ဩစတြေးလျနိုင်ငံ အား အာဆီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု

ဩစတြေးလျနိုင်ငံ အား အာဆီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု

ပြီးခဲ့သည့်တနင်္လာနေ့က တီမောနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီ
အစည်းအဝေးတွင် ဩစတြေးလျ နိုင်ငံအား အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ်
အတည်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် ယခုအခါ အာဆီယံဘောလုံးအဖွဲ့ချုပ် လက်အောက်၌ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံ
အထိ ရှိသွားပြီဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်အား စတင်တည်ထောင်စဉ်က အရှေ့တောင်အာရှ နိုင်ငံ ၁၀ နိုင်ငံဖြင့်
စတင်ခဲ့ပြီး နောက်ပိုင်းတွင် အရှေ့တီမောနိုင်ငံက ၁၁ နိုင်ငံမြောက် ပါ၀င်လာခဲ့ကာ ယခုအခါ
ဩစတြေးလျက ၁၂ နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် ပါ၀င်လာခဲ့သည်။

ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးနှင့် စီအီးအိုဖြစ်သူ ဂယ်လော့ပ်က
"ကျွန်တော်တို့အသင်းကို အာဆီယံဘောလုံးအဖွဲ့ချုပ်လက်အောက်မှာ ပါ၀င်ခွင့်ပြုခဲ့တဲ့ ကျေးဇူး
တင်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ အဖွဲ့ဝင်အသင်း ကောင်းတစ်သင်းဖြစ်အောင် ကြိုးစားသွားမှာ
ဖြစ်ပြီး ဒေသတွင်းမှာ ဘောလုံးအားကစား တိုးတက်အောင်လည်း ကူညီဆောင်ရွက်ပေး သွား
မှာပါ"ဟု ပြောကြားသွားခဲ့သည်။



ဖတ်ရှုမှုအများဆုံး