အပြောင်းအရွှေ့ရာသီက ကလပ်အသင်း တွေရဲ့ ထိပ်တန်းအဆင့်စီမံခန့်ခွဲသူ တွေ အားပြိုင်ကြ
တဲ့ရာသီတစ်ခုပဲဖြစ် ပါတယ်။ ကစားသမားဆိုတဲ့ နာစူသပနန တွေကိုသုံးနိုင်ဖို့၊ ကလပ်အသင်းရဲ့
ငွေးကြေးရေးရာပိုင်း တောင့်တင်းလာဖို့ ထိပ်တန်းအဆင့်ရှိသူတွေကစားကြတဲ့ရာသီပဲဖြစ်ပါတယ်။
ဒီလိုဖြစ်နေ ခြင်းကိုက ပရော်ဖက်ရှင်နယ်ဖြစ်နေမှု ပဲ ဖြစ်ပါတယ်။ ကလပ်အသင်းတိုင်းရဲ့ CEO
တွေ၊ MD တွေဟာ ရာသီသစ် တိုင်းမှာ သူတို့ကလပ်အတွက် ပန်းတိုင် တွေ ချမှတ်ထားပြီးဖြစ်
သလို ငွေကြေးပိုင်းမှာလည်း ဘယ်အတိုင်းအတာမှာဘယ်လောက်အရှုံးခံ၊ ဘယ်နှစ်ပိုင်းမှာ ဆို
ရင် ဘယ်လောက်အမြတ်ပေါ်ဆိုတဲ့ Planning တွေ ရေးဆွဲပြီး ဘောလုံး စီးပွားရေးကို လုပ်
နေကြတာပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ပရော်ဖက်ရှင်နယ်လိဂ် ဆိုတာ ကစားသမားနဲ့ မန်နေဂျာ
တွေ ချည်း အဓိကကျတာမဟုတ်ပါဘူး။
ထိပ်ပိုင်းအဆင့်ရှိသူတွေမှာပါ အဓိကကျတဲ့ ဘောလုံးကစားနည်းအခြေခံ စီးပွားရေးလုပ်ငန်းတစ်ခု
ပဲဖြစ်ပါတယ်။ ဒီရာသီမှာ ဘောလုံးစီးပွားရေးနဲ့ ပတ်သက်ပြီး ထိပ်ပိုင်းအဆင့်ကစားကြ သူတွေထဲ
မှာတော့ အင်္ဂလန်ပရီမီယာ လိဂ်က လန်ဒန်မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ တော့တင်ဟမ်ဟော့
စပါး အသင်းကတော့ အအောင်မြင်ဆုံး အသင်းဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
သူတို့ ရဲ့ကစားသမား ဂါရတ်ဘေးလ်ကို အကြောင်းပြုပြီး စပါးရဲ့ထိပ်ပိုင်း အကြီးအကဲဖြစ်သူ
ဒန်နီယယ်လီဗိုင်း အကောင်းဆုံး ကစားပြလိုက်တာ ကြောင့် အခုဆိုရင် တော့တင်ဟမ်ဟော့
စပါးဟာ ဥရောပရဲ့ငွေးကြေးတောင်းတင်းသောဘောလုံးအသင်းဘဝကို ရောက်ရှိလာနေပြီဖြစ်
ပါတယ်။
ဒန်နီယယ်လီဗိုင်းဟာ London Business School ကနေ မာစတာ ယူလာခဲ့ပြီး ပရီမီယာလိဂ်
ဘောလုံး စီးပွားရေးလောကထဲကို ရောက်လာခဲ့သူဖြစ်ပါတယ်။ ခပ်မှိန်မှိန်နဲ့ ဘဝစတင် ခဲ့ပေမယ့်
လွန်ခဲ့တဲ့နှစ်နှစ်လောက်က စပြီး သူ့ကိုစီးပွားရေးထိပ်တန်းအသိုင်း အဝိုင်းက သတိထားမိလာခဲ့ကြ
ပါတယ်။
ဒီနှစ်မှာတော့ သူဟာ အပြောင်းအရွှေ့ရာသီမှာ အကောင်းဆုံးစီမံမှု တွေနဲ့ ကစားပြလိုက်လို့ စပါး
