ထိုင်းနိုင်ငံရဲ့ အတုယူဖွယ် ကြက်တောင်ရတနာလေး

ထိုင်းနိုင်ငံရဲ့ အတုယူဖွယ် ကြက်တောင်ရတနာလေး

အားကစားတစ်ခုခုကို ငယ်ရွယ်စဉ်အခါ က အထူးသဖြင့် အသက် ၁၀ နှစ်အောက် အရွယ်ကစပြီး
ရူးရူးသွပ်သွပ်ကစား ကာ စနစ်တကျ သင်ပြနိုင်တဲ့ နည်းပြကောင်းနဲ့တွေ့ရင် ချန်ပီယံဖြစ်နိုင်တယ်
ဆိုတာ မကြာမီကပဲ သိရှိခဲ့ရပါ ပြီ။

ကမ္ဘာ့ကြက်တောင်ချန်ပီယံပြိုင်ပွဲမှ အသက်အငယ်ဆုံးအဖြစ် ပူပူနွေးနွေး ချန်ပီယံဖြစ်သွားတဲ့
ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အမျိုးသမီးငယ်လေး အင်သာနွန်ရဲ့ နမူနာကိုယူကြ ဖို့
ဒီဆောင်းပါးကိုရေးလိုက်ရတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံက ကမ္ဘာ့ချန်ပီယံ တစ်ဦး ထွက်ပေါ်လာတာ
တော့ အရှေ့ တောင်အာရှသားတွေ ဂုဏ်ယူစရာပါပဲ။ တကယ်တော့ ကမ္ဘာ့ကြက်တောင် ပြိုင်ပွဲ
အမျိုးသားပွဲစဉ်တွေမှာ အရှေ့ တောင်အာရှက မလေးနဲ့ အင်ဒိုတို့ဟာ ကမ္ဘာ့ချန်ပီယံဆုတွေ ရခဲ့
ဖူးကြတယ်။

ကြက်တောင် အားကစားကို အချိန်ကြာ ကြာ လွှမ်းမိုးနေတာကတော့ တရုတ်အမျိုးသား၊ အမျိုး
သမီးတွေ ဖြစ်ကြ တယ်။ ဒီတော့ ကမ္ဘာ့ချန်ပီယံ အမျိုး သမီးပြိုင်ပွဲတွေမှာ အများစု စိုးမိုးတာ က
တော့ တရုတ်တွေပဲဖြစ်တယ်။

အဲဒီကြက်တောင် အင်အားကြီး တရုတ်အမျိုးသမီးတွေကို ကျော်လွှားအောင်ပွဲ ခံသွားတဲ့ အသက်
၁၈ နှစ် အရွယ် ထိုင်းအမျိုးသမီး ချန်ပီယံ အင်သာနွန်ကိုတော့ ဂုဏ်ပြုထိုက်သူလို့ ဆိုရမှာ ဖြစ်ပါ
တယ်။

ဒီပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ အင်သာနွန် ဟာ အရှေ့တောင်အာရှနဲ့ အာရှ
ကစား သမားတွေရဲ့ စံပြဆိုရင်လည်း မမှား ပါဘူး။ အင်သာနွန်ဟာ အသက် လေးငါး နှစ် အရွယ်
ကစပြီး ကြက်တောင် ကစား ခဲ့တယ်။

ကျွန်တော်တို့ဆီမှာ ပစ္စည်းကိရိယာ စုံလင်တဲ့ လူငယ်သင်တန်းကျောင်းနဲ့ ဘောလုံး အကယ်ဒမီ
တွေမှာ အသက် ၁၀ နှစ်ကျော်အရွယ်ကစပြီး သင်ပေးတယ်။ သူဟာ စက်ရုံအလုပ် သမား မိဘနှစ်
ပါးက ဆင်းသက်ခဲ့ တယ်။ မောင်တစ်ယောက်ရှိတယ်။

ကလေးဘဝက အင်သာနွန်ဟာ နတ်ဟွန် ပါသန်မှာ ထမင်းဟင်းချက်တဲ့ မီးဖိုကြီး တွေရဲ့ အနီးတစ်
၀ိုက်မှာ ပြေးလွှား ကစားနေတာ စက်ရုံပိုင်ရှင်တွေက မြင်ပြီး ကလေးတွေ အပူလောင်မှာ စိုးရိမ်ကြ
တယ်။ နောက် သူတို့လေးတွေ စက်ရုံက ကြက်တောင်ကွင်းတွေဆီ ရောက်တယ်။

