ဘာနေဗျူးမှာတော့ ရီးယဲလ်ကို ဘီလ်ဘာအို မယှဉ်နိုင်သေးဘူး

ဘာနေဗျူးမှာတော့ ရီးယဲလ်ကို ဘီလ်ဘာအို မယှဉ်နိုင်သေးဘူး

ရီးယဲလ်မက်ဒရစ် - ဘီလ်ဘာအို
လာလီဂါရဲ့ ဒီရာသီအစမှာတော့ ဘီလ်ဘာအိုဟာ အရှိန်ကောင်းကောင်း နဲ့ ပွဲထွက်လာနိုင်တာ
ကို တွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီက နည်းပြ ဘီယယ်ဆာလက်ထဲမှာ ရုန်းကန်ခဲ့ရတဲ့ ဘီလ်ဘာ
အိုဟာ ဒီရာသီအစမှာတော့ ဘီယယ်ဆာ နေရာ ဗယ်လ်ဗာဒီနဲ့အစားထိုးလိုက်ပြီး ရာသီအစကို
လည်း အကောင်းဆုံး ပွဲထွက်လာနိုင်ခဲ့တာ တွေ့ရတယ်။

ဘီလ်ဘာအိုရဲ့ဒီအင်န်အေဖြစ်တဲ့ ဗယ်လ် ဗာဒီဟာ အသင်းကိုပြန်ရောက်တာနဲ့အကောင်းဆုံး
ကိုင်တွယ်ပြနိုင်ခဲ့တယ်လို့လည်း ပြောလို့ရနေတယ်။ ဗယ်လ်ဗာဒီဟာ ၂၀၀၁-၀၂ ခုနှစ်မှာ ဘီလ်
ဘာအိုအသင်းရဲ့ လက်ထောက်နည်းပြတာဝန်စယူခဲ့ပြီး ၂၀၀၂ ခုနှစ် မှာတော့ အသင်းရဲ့ပထမ
နည်းပြဖြစ် လာခဲ့တယ်။

အသင်းကိုလည်း လူငယ်မျိုးဆက်သစ်တွေနဲ့ စတင်ဖွဲ့စည်းနိုင်ခဲ့ ပြီး ၂၀၀၅ ခုနှစ်မှာတော့ အသင်း
နည်းပြ ရာထူးက နုတ်ထွက်ကာဗီလာရီးယဲလ်ကို ပြောင်းရွှေ့သွားခဲ့သူပါ။ ပြည်ပကစားသမား
တစ်ဦးမှ မပါဘဲ စပိန်ကစားသမားတွေနဲ့ချည်း ဖွဲ့စည်း ထားတဲ့ ဘီလ်ဘာအိုဟာ ဗယ်လ်ဗာဒီနဲ့
အတူလက်တွဲခဲ့တဲ့ အီရာယိုလာ၊ ဂါပီဘီ၊ အီရိုင်ဇော့ စတဲ့ကစားသမားတွေ ရှိနေ ဆဲဖြစ်ပြီး လက်
ရှိအချိန်မှာတော့ ဒီအတွေ့အကြံုရှိ ကစားသမားတွေကို လူငယ်မျိုးဆက်သစ်တွေနဲ့ တွဲပြီးကစား
စေခဲ့လို့ ဘီလ်ဘာအိုဟာ အထိုင်ကျနေ ပြီလို့လည်း ပြောလို့ရပါတယ်။

ပြီးခဲ့တဲ့ ရာသီက အသင်းနဲ့ ဘီယယ်ဆာအကြား အဆင်မပြေမှုတွေ ရှိခဲ့တဲ့အပြင် အသင်းသား
တွေကြားထဲမှာလည်း စည်းလုံးမှု ပိုင်းအားနည်းခဲ့လို့ အသင်းဟာ ရလဒ် ပိုင်းအကျဘက်ကို ပြ
သွားတာပါ။

ဘီယယ်ဆာလက်ထက်မှာလည်း ဘီလ် ဘာအိုဟာ အသင်းလိုက်ဟန်ချက် ညီညီကစားနိုင်ခဲ့လို့
ယူရိုပါလိဂ်ပြိုင်ပွဲ ကိုတောင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ တဲ့အပြင် ဗိုလ်လုပွဲအထိပါ တက်နိုင် ခဲ့တဲ့
အထိ ခြေစွမ်းပြနိုင်ခဲ့တယ်။

