ဂါရက်ဘေးလ်ကို စိတ်မဝင်စားပါဘူးဟု မပြောကြောင်း မိုယက်စ်ဆို

ဂါရက်ဘေးလ်ကို စိတ်မဝင်စားပါဘူးဟု မပြောကြောင်း မိုယက်စ်ဆို

မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က သူ့ကလပ်အသင်း သည်
တော့တင်ဟမ်ဟော့စပါး ရှေ့တန်း လူ ဂါရက်ဘေးလ်ကို ကမ်းလှမ်းမှု ပြုလုပ်ခြင်းမရှိသော်လည်း
ဘေးလ် အား စိတ်မဝင်စားဘူးဟု မပြောကြောင်း ဆိုသည်။

ဘေးလ်သည် စပိန်ဘောလုံးထိပ်သီး က လပေါင်းများစွာ ချဉ်းကပ်ပြီးနောက် ကမ္ဘာ့စံချိန် ပြောင်း
ရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ ရန် အဆင်သင့်ပင် ဖြစ်နေသည်။

သို့သော် ပြိုင်ဘက်ကလပ်အသင်း တစ်သင်းသည်လည်း စိတ်ပါ၀င်စားမှု ကို ပြသကြောင်း ဗြိတိ
သျှမီဒီယာတွင် တနင်္လာနေ့က သတင်းများ ထွက်ပေါ် လာခဲ့သည်။

သို့သော် မိုယက်စ်က "မန်ချက်စတာယူနိုက်တက်ဟာ အကောင်းဆုံး ဘောလုံးသမားတွေကို
စိတ်ဝင်စားလေ့ရှိပါတယ်။ ဒါ့ပြင် ဘုတ်အဖွဲ့နဲ့ ကျွန်တော်ကိုယ်တိုင်ကပဲ ကျွန်တော်တို့ က
အကောင်းဆုံးလို့ထင်တဲ့ ဘောလုံး သမားတွေကို လက်မှတ်ထိုးဖို့ မျှော်လင့် လေ့ရှိပါတယ်"ဟု
ပရီမီယာလိဂ် အိမ်ကွင်း ပထမဦးဆုံးပွဲအဖြစ် ချယ်လ်ဆီးနှင့် ဂိုးမရှိ သရေကျပြီးနောက် မန်ယူ
မန်နေဂျာ မိုယက်စ်က ပြောကြားသွား ခဲ့သည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး