ဂျူဗင်တပ် - လာဇီယို
အီတလီဘောလုံးရာသီ ကွင်းဖွင့်ပွဲ ဖြစ်သော အီတလီ စူပါဖလားပွဲတွင် ယင်းတို့နှစ်သင်း ထိပ်တိုက်
တွေ့ဆုံခဲ့ရာ ဂျူဗင်တပ်က လေးဂိုးပြတ်နိုင်ခဲ့ သည်။ ယခုတစ်ဖန် ယင်းတို့နှစ်သင်း သည် ဂျူဗင်
တပ်ကွင်းတွင် ထပ်မံတွေ့ဆုံမည်ဖြစ်သောကြောင့် ဒဏ်ရာ ပင် မကျက်သေးသော လာဇီယို
အတွက် လက်စားချေရမည့် အခွင့်ကောင်းတစ်ခု ဖြစ်လာသကဲ့သို့ တစ်ဖက်တွင် ဂျူဗင် တပ်
အတွက်လည်း နောက်တစ်ကြိမ် 'နှိပ်ကွပ်'ဖို့ အကြောင်းဖန်လာသည်။
နှစ်သင်းစလုံးသည် စီးရီးအေပွဲဦး ထွက်တွင် နိုင်ပွဲများဖြင့် စတင်ခဲ့သော ကြောင့် ယုံကြည်မှုနှင့်
စိတ်ပိုင်းဆိုင်ရာ တို့ မြင့်မားသော အခြေအနေတွင် ရှိသည်။ ဂျူဗင်တပ်သည် အောင်မြင်မှု ကို
ဆာလောင်ပြင်းပြသည့်စိတ်ရှိသည့်အလျောက် ယခုပွဲတွင်လည်း 'ညှစ်' မည် ဟု ယူဆရသည်။
ဆမ်ဒိုးရီးယားပွဲတွင် ၁ဪဝ ဖြင့် နိုင်ခဲ့ သောပွဲတွင် ဂျူဗီအတွက် တစ်လုံးတည်း သော အနိုင်ဂိုး
ကို အာဂျင်တီးနား တိုက်စစ်မှူး တေဗက်ဇ်က သွင်းယူခဲ့ သည်။ တေဗက်ဇ်သည် အီတလီစူပါ
ဖလားပွဲတွင်လည်း တစ်ဂိုးသွင်းယူခဲ့ သောကြောင့် နှစ်ပွဲဆက်တိုက် ဂိုးမြူး နေပြီး ဂျူဗီတိုက်စစ်
အတွက် အရေးပါ သူ ဖြစ်လာသည်။
နည်းပြ ကွန်တီသည် တေဗက်ဇ်ကို ၀ါရင့်တိုက်စစ်မှူး ဗူချီနစ် နှင့်တွဲကစားစေပြီး ၎င်းတို့တိုက်စစ်တွဲ
ကို ပီယာလိုက ပံ့ပိုးပေးထားသည်။ အဓိကကွင်းလယ်လူ မာချီစီယို ဒဏ်ရာရထားသောကြောင့်
နည်းပြကွန်တီသည် ဂျူဗင်တပ်ကွင်းတွင် လူနှင့် ဗျူဟာ အခင်းအကျင်းပိုင်းကို အပြောင်းအလဲ
ပြုလုပ်ထားသည်။
ယခင်က ပီယာလိုကို မာချီစီယိုဪဗီဒယ် အတွဲက ပံ့ပိုးပေးထားသော်လည်း ယခု အခါတွင်
မာချီစီယို မပါ၀င်နိုင်သောကြောင့် ပီယာလိုကို အနည်းငယ် ရှေ့တက်ခိုင်းပြီး ကွင်းလယ်ကစား
ကွက်နှင့် ဂိုးသွင်းခွင့် ဖန်တီးနိုင်ဖို့ကို သာ အာရုံစိုက်စေကာ ခံစစ်တွင် လုံးဝ ဆင်းကူခိုင်းခြင်းမရှိ
တော့ပေ။
ဂျူဗီနည်းပြ ကွန်တီသည် ယခု ရာသီအတွက် သူအားသန်နေသော သုံးယောက်ခံစစ်ကစားကွက်