ပြီးခဲ့ တဲ့ ရာသီကလည်း ယူရိုပါလိဂ်တစ်ဖက် နဲ့ ပြိုင်ပွဲဝင်ခဲ့ပေမယ့် အသင်းတွင်း ညီညွတ်မှု
အားနည်းခဲ့လို့သာ ဘီလ်ဘာ အိုရဲ့ရလဒ်ပိုင်း ကျဆင်းသွားခဲ့ရတာ ဖြစ်တယ်။ ဒါကြောင့် လက်ရှိ
နည်းပြ ဗယ်လ် ဗာဒီလက်ထက်မှာလည်း နည်းပြသစ် ဟာ အသင်းကိုသိပ်ပြီးအပြောင်းအလဲ
လုပ်စရာ သိပ်မလိုခဲ့ပါဘူး။

အသင်း အတွက် အားနည်းနေတဲ့စုစည်းညီညွတ် မှုအပိုင်းကိုသာ အဓိကထားပြုပြင်ပေး ရင်းနဲ့
အသင်းကလည်း ရာသီအစ ရလဒ်ပိုင်း ကောင်းလာခဲ့တာလို့ ပြောနိုင်တယ်။ အိုဆာဆူနာနဲ့
ဗယ်လာဒိုးလစ် အသင်းတွေကို နိုင်ထားတဲ့ ဘီလ်ဘာအို ရဲ့ ရာသီအစ ခြေစွမ်းအစစ်အမှန်ကို
စမ်းသပ်မယ့်ပွဲကတော့ အခုရီးယဲလ်နဲ့ ကစားရမယ့်ပွဲပါပဲ။

ရီးယဲလ်ကလည်း ရာသီအစမှာ ကစားပုံစုစည်းမှု အနည်း ငယ်လိုနေသေးပြီး အပြောင်းအရွှေ့
ဈေးကွက်မှာ လှုပ်ရှားမှုတွေများနေလို့ အသင်းရဲ့ခြေစွမ်းပိုင်းက တည်ငြိမ်မှု လိုနေပါသေးတယ်။

ဒါကြောင့် တည်ငြိမ် မှု လိုနေသေးတဲ့ရီးယဲလ်ကို ဘီလ်ဘာ အိုအသင်း ဘယ်လောက်အထိ ပြန်ပြီး
ခြိမ်းခြောက်နိုင်မလဲဆိုတာ စောင့်ကြည့် ရမယ့်အနေအထားမျိုးဖြစ်နေတယ်။ ရီးယဲလ်ဟာ နည်းပြ
သစ်အန်ဆယ် လော့တီလက်ထဲ တိုက်စစ်အားပြုပုံစံမျိုး နဲ့ကစားနေတာမှန်ပေမယ့် ကွင်းလယ်မှာ
ဇာဘီအလွန်ဆိုမကစားနိုင်သေး ချိန်မှာ ခံစစ်နဲ့ ကွင်းလယ်ကြား ဟာကွက် တွေများနေတယ်။

လူငယ်တွေကို ပွဲထုတ်ဖို့ ကြိုးစားနေပေမယ့်လည်း ကစားသမားသစ်တွေဟာ အသင်းနဲ့အံဝင်ဖို့
အတွက် ရုန်းကန်နေရသေးတာတွေ့ရတယ်။ အထူးသဖြင့် အာဘီလိုအာရဲ့နေရာမှာ ပွဲထုတ်ခံ
နေရတဲ့ ကာဘာရယ်ဟာ အသင်းခံစစ်ကြောင်း မှာ အံဝင်အောင် ကစားနိုင်စွမ်းမရှိ သေးတဲ့အပြင်
တိုက်စစ်နဲ့ ခံစစ် လိုက်ပါ တဲ့နေရာမှာလည်း ဟန်ချက်ညီမှုဖို့ လိုနေသေးတာကိုတွေ့ရတယ်။

