ချယ်လ်ဆီးအသင်းက မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နေကို ၀ယ်ယူရန် ကြိုးပမ်းမှုကို နိဂုံးချုပ်ရတော့
မည်ဟု အင်္ဂါနေ့ နံနက် အစောကြီးက ကစားသောပွဲတွင် ဂိုးမရှိ သရေကျပြီးနောက် ချယ်လ်ဆီး
အသင်း မန်နေဂျာ မော်ရင်ညိုက အဆိုပြုပြော ကြားသွားခဲ့သည်။
မော်ရင်ညိုသည် အသက် ၂၇ နှစ် အရွယ်ရှိ ရွန်နေကို နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့သော်လည်း
မန်ယူက ပယ်ချခဲ့သည်။ ရွန်နေသည် အိုးလ် ထရက်ဖို့ဒ်တွင် ချယ်လ်ဆီးနှင့်ပွဲ၌ ပါ၀င် ကစားပြီး
နောက် ချယ်လ်ဆီးမန်နေဂျာ က အင်္ဂလန်လက်ရွေးစင်အသင်း ကြယ်ပွင့်ကို လက်မှတ်မထိုးတော့
ကြောင်း ၀န်ခံခဲ့သည်။ "ဒါဟာ အထူးပရိသတ်တွေနဲ့ ကလပ် အသင်းတစ်ခုပါ။
ဒါကြောင့် သူဒီအသင်း မှာ ဆက်နေချင်တယ်ဆိုတာ အခု ကျွန်တော်တွေးဆမိပါတယ်"ဟု
မော်ရင်ညိုက စကိုင်းစပို့ကိုပြောသည်။ "ဒါဟာ သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ရင် ကျွန်တော်တို့က
ဒီဆုံးဖြတ်ချက်ကို လေးစားရမယ်။ဒါကြောင့် ဒီကိစ္စ အဆုံး သတ်သွားပါပြီ။ အခုတော့ သူအသင်း
က ထွက်ခွာလိုတဲ့ဆန္ဒမရှိရင် ကျွန်တော် တို့လည်း ခေါင်းစားမခံတော့ပါဘူး။ ဒါပေမဲ့ ဘာတွေဖြစ်
နေသလဲဆိုတာ ကျွန်တော်တို့ သိထားဖို့လိုပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
နောက်ပိုင်း မော်ရင်ညိုက သတင်း ထောက်များကို ပြောကြားရာတွင် သူ့ အနာဂတ်နှင့်
ပတ်သက်ပြီး ဆုံးဖြတ်ရန် ရွန်နေကို သူ ၄၈ နာရီခန့် စောင့်ဆိုင်း မည်ဟု ပြောဆိုခဲ့သည်အပြင်
၎င်းက သူ့ဆန္ဒများနှင့်ပတ်သက်ပြီး သူပြတ် ပြတ်သားသား ကြေညာရန်တိုက်စစ်မှူး ကို
တောင်းဆိုထားသည်။
"ဇာတ်လမ်းကို စတင်တဲ့သူဟာ ဇာတ်လမ်းကို နိဂုံးချုပ်ရပါမယ်။ သူတို့ မရောင်းလိုတဲ့၊ မရောင်း
မယ့် ဘောလုံး သမားတစ်ဦးကိုဝယ်ဖို့ ကြိုးစားတဲ့အထိ မမိုက်မဲပါဘူး။ ချယ်လ်ဆီးဘက်ကရော၊
မန်ယူဘက်ကပါ ဒီဇာတ်လမ်းကို အဆုံး သတ်ဖို့ လူတိုင်းအတွက် အကောင်းဆုံး အချိန်ထင်
ကြောင်း"၎င်းက ဆက်ပြော သည်။
(အေအက်ဖ်ပီ)