ဟာ ထိပ်တန်းအဆင့်ထဲကို ရောက်လာ လိုက်တာပဲဖြစ်ပါတယ်။ ပေါင် ၈၅ သန်း နဲ့ ရီးယဲလ်မက်
ဒရစ်က ကမ်းလှမ်းလိုက်ချိန် အစောပိုင်းမှာ သူဟာ အင်တင်တင် လုပ်နေခဲ့ပြီးပေါင် သန်းတစ်ရာ
ဈေး ဆိုလိုက်ခြင်းနဲ့ စတင်ကစားလိုက်တာက အခု တော့ ကွန်ထရာအိုဆိုတဲ့ကစားသမားတစ်
ယောက်ကို အပိုဆောင်း ရရှိဖို့ အသာစီးရယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စပါးရဲ့
၀န်ထမ်းတွေက ဂါရတ်ဘေးလ်ကို ရ၇ ဧကရှိတဲ့ ထရိန် နင်ကွင်းကြီးလို့ နောက်ပြောင် ပြောဆို
တဲ့အထိကို ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဘေးလ်ကို ပေါင်သန်း ၈၀ ကျော်ပေးဝယ်ခြင်းကိုပဲ နောက်ထပ်အလိုက်တစ်ခုရအောင်လုပ်နိုင်တာ
ကို က သူ့ရဲ့အရည်အသွေးပဲဖြစ်ပါတယ်။ရာသီကြိုတစ်လျှောက်လုံး ဂါရတ် ဘေးလ်ကို လုံးဝမသုံး
ဘဲ ဒဏ်ရာရနေသလို ဘာလိုလိုနဲ့ 'ဥ'ထားနေတာက လည်း သူ့ရဲ့စီမံမှုတွေပဲဖြစ်ပါ တယ်။
မနှစ်က ရာသီအကုန်မှာ သူ့ရဲ့နည်းပြ ဘိုအာ့စ်က အား ကစားဒါရိုက်တာ တစ်ယောက်လိုအပ်
တယ်လို့ ပြောဆိုလိုက်တာ နဲ့ သူဟာချက်ချင်းပဲ ရိုးမား ကလပ်မှာ အားကစား ဒါရိုက်တာလုပ်
နေတဲ့ ဘယ်ဒီနီကိုအားကစား ဒါရိုက်တာအဖြစ် အမြန် ဆုံး ခေါ်ယူခန့်အပ် လိုက်ပြီး စပါးရဲ့အနာ
ဂတ်ကို တည်ဆောက်ဖို့ စတင်ပြင်လိုက်ကလည်း ထိရောက်မှုရှိသွားခဲ့ပါတယ်။
အီတလီလူမျိုး ဘယ်ဒီနီဟာ အောင်မြင်တဲ့ နည်းစနစ်ဒါရိုက်တာ ဖြစ်ပြီး သူ့ရဲ့ကစားသမားရှာဖွေ
မှု နြအတသမု က ကြီးမားကျယ် ပြန့်လွန်းသူတစ်ယောက် ဖြစ်ပါတယ်။ ရီးယဲလ် မက်ဒရစ်မှာ
လုပ်ကိုင်ခဲ့ သလို အင်္ဂလန်လက် ရွေးစင်အသင်းမှာလည်း ကာပယ် လိုရဲ့ အထွေထွေမန်နေဂျာ
အဖြစ် လုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
စပါးကိုနည်းစနစ် ဒါရိုက်တာအဖြစ် နဲ့ ရောက်လာတဲ့ အခါမှာတော့ လီဗိုင်း ဟာသူ့မိသားစုနဲ့ ကာ
လီဖိုးနီးယားမှာ အေးအေးဆေးဆေးအနားယူနေပြီး ဘယ်ဒီနီကတော့ ကစားသမားရှာပုံတော် ဖွင့်
နေသလို ဂါရတ်ဘေးလ် အပြောင်းအရွှေ့ပုံပြင်ကို ဆက် လက် ဖန်တီး နေခဲ့သူဖြစ် ပါတယ်။
ဘေးလ်ဟာ အခုထိ ရီးယဲလ်မက်ဒရစ်ကို မရောက်သေးပေမယ့် အပြောင်းအရွှေ့က ပြီး