ကို ဆမ်ဒိုး ရီးယားနှင့်ပွဲတွင် စတင်အသုံးပြုသွား သည်။ အီတလီလက်ရွေးစင်နောက်ခံ လူ ဘိုနုချီ
ကို ဗဟိုခံစစ်တွင် နေရာချပြီး ချီနယ်လီကို ခံစစ်ဘယ်ခြမ်း၊ ဘာဇာဂလီ ကို ခံစစ်ညာခြမ်းတွင် နေ
ရာချထား သည်။
တောင်ပံခံစစ်များတွင် အဆာမိုနှင့် လစ်ချ်စတိန်တို့က ၀င်ဖြည့်ပေးသောကြောင့် ဂျူဗင်တပ်ခံစစ်
သည် ဆမ်ဒိုးရီးယားနှင့်ပွဲတွင် အလုပ်ဖြစ် ခဲ့သည်။ တစ်ဖက်တွင် လာဇီယိုသည် အီတလီ စူပါ
ဖလားတွင် ဂျူဗင်တပ်ကို လေးဂိုး ပြတ်အရေးနိမ့်ပြီးနောက် အပြောင်းအလဲများ ပြုလုပ်ကာ စီးရီး
အေပွဲဦး ထွက်အဖြစ် အိမ်ကွင်း၌ ယူဒီးနိစ်ကို ရင်ဆိုင်ခဲ့ရာ တိုးတက်မှုများရှိသည်။
၀ါရင့်တိုက်စစ်မှူး ကလိုဆေးကို 'အထောင်တိုက်စစ်မှူး' နေရာတွင်ထားပြီး ကွင်းလယ်တွင် ကစား
သမား ငါးယောက်ထားသော လာဇီယို၏ ၄ဪ၅ဪ၁ ကစားကွက်သည် ပြီးခဲ့သောရာသီ
ကတည်းက အသားကျခြေစွမ်းပြ နိုင်ခဲ့ပြီ ဖြစ်သည်။ ကွင်းလယ်ကစားကွက်ကို အားပြု သော
လာဇီယိုကွင်းလယ်တွင် လူလစ် (၂၇ နှစ်)၊ ကွင်းလယ်ဖန်တီးရှင် ဟာနန် နက်စ် (၂၈ နှစ်)၊ အသစ်
ရောက်လာ သော အာဂျင်တီးနားလက်ရွေးစင် လူးကပ်စ်ဘစ်ဂလီယား(၂၇ နှစ်)၊ အဲလ် ဗာရိုဂွန်ဇာ
လက် (၂၈ နှစ်)နှင့် ကန်ဒရီဗာ (၂၆ နှစ်)တို့ ကို နေရာချခဲ့ရာ သမ္ဘာရှိသူ အရွယ်ကောင်းများဖြစ်ပြီး
ကျစ်လျစ် သိပ်သည်းမှုရှိသည်။
အလားတူ နောက်တန်းတွင်လည်း အရွယ်ကောင်း သူများနှင့်အတူ အသက် ၂၂ နှစ်သာရှိ သေး
သည့် တောင်ပံ ခံစစ်သမား လူးဝစ် ကာဗန်ဒါကို ထည့်သွင်းလိုက်သောကြောင့် နေရာ ရွှေ့ပြောင်း
မှုနှင့် ပြေးအားကောင်းမွန်သွားသည်။
ခြံုငုံကြည့်လျှင် နှစ်သင်းလုံးသည် ကွင်းလယ်ကောင်းမွန်သည်။ လာဇီယို သည် အီတလီစူပါဖလား
တွင် ဂျူဗင်တပ် ကို လေးဂိုးပြတ် ရှုံးထားသော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုမျှခြေစွမ်းကွာဟ
တော့မည် မဟုတ်ပေ။ သို့ကလိုကြောင့် ဂျူဗင်တပ်သည် အကြိတ်အနယ်ကစား ရပြီးမှ အနိုင်ရ
ဖွယ်ရနေသည်။















