ပြီးခဲ့တဲ့ အပတ်ကစတင်ကျင်းပနေပြီဖြစ်တဲ့ ယူအက်စ်အိုပင်းတင်းနစ်ပြိုင်ပွဲကြီးကတော့ တဖြည်း
ဖြည်း အရှိန်ရနေပြီဖြစ်ပါတယ်။ ဂရင်း ဆလမ်ပြိုင်ပွဲကြီးဖြစ်တာနဲ့အညီ ပါ၀င်ယှဉ်ပြိုင်ကြတဲ့ ကစား
သမားတွေကလည်း သူထက်ငါအပြိုင်အဆိုင်ကြိုးစားကစားကြတာဆိုတာဖြင့် ရင်သပ်ရှုမောဖွယ်
ရာ ကောင်းလှပါတယ်။
ဒီပြိုင်ပွဲကြီးရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တွေ ယှဉ်ပြိုင်တဲ့ပွဲစဉ်တစ်ပွဲမှာ အသက် ၁၉ နှစ် သာရှိ
သေးတဲ့ တင်းနစ်မယ်လေးတစ်ဦးရဲ့ ယှဉ်ပြိုင်မှုတွေက ပရိသတ်တွေအတွက် အံ့ဩ ဖွယ်ရာအစွမ်း
တွေ မြင်တွေ့ခဲ့ရပါတယ်။
သူက တော့ ဗြိတိန်နိုင်ငံကိုယ်စားပြုဝင်ပြိုင်တဲ့ လော်ရာရော့ဘ်ဆင်ဆိုတဲ့ ချာတိတ်မလေးပဲ ဖြစ်ပါ
တယ်။ ဘယ်သန်ကစားသမားတစ်ဦးဖြစ်တဲ့ ဒီချာတိတ် မလေးကို ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့
မှာ မွေးဖွားခဲ့ပေမယ့် အသက်ခြောက်နှစ်အရွယ်မှာပဲ ယူကေကို ရောက်ရှိခဲ့ပါတယ်။
တင်းနစ်ရက်ကက် ကိုင်နိုင်တဲ့အရွယ်ကစပြီး မိဘတွေနဲ့အတူ တင်းနစ်ကစားခဲ့တဲ့ လော်ရာဟာ
အသက် ခုနစ်နှစ်အရွယ်မှာပဲ လူငယ်တင်းနစ်အကယ်ဒမီကို စတင်တက်ရောက်ခဲ့သူလည်း ဖြစ်ပါ
တယ်။
အသက် ၁၁ နှစ်အရွယ်မှာတော့ အားကစားဝတ်စုံ၊ အားကစားပစ္စည်းတွေထုတ်လုပ်တဲ့ Adidas,
Wilson တို့နဲ့ စပွန်ဆာစာချုပ် တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာ
တော့ လော်ရာဟာ အိုင်တီအက်ဖ်က ကျင်းပတဲ့ အငယ် တန်းပြိုင်ပွဲမှာ စတင်ဝင်ရောက်ယှဉ်ပြိုင်
ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်ကကျင်းပတဲ့ ၀င်ဘယ်လ်ဒန် အမျိုးသမီးအငယ်တန်းချန်ပီယံရှစ်ပြိုင်ပွဲမှာ
ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
တောက်လျှောက်လက်စွမ်း ထက်လာတဲ့ လော်ရာအနေနဲ့ ၂၀၀၉ နဲ့ ၂၀၁၀ ဩစတြေးလျအိုးပင်း
အမျိုးသမီးလူငယ်တစ်ဦးချင်းပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲထိတက်ရောက်နိုင် ခဲ့ပါတယ်။ လော်ရာဟာ
တစ်ဦးချင်းပြိုင်ပွဲတွေမှာသာမက အမျိုးသား၊ အမျိုးသမီး နှစ်ယောက် တွဲ ပြိုင်ပွဲတွေမှာလည်း
ဗြိတိန်တင်းနစ်အကျော် အမော် အင်ဒီမာရေးနဲ့ တွဲပြီး ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ လက်စွမ်း
ပြခဲ့ပါသေးတယ်။
လက်ရှိကျင်းပနေတဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲ ရဲ့ ပထမအဆင့်မှာ လော်ရာဟာ စပိန်က လီနိုနဲ့
ယှဉ်ပြိုင်ခဲ့ရပြီး ရဪ၅၊ ၆ဪဝနဲ့ နှစ်ပွဲပြတ်အနိုင် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့
ယူအက်စ်အိုးပင်းပြိုင်ပွဲမှာလည်း စတုတ္ထအဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ လီနိုနဲ့ ပွဲအပြီးမှာ
တော့ "ကျွန်မအခုယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ဘက်ဟာ ပြိုင်ဘက်ကောင်းတစ်ဦးပါ။
ပထမပွဲငယ်မှာ သူနဲ့ အတော်လေးယှဉ်ပြိုင်ခဲ့ရ ပါတယ်။ နောက်ဆုံးအချိန်ထိ သူရဲ့ရိုက်ချက် တွေ
ကို အကောင်းဆုံးကာကွယ်နိုင်လို့သာ အနိုင်ရရှိခဲ့တာပါ။ ဒုတိယပွဲငယ်မှာတော့ သူ့ရဲ့အားနည်း
ချက်သိခဲ့ရတဲ့အတွက် ကျွန်မ အလွယ်တကူအနိုင်ရရှိခဲ့တာပါ။ ကျွန်မနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ဖို့
ကျွန်မဒီ့ထက်ပိုပြီး ကြိုးစားသွားပါမယ်"လို့ ကတိစကားဆိုသွားပါတယ်။
ဗြိတိန်အမျိုးသမီးတင်းနစ်လောကမှာ နံပါတ် တစ် နေရာရရှိထားတဲ့ လော်ရာဟာ ကမ္ဘာ့ တင်းနစ်
လောကမှာ အချိန်အတန်ကြာ အောင်မြင်မှုဝေးကွာနေတဲ့ ဗြိတိန်အမျိုးသမီးတင်းနစ်မယ်တွေရဲ့
အဆင့်ကို ချေဖျက်မယ့်သူလို့လည်း ထင်ရှားနေသူပါ။ ဒါကြောင့် ဗြိတိန်နိုင်ငံရဲ့ မျှော်လင့်ချက်ဖြစ်
တဲ့ လော်ရာအနေနဲ့ ရှေ့လာမယ့်ပြိုင်ပွဲတွေမှာ ဘယ်လိုအောင်မြင်မှု တွေရယူပြီး နိုင်ငံ့ဂုဏ်ကို
ဆောင်နိုင်မလဲဆိုတာ ရင်ခုန်စောင့်စားကြည့်ရှုရင်း ...။