စက်ရုံပိုင်ရှင်တွေက သူနဲ့ တခြား ကလေးတွေကို ကြက်တောင် အကယ် ဒမီတစ်ခုကို ပို့လိုက်
တယ်။ အင်သာနွန် ကလည်း သူ့ကြက်တောင်သမားဘဝ ကရတဲ့ ဆုကြေးတွေနဲ့ မိဘကို လုပ်
ကျွေး ခဲ့တယ်။

ဒါကြောင့် သူ့ဖခင်ဟာ သူ့အကူ အညီနဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်နိုင်ခဲ့တယ်။ "ကျွန်မဟာ
ကျွန်မ ထက် အသက်ကြီးတဲ့ သူငယ်ချင်းတွေလိုပဲ နိုင်ငံ့ လက်ရွေးစင်ဖြစ်ပြီး နိုင်ငံကို ကိုယ်စားပြု
ချင်တယ်။ ဒါမှသာ ကျွန်မ တို့ မိသားစု အဆင့်အတန်းမြင့်မြင့် နေနိုင်ပြီး ဆင်းရဲတွင်းက လွတ်
မြောက် မယ်။ ဒါဟာ မိဘတွေကို ကူညီနိုင်မယ့် တစ်ခုတည်းသော လမ်းဖြစ်တယ်" လို့ သူက
ပြောခဲ့တယ်။

မိဘကျေးဇူးကို နားလည်တဲ့ ကလေးမလေး အခုတော့ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး မိဘတွေနဲ့ တိုင်းပြည်
ကို ကျေးဇူးတွေ ပေးဆပ်နိုင် ပါပြီ။ တကယ်တော့ ဆယ်ကျော်သက်ရွယ် အင်သာနွန်ဟာ တရုတ်နိုင်
ငံမှာ ကျင်းပ သွားတဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာ့ကြက်တောင် ချန်ပီယံပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ဗိုလ်
လုပွဲမှာ လက်ရှိ အိုလံပစ် ရွှေတံဆိပ် ဆုရှင်နဲ့ ကမ္ဘာ့နံပါတ်တစ် လီရွှယ်ဝေ ကို နှစ်ပွဲတစ်ပွဲနဲ့နိုင်ပြီ
ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ပထမဦးဆုံး ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့တယ်။

ဖိုင်နယ်ပွဲမှာ သုံးပွဲစလုံးဟာ နှစ်ဦးစလုံး ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့ ကြံ့ခိုင်မှု တွေရဲ့ တိုက်ပွဲဖြစ်
တာကြောင့် ရင်ဖိုဖွယ်ကောင်းပါတယ်။ အင်သာနွန်ဟာ သူ့ထက် အတွေ့အကြံုများတဲ့ ပြိုင်ဘက်
ကို သူ့ရဲ့ ဆန်းသစ်ခေတ်မီပြီး ကျွမ်းကျင် ပါးနပ်တဲ့ ရိုက်ချက်မျိုးစုံနဲ့ လီရဲ့ ကွင်း ရှေ့နောက် ဘေး
အလယ်တွေကို မနား တမ်း ပြေးလွှားကစားစေကာ အမှတ် ယူနိုင်ခဲ့တယ်။

အင်သာနွန်ဟာ ပထမပွဲမှာ ၁၂၁၉ မှတ်နဲ့ လီက အနိုင်ရဖို့ နှစ်မှတ်အလိုမှာ နောက်ကလိုက်ပြီး
အမှတ်တွေရယူကာ အနိုင်ရခဲ့တယ်။ မျက်နှာထားတင်းတဲ့ လီဟာ သွားစေ့ ပြီး ပြံုးတတ်တဲ့
အင်သာနွန်ကို ဒုတိယ ပွဲမှာ အနိုင်ရိုက်သွားတယ်။