လက်ရှိ ရီးယဲလ်ခံစစ်ကြောင်းမှာ ရာမို့စ်နဲ့ ပီပီတို့နှစ်ယောက်စလုံးကလည်း ကစားရှိန် မရသေးလို့
လား မပြောတတ်ဘူး၊ ခြေစွမ်းက ပုံမှန်အောက်ကိုရောက်နေ တယ်။ ဒီလိုအချိန်မျိုးမှာ ကွင်းလယ်
မှာ ခံစစ်ကို ရှေ့ကကာပြီးကစားနိုင်တဲ့ အလွန်ဆို မကစားနိုင်ချိန် ခီဒီရာကို ပွဲထုတ်တဲ့အခါ
ရီးယဲလ်ရဲ့ခံစစ်ပိုင်းဟာ အားနည်းမှုတွေ ပိုများလာတာ တွေ့ရ တယ်။ ဂရန်နာဒါနဲ့ပွဲမှာ ကစားပုံကို
သေချာမတွေ့ရသေးသလို ပွဲရလဒ်ကို လည်း မသိရသေးတဲ့အတွက် ရီးယဲလ် ရဲ့ ခြေစွမ်းဟာ
ဘယ်လောက်အထိ တိုးတက်မှု ပြနိုင်မလဲဆိုတာတော့ မှန်းဆလို့မရနိုင်သေးပါဘူး။

ဒီလိုအချိန်မှာ ဘီလ်ဘာအိုကတော့ ရီးယဲလ်ထက်စာရင် အသင်းလိုက်ပိုင်း မှာ တည်ငြိမ်စပြုနေ
တာကို တွေ့ရ တယ်။ လူငယ်တွေကိုအားပြုထားလို့ လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ပုံဖော်ကစားနိုင်
ပြီး တိုက်စစ်ပိုင်းမှာလည်း အဒူရစ်ဇ်အပါအဝင် မူနီယာအင်၊ ဆူဆေးတာနဲ့ ဒီမားကို့စ်တို့ဟာ အခွင့်
အရေးရရင် ဂိုးအဖြစ်ဖန်တီးနိုင်စွမ်း ပိုပြီးမြင့်မားလာကြတာကို တွေ့ရ တယ်။

ဒီအချက်ဟာ ခံစစ်ပိုင်း တည်ငြိမ် မှုလိုနေသေးတဲ့ ရီးယဲလ်မက်ဒရစ်ကို အဓိကခြိမ်းခြောက်နိုင်မယ့်
အချက် ပါပဲ။ ဒါပေမယ့် တိုက်စစ်ပိုင်းကို ပိုပြီး အားပြုကစားလေ့ရှိတဲ့အပြင် တစ်ဦး ချင်းဂိုးသွင်း
ယူနိုင်မှုအပိုင်းမှာလည်း ရော်နာဒိုလိုကစားသမားမျိုးရှိနေတဲ့ ရီးယဲလ်ကို ဘီလ်ဘာအိုခံစစ်ကြောင်း
က မနည်းထိန်းချုပ်ကစားရမယ့်အနေ အထားမျိုးမှာရှိနေပါတယ်။

ဒါ့ပြင် ဘာနေဗျူးကွင်းမှ ဒီနှစ်သင်းရဲ့ထိပ်တိုက် တွေ့ဆုံမှုရလဒ်ပိုင်းကိုကြည့်မယ်ဆိုရင် လည်း
ဘီလ်ဘာအိုဟာ ရီးယဲလ်ကို ယှဉ်နိုင်တဲ့အစဉ်အလာမျိုး သိပ်မရှိလှ ပါဘူး။ ပြီးခဲ့တဲ့ရာသီကတင်
ရီးယဲလ် ဟာ ဘီလ်ဘာအိုကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ယူထားပါတယ်။ဒါကြောင့် လည်း ရီးယဲလ်
နဲ့ ဂိုးအများကိုပဲ ရွေးထားရမယ့်ပွဲမျိုးလို့ထင်ပါတယ်။

အခြားပွဲစဉ်များ
ရာယို - လီဗန်တေး
အယ်လ်မီရီယာ - အယ်လ်ချီ
ဆယ်လ်တာ - ဂရန်နာဒါ
ဗယ်လာဒိုးလစ် - ဂီတာဖေး
အက်စ်ပန်ညို - ဘက်တစ်
ဆိုစီဒက် - အလက်တီကို
ဗလင်စီယာ - ဘာစီလိုနာ
ဆီဗီလာ - မာလာဂါ
အိုဆာဆူနာ - ဗီလာရီးယဲလ်



ဖတ်ရှုမှုအများဆုံး