သလောက်ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာစပါးကို ကစားသမားတွေ တစ်ယောက်
ပြီး တစ်ယောက်ခေါ်နေခဲ့သလို ကစား သမားတွေကိုလည်း ရောင်းထုတ်ခြင်း တွေလုပ်ပြီး ပြောင်း
လဲပစ်နေခဲ့တာပဲဖြစ်ပါတယ်။ စပါးမှာ ကွင်း လယ်က စကော့ပါ ကာ၊ ဒမ်ဆေး၊ ဟတ်ဒယ်စတုန်း၊
ကော်လ်ကာ၊ လီဗာမိုး၊ ဂါးလက်စ်တို့ မရှိကြ တော့ပါဘူး။ ဘေးလ်ကလည်း ထွက်ခွာသွားတော့
မှာမို့ စပါး ကွင်းလယ်ဟာ အသစ်တစ်ခုလို ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
အသစ်ရောက်လာသူတွေက ပေါ်လင်ညို၊ ချက်လီ၊ ကာပူ၊ ဆိုလ်ဒါဒိုတို့ပဲဖြစ်ပါ တယ်။ ဒီကစား
သမားလေးယောက်ကို ပေါင် ၅၇ ဒသမ ၆ သန်းသုံးသွားခဲ့တာ ပါ။ စပါးအနေနဲ့ ဒီလောက်ပဲ ရပ်
သွား မယ် ထင်ထားကြချိန်မှာ လာမယ်လာ တို့ကို ထပ်ခေါ်လိုက်လို့ စပါးဆိုတာတောင့်တင်းတဲ့
အသင်းဘဝကိုရောက် သွားပြီ ဖြစ်ပါတယ်။ ပေါ်လင်ညို၊ ဆမ်ဒရိုတို့ဟာ ဘရာဇီးလ်တွေဖြစ်နေပြီး
လာမယ်လာက အာဂျင်တီးနား ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။
ပေါ်လင်ညိုဟာ ကွန်ဖက်ဒရေးရှင်းဖလားမှာ ဘရာဇီးလ်အသင်းနဲ့ခြေစွမ်း ပြခဲ့တာကြောင့် ဘယ်ဒီ
နီဟာ မဆိုင်း မတွဘဲ ခေါ်လိုက်တာဖြစ်ပါတယ်။ဒါဟာ သူတို့ရဲ့ထူးခြားမှုဖြစ်ပါတယ်။ ၀ယ်ချင်တဲ့
ကစားသမားကို ချက်ချင်း ရအောင်ခေါ်ပြီး သူတို့ကရောင်းဖို့ဆိုရင် တော့ အကောင်းဆုံးကစားနေ
ကြသူ တွေပဲဖြစ်ပါတယ်။ ဒါတောင် ၀ီလျံကို ခေါ်ဖို့မှာ သူတို့ခံလိုက်ကြရပါသေး တယ်။
စပါးဟာ မနှစ်ကရာသီမှာ ဥရောပချမ်းသာသောအသင်းများမှာအဆင့်(၁၃)မှာ ရပ်တည်လာခဲ့ပြီး
၀င်ငွေ အရပ်ရပ်ဟာ ပေါင်၁၄၄ သန်း အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အချိန်မှာ ဘေးလ်ကို
ပေါင် သန်း ၉၀ နီးပါး ထပ်ပြီးရလာတဲ့အတွက် အသင်းကို အဆင့်မြှင့်ဖို့ အခုလို ကြိုးစားလိုက်
တာပဲဖြစ်ပါတယ်။
အသင်းအနေနဲ့ ရေတိုအတွင်းမှာ အောင်မြင်မှုရဖို့ ထက် ရေရှည်အောင်မြင်ဖို့အတွက် ရည်ရွယ်ပြင်
ဆင်ခြင်းဆိုတာကတော့ သေချာနေပါတယ်။ သူတို့ရဲ့ အဓိက ပြိုင်ဘက်အာဆင်နယ်ဟာ အခုထိ
ဘာငွေမှ မသုံးသေးချိန်မှာ စပါးက တော့ ငွေကြေးအများအပြားဝင်လာ သလို ငွေကြေးအများ