ဒါပေမဲ့ သိပ်ပြီးခေါင်းအေးတဲ့ ထိုင်းမယ်လေးဟာ နောက်ဆုံးပွဲမှာ ခိုင်မာတဲ့စိတ်ဓာတ် နဲ့ သက်လုံ
ကောင်းမှုတွေကြောင့် ရှေ့ကဦးဆောင်ပြီး၂၂၁၄ မှတ်နဲ့ အပြတ်အနိုင်ရသွားခဲ့တယ်။ ပွဲအပြီးမှာတော့
အင်သာနွန်ဟာ ကွင်းလယ်မှာ မျက်ရည်လည်ရွဲနဲ့ ဒူးထောက်အောင်ပွဲခံသွားတယ်။

အဲဒီနောက် သူ့ကိုချီးကျူးဩဘာပေးနေတဲ့ ပရိသတ်ဘက်လှည့်ပြီး လေးဖက်လေးတန်ကို ထိုင်းရိုး
ရာအတိုင်း လက်အုပ်ချီသွားခဲ့ပါတယ်။ သူ့ကို ချီးကျူးစရာ တစ်ကွက်ကတော့ သူဟာ အားကစား
သမား စိတ်ဓာတ်အပြည့်အဝရှိတယ်။ သူ့အမှတ်ပေးရရင် စိတ်ပျက်တဲ့ မျက်နှာမပြဘဲ ပြံုးနေ တယ်။

ဖိုင်နယ်တုန်းက သူရိုက်တဲ့ ကြက်တောင် လီကို ထိသွားတော့ သူလက်အုပ်ချီပြီး တောင်းပန်ခဲ့တယ်။
အကြိုဗိုလ်လုပွဲတုန်းက သူနဲ့ စပိန်နိုင်ငံ သူ ယှဉ်ပြိုင်ရာမှာ စပိန်နိုင်ငံသူရဲ့ ကြက်တောင် သူ့ကိုထိ
တော့ သူပြံုးပြံုး လေး ခံယူသွားတယ်။

ဒါဟာ အင်သာနွန် ရဲ့ ချီးကျူးစရာကောင်းတဲ့ အားကစားသမားကောင်း စိတ်ဓာတ်ပါ။ "ဒီပွဲမတိုင်
မီက ထိပ်သီးကြက်တောင် မယ်နဲ့ ယှဉ်ရမှာ စိုးရွံ့မိပါတယ်။တကယ် ကျတော့ ဒီစိတ်ဓာတ်တွေ
ပျောက်ခဲ့ပါတယ်။ ဒီပွဲမှာ လီဟာ အကောင်းဆုံး ပုံစံမရခဲ့ပါဘူး။ သူစိတ်လှုပ်ရှားနေပုံ ရတယ်။
ကျွန်မကတော့ သက်သောင့်သက်သာပါပဲ။ လီနဲ့ ငါးကြိမ်တွေ့ရမှာ လေးကြိမ်တောင် ရှုံးခဲ့တယ်။
ဒီနေ့ပွဲ ကျွန်မသူ့ကိုနိုင်တာ အံ့ဖွယ် သရဲ ထူးထူးကဲကဲ ဖြစ်မိပါတယ်။ ဒီအောင်ပွဲ ကို ထိုင်းမိဖုရား
ကြီးနဲ့ သူ့မိခင်ဆီကို ယူဆောင်နိုင်ခဲ့ပါပြီ။ ကျွန်မရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။
ကျွန်မ နှစ်အတန်ကြာ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသမျှ ဒီပြိုင်ပွဲအဆုံးမှာ ကျွန်မ နောက်ဆုံး အောင်ပွဲ
ခံနိုင်ခဲ့ပါပြီ"လို့ သူကပွဲအပြီး ပြောသွားခဲ့တယ်။

ဒါကြောင့်လည်း သူ့မိခင်နိုင်ငံကို ပြန်အရောက်မှာ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ဟာ သူ့ကို
ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ ထိုက်ထိုက် တန်တန် ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အင်သာနွန်ကို သူ့နိုင်ငံအ
ကြီးအကဲနဲ့ နိုင်ငံတစ်ဝန်းက ဂုဏ်ပြုထိုက်ပါပေတယ်။ သူ့ရဲ့ နိုင်ငံတကာ ကြက်တောင်သမားဘဝ
ကို ကမ္ဘာ့လူငယ်ကြက်တောင် ချန်ပီယံ ပြိုင်ပွဲတွေကစခဲ့တယ်။

