မန်စီးတီး - ဟားလ်စီးတီး
ပြီးခဲ့တဲ့တစ်ပတ်က မန်စီးတီးအသင်းဟာတန်းတက်အသင်းလေးကာဒစ်ဖ်ကို ရှုံးသွားတာကတော့
အတော့်ကိုနစ်နာသွားခဲ့ပါတယ်။ အခုပွဲက အိမ်ကွင်းဆိုတော့ မန်စီးတီးဂိုးပြတ်မယ်လို့ ထင်စရာဖြစ်
နေပါတယ်။ ဟားလ်စီးတီးကိုလျှော့တွက် လို့မရပါဘူး။ သုံးဂိုးပြတ်ဖို့ခက်တာကြောင့် ဟားလ်စီးတီး
ကိုရွေးရမှာပါ။
ကာဒစ်ဖ် - အဲဗာတန်
ကာဒစ်ဖ်ရဲ့ နှစ်ပွဲဆက်တိုက်အိမ်ကွင်းကစားရမှုပဲဖြစ်ပါတယ်။ အခုပွဲမှာ ကာဒစ်ဖ်တက်တက်ကြွ
ကြွကစားလာဦးမယ့်ပွဲဖြစ်ပါတယ်။ဒါပေမဲ့ အဲဗာတန် နောက်တန်းကစားသမားတွေက အကောင်း
ဆုံးကစားနိုင်နေပါတယ်။ ကာဒစ်ဖ် တိုက်စစ်ဖွင့်ကစားနိုင်တာကြောင့် ကွင်းလယ်ကစားပုံကောင်း
တဲ့အဲဗာတန် ကိုကြိုက်ပါတယ်။
နယူးကာဆယ် - ဖူလ်ဟမ်
နယူကာဆယ်တို့ ပြီးခဲ့တဲ့အပတ်က ၀က်စ်ဟမ်းကို ဂိုးမသွင်းနိုင်ဘဲသရေသာ ကစားနိုင်ခဲ့ပါတယ်။
ဖူလ်ဟမ်က ကွင်းလယ်ဖြည့်ထားပေမယ့် စကော့ပါကာ၊ တာရစ်တို့အထိုင်မကျသေးတာတွေ့ရပါ
တယ်။ဖြတ်တင်ဘောတွေပဲ အားပြုကစားနေတဲ့ ဖူလ်ဟမ်ကို နယူးကာဆယ်အနိုင်ကစားသွားပါ
လိမ့်မယ်။
၀က်စ်ဟမ်း - စတုတ်
၀က်စ်ဟမ်းဟာ နှစ်ပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးဘဲ လေးမှတ်ရထားပါတယ်။ အိမ်ကွင်းဆိုရင်
၀က်စ်ဟမ်းကစားအားကောင်းတာတွေ့ရပါတယ်။ဒါပေ မဲ့စတုတ်ကလည်းအတွေ့အကြုံရင့်တဲ့
အသင်းဖြစ်လို့ လျှော့တွက်လို့မရပါဘူး။ သရေနဲ့ပြီးသွားပါလိမ့်မယ်။
ခရစ္စတယ်ပဲလေ့စ် - ဆန်းဒါးလန်း
ဒီနှစ်သင်းစလုံးနိုင်ပွဲမရကြသေးတဲ့အသင်းတွေဖြစ်ပါတယ်။ ခံစစ်အားကို ကြည့်ရင်လည်း နှစ်သင်း
စလုံးဂိုးတွေပေးနေကြရပါတယ်။ တစ်ခုရှိတာက ကစားသမားအနေအထားမှာ ဆန်းဒါးလန်းက
ပိုသာနေတာတွေ့ရပါတယ်။ ဆန်းဒါးလန်းနိုင်ပွဲတွေ့သွားနိုင်တဲ့ပွဲဖြစ်ပါတယ်။
၀က်စ်ဘရွန်း - ဆွမ်ဆီး
နှစ်သင်းစလုံးနိုင်ပွဲမရကြသေးပါဘူး။ ၀က်စ်ဘရွန်းက သရေတစ်ပွဲတော့ ကစားထားပါတယ်။
ဆွမ်ဆီးက နှစ်ပွဲဆက်တိုက်ရှုံးထားပေမယ့် အခုပွဲက မန်ယူ၊ စပါးတို့လောက် မြင့်တဲ့အသင်း
မဟုတ်လို့ ကစားလို့ရနိုင်ပါတယ်။ ပြင်ဆင်ထားတဲ့အားမှာလည်း ကောင်းနေသလို့၊ ဆွမ်ဆီးနိုင်
ပွဲစတင်တွေ့နိုင်ပါတယ်။
နော်ဝစ်ချ် - ဆောက်သမ်တန်
နော်ဝစ်ချ်ဟာ အခုထိနိုင်ပွဲမတွေ့သေးပါဘူး။ အိမ်ကွင်းမှာ အဲဗာတန်ကို သရေကစားထားပါတယ်။
ဆောက်သမ်တန်က နှစ်ပွဲကစားအပြီးမှာလေးမှတ်ရ ထားပါတယ်။ နော်ဝစ်ချ်အနေနဲ့ နိုင်ပွဲစတွေ့ဖို့
အတွက် အခုပွဲမှာ ကစားအား တင်လာနိုင်ပါတယ်။ နော်ဝစ်ချ်ကိုကြိုက်မိပါတယ်။
လီဗာပူး - မန်ယူ
ချယ်လ်ဆီးနဲ့ကစားအပြီးမှာ လီဗာပူးကို အဝေးကွင်းကစားရတာဖြစ်လို့မိုယက်စ် အတွက်ရုန်းကန်
ရမယ့်ပွဲပဲ ဖြစ်ပါတယ်။ လီဗာပူးက နှစ်ပွဲကစား၊ နှစ်ပွဲစလုံး နိုင်၊ ပေးဂိုးမရှိသေးတဲ့အသင်းဖြစ်နေပါ
တယ်။ လီဗာပူးနဲ့တွေ့ရင်မန်ယူကစားရ ခက်လေ့ရှိပါတယ်။ ဒီပွဲမှာသေချာတာကဂိုးပေါင်းဖြစ်ပါ
တယ်။ အပေါ်သွားမယ်လို့ယုံကြည်နေမိပါတယ်။
အာဆင်နယ် - စပါး
အာဆင်နယ်က နှစ်ပွဲဆက်တိုက် လန်ဒန်ဒါဘီပွဲကစားရတာဖြစ်ပါတယ်။ အိမ်ကွင်းပွဲတွေမှာ
အာဆင်နယ် အခုထိ ရလဒ်ကောင်းမရသေးလို့ ရချင်နေပါတယ်။စပါးက နှစ်ပွဲဆက်တိုက်နိုင်ခဲ့
ပေမယ့် ရတဲ့ဂိုးတွေက ပင်နယ်တီတွေကနေ ရတာ ဖြစ်ပါတယ်။ မနှစ်က ဂိုးပြတ်ရှုံးသလိုပဲဒီနှစ်
မှာ စပါးထပ်ရှုံးပါလိမ့်မယ်။














