဖန်သူများမှာပါ။ ဒါပေမဲ့ ကျွန်တော် ကတော့ ပြိုင်ပွဲပြီးမှ ကောက်ချက်ချပါ လို့
ပြောချင်ပါတယ်။ အိမ်မက်တစ်ခုကို အကောင်အထည် ဖော်ကြည့်တာပါ" လို့ ဘရိုင်ယန်က ပွင့်ပွင့်
လင်းလင်းဆိုခဲ့ ပါတယ်။