သူဟာ ၂၀၀၈ ခုနှစ် ကမ္ဘာ့ လူငယ်ချန်ပီယံပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းမှာ အသက် ၁၃ နှစ်အရွယ်
နဲ့ ၀င်ပြိုင်ရာမှာ ကွာတားဖိုင်နယ်ရောက်ခဲ့တယ်။ အဲဒီနောက် မလေးရှားနိုင်ငံ ကမ္ဘာ့လူငယ်ချန်ပီယံ
ပြိုင်ပွဲမှာ အသက် ၁၄ နှစ်အရွယ်မှာပဲ ကမ္ဘာ့ အသက်အငယ်ဆုံး ကမ္ဘာ့လူငယ် ချန်ပီယံဖြစ်ခဲ့တယ်။

၂၀၁၀ ပြည့်နှစ် မက္ကဆီကို ပြိုင်ပွဲမှာ သူ့ရဲ့ ကမ္ဘာ့လူငယ်ချန်ပီယံဘွဲ့ကို ဆက်ထိန်းပြီး ၂၀၁၁ ခုနှစ်
ထိုင်ဝမ် ကမ္ဘာ့လူငယ်ချန်ပီယံပြိုင်ပွဲမှာ အမျိုးသမီးတစ်ဦးချင်းမှာ တတိယအကြိမ်ဆက်သရဖူဆောင်း
ကာ ကမ္ဘာ့လူငယ်ချန်ပီယံပြိုင်ပွဲမှာ အအောင်မြင်ဆုံး ကြက်တောင်မယ် ဖြစ်လာခဲ့တယ်။

အင်သာနွန်ဟာ ကမ္ဘာ့လူငယ်ချန်ပီယံ သုံးနှစ်ဆက်တိုက် ဖြစ်ခဲ့လို့ အသက် ၁၆ နှစ်ကျော် အရွယ်
မှာ ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး အမျိုး သမီး အားကစားသမားဆုကို ချီးမြှင့်ခြင်းခံရတယ်။ သူဟာ
အဲဒီနှစ်တွေနဲ့ ၂၀၁၂ ၂၀၁၃ ခုနှစ် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ တစ်ဦးချင်းနဲ့ အသင်းလိုက် ၀င်ပြိုင်ရာ
မှာ ရွှေ၊ ငွေ၊ ကြေးတံဆိပ် တွေ ရခဲ့တယ်။ ပြီးခဲ့တဲ့ ဂျကာတာ ဆီးဂိမ်းမှာ အမျိုးသမီးအသင်းလိုက်
ရွှေရခဲ့တယ်။

တစ်ဦးချင်းမှာ ကြေးတံဆိပ်ရခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် အာရှ အားကစားပွဲ အမျိုးသမီးအသင်း
အလိုက် ငွေရခဲ့ တယ်။ ၂၀၀၉ ခုနှစ် လာအိုဆီးဂိမ်း အမျိုးသမီးတစ်ဦးချင်းမှာ ငွေတံဆိပ် ရခဲ့တယ်။
သူ့ရဲ့ အဓိကပစ်မှတ်ကတော့ အိုလံပစ် ရွှေတံဆိပ်ဖြစ်ပါတယ်လို့ ဆိုတယ်။ တောက်မယ့် မီးခဲရဲရဲ
လေးကတော့ အမိနိုင်ငံကို အားကစား အလင်းရောင်တွေ ထွန်းညှိခဲ့ပါပြီ။ သူ့အရပ်အမောင်းနဲ့
ကိုယ်အလေးချိန် က ကျွန်တော်တို့ မြန်မာအားကစား မောင်/မယ်တွေလောက်ပဲ ဖြစ်ပါ တယ်။

ဒါပေမဲ့ သူကြက်တောင် ကျွမ်းကျင် နေတာက ဆယ်ကျော်သက်မတိုင်မီ အားကစားကို တစိုက်
မတ်မတ်နဲ့ ရူးရူးမူးမူး ကစားခဲ့လို့ပါ။ ကျွန်တော် တို့ဆီက လူငယ်လေးတွေလည်း အပတ်တကုတ်
ကြိုးစားကြရင်း အင်သာနွန်လို ကမ္ဘာ့ချန်ပီယံ အဖြစ်နဲ့ နိုင်ငံ့ဂုဏ် ကို ဆောင်နိုင်ကြ ပါစေဗျာ။



ဖတ်ရှုမှုအများဆုံး