အာရှကာယဗလနှင့် ကာယကြံံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာကစားသမားငါးဦး ၀င်ရောက်ယှဉ်ပြိုင်မည်

အာရှကာယဗလနှင့် ကာယကြံံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာကစားသမားငါးဦး ၀င်ရောက်ယှဉ်ပြိုင်မည်

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဩဂုတ် လ ၃၀ ရက်နေ့မှ စက်တင်ဘာ၁ ရက်နေ့ အထိ ကျင်းပ
ပြုလုပ်မည့် (၄၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယ ကြံ့ခိုင်မှုအားကစား တံခွန်စိုက်ပြိုင်ပွဲ
သို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါ၀င်ယှဉ်ပြိုင်မည့် အားကစားသမား များ ဩဂုတ်လ ၂၇
ရက်နေ့တွင် ဗီယက် နမ်နိုင်ငံသို့ စတင်ထွက်ခွာခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာကာယဗလ နှင့်ကာယကြံံ့ခိုင်မှုအားကစားအဖွဲ့ အဖွဲ့ဝင် ၁၁ ဦးသွားရောက်
မည်ဖြစ်ပြီး အမျိုးသမီး သုံးဦးနှင့် အမျိုးသား နှစ်ဦး ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်။ အာရှကာယဗလ
နှင့် ကာယကြံ့ခိုင်မှု အားကစားတံခွန်စိုက်ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အား
ကစားမယ်ဖြစ်သူ မအေးအေးစိုး က"ကျွန်မက(၄၆)ကြိမ်မြောက် ဗျငေ ပွဲကို ကျွန်မသွားခဲ့တယ်။

အခု (၄၇) ကြိမ် မြောက် ထပ်သွားရတဲ့အတွက်အရမ်း လည်းပျော်ပါတယ်။ နောက်ပြီးတော့
ကိုယ့်နိုင်ငံအတွက် နောက်ထပ်ကြိုးစား ခွင့်ရတဲ့အတွက်လည်း အရမ်းလည်း ကျေနပ်ပါတယ်။
ကျွန်မမျှော်မှန်းထား တာတော့ပထမဆုပဲ။ ဒါပေမဲ့လည်း စင်ပေါ်ကျရင်တော့ အကောင်းဆုံး
လုပ်ပြနိုင်ဖို့ပဲ အရေးကြီးပါတယ်"ဟု မြန်မာတိုင်း(မ်)သို့ ပြောသည်။

"ကျွန်မတို့က မြန်မာတစ်နိုင်ငံလုံး အနေနဲ့ ျစနခငေူ သွားရမယ်ဆိုတော့ သွားရမယ့် သုံးယောက်
လုံးကလည်း ကိုယ်လေ့ကျင့်ထားတဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင် လာမှာပါ"ဟု
အိုလံပစ်နေ့အထိမ်း အမှတ်ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် မခေါ၀င်းက ပြောသည်။ အဆိုပါပွဲတွင်
ဆုရရှိရန်မဟုတ်ဘဲ ပြိုင်ပွဲအတွေ့အကြံုကိုရရှိရန် ရည်ရွယ် ပြီး သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်
ဟု မြန်မာနိုင်ငံကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှမြင့်ဆွေက မြန်မာ
တိုင်း(မ်)သို့ ပြောသည်။

" ကျွန်တော်တို့က အရှေ့တောင် အာရှပွဲတွေမှာဆို ပထမ၊ ဒုတိယ၊ တတိယ အမြဲတမ်းရနေကြပါ။
အခုအာရှပွဲဆိုတော့ နည်းနည်းတော့ပိုမြင့်ပါတယ်။မြင့်ပေမယ့်လည်း ဆုရဖို့ထက် အတွေ့ အကြံု
ရဖို့ပါပဲ။ နောက်တစ်ခုက မနှစ်ကမှ လုပ်ခဲ့တဲ့ ကာယကြံ့ခိုင်မှုပေါ့။ အခုမှ ပြည်နယ်နှင့် တိုင်းတွေကို
ကာယကြံ့ခိုင် မှု ပြန့်ပွားအောင်လုပ်ရတုန်းဖြစ်တဲ့အတွက်ကြောင့် ဒီအတွေ့အကြံုတွေကို များများ
ရဖို့ လိုပါတယ်"ဟု ဦးလှမြင့် ဆွေက မြန်မာတိုင်း(မ်)သို့ ပြောသည်။

"ပြိုင်ပွဲအတွက်တော့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အရင်တုန်းက ပြည်တွင်းမှာ ပြိုင်နေကျ
ဆိုတော့ သိပ်တော့ကိစ္စတော့မရှိဘူး။ ပြည်ပပွဲ ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားနေ တယ်။ကိုယ်ရဲ့
ပြိုင်ဘက်တွေကလည်း ဘယ်လိုမှန်းမသိတော့ ဘယ်လို့မရ ဘူး။ အရမ်းကိုတော့ စိတ်လှုပ်ရှားနေ
ပါ တယ်"ဟု အိုလံပစ်နေ့အထိမ်းအမှတ် ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မနန်း ထက်ထက်လင်းက
ပြောသည်။



ဖတ်ရှုမှုအများဆုံး