အပြားလည်း ပြန်လည်ရင်းနှီးမြှုပ်နှံထားတာက ဒီရာသီမှာ စပါးဟာမနှစ်ထက်ပိုပြီး တိုးတက်
လာဖို့ ရှိနေတာသေချာပါ တယ်။
အသင်းအနေအထားနဲ့ကြည့်လိုက်ရင်တော့ မန်နေဂျာဘိုအာ့စ်အနေနဲ့ ကွင်းလယ်ဟာ အသစ်
တစ်ခုဖြစ်သွား တာကြောင့် ပြင်ဆင်တည်ဆောက်ဖို့ အတွက် အချိန်တစ်ခုတော့ ပေးရဦးမှာဖြစ်
ပါတယ်။ လောလောဆယ်မှာ စပါးဟာ နှစ်ပွဲကစား၊ နှစ်ပွဲစလုံးနိုင်ထားပေမယ့် ကစားပုံက
အကောင်းဆုံးပုံစံ မျိုးမှာမရှိသေးပါဘူး။ အဓိကအချက် ကတော့ မနှစ်က အားထားသူတွေ
ထွက်သွားတာက ဘိုအာ့စ်အတွက်အသစ် ပြင်ဆင်ရာရောက်သွားတာကြောင့်ပဲဖြစ်ပါတယ်။
နှစ်ဂိုးသွင်း၊ ပေးဂိုးမရှိဘူးဆိုပေမယ့် သွင်းတဲ့နှစ်ဂိုး က ၀စနည ဏူပေ ကနေ သွင်းတာမဟုတ် ဘဲ
ပင်နယ်တီတွေကနေ ရခဲ့တာဖြစ်လို့ စပါးတိုက်စစ်အပေါ်မှာတော့ သံသယ ဖြစ်တုန်းပဲဖြစ်ပါတယ်။
ဆိုလ်ဒါဒိုကိုပဲ သုံးနေတာကိုကြည့်လိုက်ရင် ဒီဖိုး၊ အဒီဘာယောတို့အတွက်တော့ အရန် အင်အား
မှာပဲရှိနေမှာ သေချာနေပါ တယ်။ ဘိုအာ့စ်ဟာ ၄ဪ၂ဪ၃ဪ၁ ကစားကွက်ကိုပဲ သုံးနေ
တဲ့အတွက်ကြောင့် တိုက်စစ်မှူးထက် ကွင်းလယ်က ပိုပြီးအရေးပါနေခဲ့ပါတယ်။
ရိုးမားကစားသမားလာမယ်လာဟာ ဆိုလ်ဒါဒိုနောက်ကနေ နောက်ချန်အဖြစ် လိုက်ပါကစားရမယ့်
သူ ဖြစ်လာနိုင်ပြီး သူ့ရဲ့ခြေစွမ်းကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ မနှစ်က ဂါရတ်ဘေးလ် ဟာ
တောင်ပံကနေကစားခဲ့ရတာ မဟုတ်ဘဲ နောက်တိုက်စစ်မှူးနေရာက ကစားသွားတာကို သတိပြု
မိကြမှာပါ။
အခုလည်း ဘေးလ်မရှိတော့ရင် လာမယ်လာဟာ ဒီနေရာကို နေရာယူ လာဖွယ်ရှိနေပါတယ်။
လတ်တလောအခြေအနေမှာ စပါးဟာ အနိုင်ရ ပေမယ့် တိုက်စစ်ကစားအားမှာတော့ ထင်သ
လောက်ဖြစ်မလာသေးတာတွေ့ရပါတယ်။ ဒီအပတ်မှာတင် အာဆင်နယ်နဲ့ တွေ့နေလို့ စပါး
ဘယ်လို ဖြစ်မလဲဆိုတာ တွေ့ရတော့မှာဖြစ်ပါ တယ်။
သေချာတာကတော့ နွေရာသီအပြောင်းအရွှေ့ ကလပ်အသင်းတွေရဲ့ ထိပ်ပိုင်းဦးဆောင်သူတွေ
ကစားတဲ့ပွဲမှာတော့စပါးဟာ အောင်မြင်မှုရသွား တဲ့ အသင်းဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ ကျန်တာ
တွေကတော့ မန်နေဂျာဖြစ်သူ အပိုင်းလို့ပဲ ယူဆနေမိပါရဲ့...။















