အေစီကို ယုံကြည်လို့ မရသေးဘူး - အီတလီစီးရီးအေပွဲစဉ်(၂)

အေစီကို ယုံကြည်လို့ မရသေးဘူး - အီတလီစီးရီးအေပွဲစဉ်(၂)

အတ္တလန္တာ - တိုရီနို
ကက်ဂလီယာရီကွင်းမှာ အဖွင့်ဂိုး သွင်းခဲ့ပြီးမှ နှစ်ဂိုးဆက်တိုက်သွင်းခံလိုက်ရ လို့ အရေးနိမ့်ခဲ့တဲ့
အတ္တလန္တာတိုက်စစ်ကို လျှော့တွက်လို့မရပေမယ့် ခံစစ်ကြောင်း ကလည်း အားရစရာမရှိသေးဘူး။
တိုရီနိုကတော့ ပွဲဦးထွက် အိမ်ကွင်းမှာ နှစ်ဂိုး ပြတ်နိုင်လိုက်လို့ မျက်နှာပန်းလှသွားတယ်။ တိုရီနို
ဟာ အသင်းလိုက် 'မာ'ပြီး ခံစစ်လုံခြံုတယ်။ ဒါကြောင့် အတ္တလန္တာ နိုင်ခြေနည်းတယ်။

ဘိုလော့နာ - ဆမ်ဒိုးရီးယား
ပွဲဦးထွက် နာပိုလီကွင်းမှာ သုံးဂိုးပြတ်ရှုံးလိုက်လို့ ဘိုလော့နာ ဦးကျိုးသွားနိုင် တယ်။ ဒါပေမဲ့
ဘိုလော့နာဟာ အိမ်ကွင်း'မာ'ပြီး ရလဒ်ကောင်းတတ်တယ်။ ဆမ်ဒိုးရီးယားကလည်း ဂျူဗင်တပ်ကို
ရှုံးခဲ့ပေမယ့် ခြေစွမ်းကတော့သိပ်မဆိုး ပါဘူး။ တိုက်အားတိုးအားရှိတယ်။ ဆမ်ဒိုးရီးယားကို ပိုကြိုက်
တယ်။

ကာတာနီးယား - အင်တာမီလန်
၀ါရင့်တွေနဲ့ လူငယ်တွေကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ ကာတာနီးယားဟာ အိမ်ကွင်းစွာတဲ့
အသင်းဖြစ်ပေမယ့် အသင်းကြီးတွေကို ဒုက္ခကြီးကြီးမားမားပေးနိုင်တဲ့အနေအထားမှာ မရှိပါဘူး။
အင်တာမီလန်ဟာ လူငယ်လူသစ်တွေနဲ့ အသင်းကို ပြန်တည်ဆောက်နေရလို့ ခြေစွမ်းအမှန်ကို
မှန်းဆရခက်ပေမယ့် ပါ၀ါရော၊ တိုက်စစ်ပါ ထက်မြက်တယ်။ အင်တာမီလန်ကိုပိုကြိုက်တယ်။

ချီယေဗို - နာပိုလီ
ပါးမားကွင်းမှာ သရေခံကစားသွားတဲ့ ချီယေဗိုခြေစွမ်းကို လျှော့တွက်လို့ မရဘူး။ ဒါပေမဲ့ နာပိုလီ
ဟာ နည်းပြသစ် ဘင်နီတက်ဇ်လက်ထက်မှာ ပွဲဦးထွက် သုံးဂိုးပြတ်နိုင်လိုက်လို့ ယုံကြည်မှုရလာ
တယ်။ဟီဂူအင်ကို 'အထောင် တိုက်စစ်မှူး' ထားပြီး ၀ါရင့်ပန်ဒက်ဗ်နဲ့ ကယ်လီဂျွန်တို့က တောင်ပံ
တွေက ပံ့ပိုး ပေးတဲ့ ကစားကွက်က ဘိုလော့နာနဲ့ပွဲမှာ အလုပ်ဖြစ်ခဲ့တယ်။ ဒါကြောင့် နာပိုလီကို
ရွေးချယ်သင့်တယ်။

