အမေရိကန်နှင့် ဥရောပဂေါက်သီး အကျော်အမော်များ ယှဉ်ပြိုင်လေ့ရှိ သည့် ရိုက်ဒါဖလားပြီး
နောက် ဥရောပ နှင့် အာရှမှ ထိပ်တန်းဂေါက်သီးသမား များ နှစ်နှစ်တစ်ကြိမ်ယှဉ်ပြိုင်မည့်
အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ အသစ်တစ်ခုကို မလေးရှားနိုင်ငံတွင် ကျင်းပတော့မည်ဟု
ပြိုင်ပွဲကျင်းပရေး အရာရှိများက ပြောသည်။
အာရှတိုးနှင့် ဥရောပတိုးတို့က စီမံ ကွပ်ကဲသည့် ဒေါ်လာလေးသန်းတန် ယူရိုအေးရှားဖလား
သည် လာမည့် မတ်လ ၂၈ ရက်နေ့တွင် စတင်မည်။တစ်ကျင်းချင်းရိုက်ချက် အနိုင်အရှုံး ရလဒ်
အပေါ် မူတည်သည့်ပုံစံဖြင့် ကျင်းပမည့် သုံးရက်ကြာပြိုင်ပွဲ၌ တစ်ဦး ချင်းပြိုင်ပွဲတွင် ဒေသတွင်းမှ
ဂေါက်သီး ထိပ်သီး ၁၀ ဦးစီ ပါ၀င်ကြမည်။
ပြိုင်ပွဲသစ်အပြင် စိတ်လှုပ်ရှားဖွယ် တိုက်အလိုက်ပြိုင်ဘက်များ ယှဉ်ပြိုင် ကြမည်ဖြစ်သဖြင့်
ရိုက်ဒါဖလားကဲ့သို့ ပင် ထင်ရှားကျော်ကြား၍ ဆွဲဆောင်မှု ရှိမည့်ပြိုင်ပွဲတစ်ရပ် ပေါ်ပေါက်လာ
တော့မည်ဟု မျှော်လင့်ထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။
ယူရိုအေးရှားဖလားပြိုင်ပွဲသည် ၄၅ နိုင်ငံကျော်နှင့် လူနေအိမ် သန်း ၆၇၀ ကို တိုက်ရိုက်ရုပ်သံလွှင့်
ထုတ်ပြသမည် ဟု ၎င်းတို့က ပြောသည်။ "ယူရိုအေးရှားဖလားဟာ ပြိုင်ပွဲရဲ့ မှန်ကန်တဲ့စိတ်ဓာတ်
အတွင်းမှာပဲ တိုက်ကြီးနှစ်ခုက ထိပ်တန်းဂေါက်သီး သမားတွေဟာ သူနိုင်ကိုယ်နိုင် အပြိုင် ကြဲဖို့
အတွက် အကြိတ်အနယ် ပွဲကြီး ပွဲကောင်းတွေ နွှဲကြမှာပါ။
ဒါ့ပြင် သူတို့ ဟာ ဂုဏ်သိက္ခာ၊ ရိုးသားမှု၊ အပြစ် ကင်းစင်မှုစတဲ့ ဂေါက်သီးရဲ့တန်ဖိုးတွေ ကို ပြသ
ပါလိမ့်မယ်"ဟု အာရှတိုး ဥက္ကဋ္ဌ ဦးကြည်လှဟန်က ပြောသည်။
ရိုက်ဒါဖလားသည် အမေရိကန်နှင့် ဥရောပဂေါက်သီးများပြိုင်ပွဲကြား နှစ်နှစ် တစ်ကြိမ်ကျင်းပသည့်
ပြိုင်ပွဲပင်ဖြစ်၍ သမ္မတများဖလားသည် ဥရောပဂေါက် သီးသမားများမပါ၀င်ဘဲ အမေရိကန် ဂေါက်
သီးသမားများနှင့် နိုင်ငံတကာ အသင်းတို့ ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲကိုစတင်ရန် တိုးနှစ်ခုဖြင့်
ပုံဖော်ခဲ့သည့် ယူရိုအေးရှားဒါရိုက်တာ ချာလီတင်ဂေးက ပြိုင်ပွဲသည် အာရှ ဂေါက်သီးသမား
များစွာကို ကမ္ဘာ့အဆင့် သို့ တွန်းတင်ပေးသည်ဟု မျှော်လင့်ရ ကြောင်းပြောသည်။
မလေးရှားနိုင်ငံ ဒီအာရ်ဘီဪဟိုင်ကွန်း (DRBD-Hicom) က ကမကထပြုသည့် ပြိုင်ပွဲသည်
အမေရိကန်၌ ကျင်းပမည့် မာစတာပြိုင်ပွဲမတိုင်မီ တစ်လအလို တွင် ကျင်းပမည်ဖြစ်သဖြင့် အချိန်
နည်း ၍ ဥရောပဂေါက်သီးသမားများအား ဆွဲဆောင်ရန် ခက်ခဲမည်ဆိုသည့် အချက်ကို တင်ဂေး
က ငြင်းပယ်ခဲ့သည်။
ဗိုလ်စွဲသည့်အသင်းမှ ဂေါက်သီး သမားများသည် တစ်ဦးလျှင် ဒေါ်လာ သုံးသိန်းစီနှင့် ဒုတိယ
ရသည့်အသင်းမှ ကစားသမားများသည် ဒေါ်လာ တစ်သိန်းစီ ရကြမည်။
(အေအက်ဖ်ပီ)