ဂျီနိုအာ - ဖီအိုရင်တီးနား
ပွဲဦးထွက် အင်တာမီလန်ကို နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ဂျီနိုအာဟာ တစ်ဦးချင်း ကောင်းသူတွေ
ပါ၀င်ပေမယ့် ခံစစ်ကို ဦးစားပေးလွန်းတယ်။ ဖီအိုရင်တီးနား ကတော့ တိုက်စစ်ထက်မြက်ပြီး
သားဖြစ်လို့ နောက်တန်းလုံခြံုမှုကိုပဲစောင့် ကြည့်ရမယ်။ ပုံမှန်အတိုင်းဆိုရင် ဖီအိုရင်တီးနားကို
ကြိုက်တယ်။

အေစီမီလန် - ကက်ဂလီယာရီ
ချန်ပီယံလိဂ်နဲ့ စီးရီးအေပွဲဦးထွက် အပါအဝင် နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက် နေတဲ့ အေစီမီလန်
ခြေစွမ်းက ယုံစားလို့မရသေးဘူး။ ကက်ဂလီယာရီကလည်း ပွဲဦးထွက် ချီယေဗိုနဲ့ ကစားသွားတဲ့
ခြေစွမ်းအရဆိုရင် စိတ်ဓာတ်မာကျောပြီး တိုက်စစ်အားကောင်းတယ်။ ကက်ဂလီယာရီကို ပိုကြိုက်
တယ်။

ရိုးမား - ဗီရိုနာ
လီဗော်နိုကွင်းမှာ ကစားသွားတဲ့ ခြေစွမ်းအရဆိုရင် ရိုးမားဟာ အသင်းလိုက် တည်ငြိမ်မှုရှိပြီး ကွင်း
လယ်ကစားကွက် ပိရိကောင်းမွန်နေတယ်။ ဗီရိုနာကလည်း တန်းတက်ဆိုပေမယ့် စီးရီးအေအတွေ့
အကြံုရှိသူတွေခေါ်ယူထားလို့လျှော့ တွက်လို့မရဘူး။ဒါပေမဲ့ အိမ်ရှင်အားသာချက်ရှိပြီးကွင်းလယ်
ကစားကွက် ကောင်းတဲ့ ရိုးမားတို့ သုံးမှတ်သေချာပါတယ်။

ဆက်စူအိုလို - လီဗော်နို
အဝေးကွင်းမှာ တိုရီနိုကို နှစ်ဂိုးပြတ်ရှုံးခဲ့တဲ့ တန်းတက်ဆက်စူအိုလိုကို အများကြီး မျှော်လင့်လို့
မရနိုင်ဘူး။ ဒါပေမဲ့ စီးရီးဘီမှာတုန်းကတော့ အိမ်ကွင်းစွာတယ်။ လီဗော်နိုကလည်း တန်းတက်
အသင်းဖြစ်ပြီး ခံစစ်ပေါက်တယ်။ ဒါကြောင့် အခြေ အနေအရ အိမ်ရှင်အားသာချက်ရှိတဲ့ ဆက်စူ
အိုလိုကို ပိုကြိုက်တယ်။

ယူဒီးနိစ် - ပါးမား
ယူရိုပါလိဂ်နဲ့ စီးရီးအေပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်းဖွင့်ကစားရာမှာ ဖိအား များပြီး ခြေစွမ်းပျောက်
သွားတဲ့ ယူဒီးနိစ်ကို စိတ်ချလို့မရဘူး။ ပါးမားကတော့ ပွဲဦးထွက် အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပေ
မယ့် အတွဲမိခဲ့ရင်ကြောက်ဖို့ကောင်း တယ်။ ယူဒီးနိစ်နိုင်ခြေနည်းတယ်။



ဖတ်ရှုမှုအများဆုံး