လေဗာကူဆင်ရဲ့ တိုက်စစ်ကို ခုခံဖို့ မလွယ်တဲ့ ရှော်လ်ကေး - ဘွန်ဒက်စ်လီဂါပွဲစဉ်(၄)

လေဗာကူဆင်ရဲ့ တိုက်စစ်ကို ခုခံဖို့ မလွယ်တဲ့ ရှော်လ်ကေး - ဘွန်ဒက်စ်လီဂါပွဲစဉ်(၄)

မွန်ချင်ဂလက်ဘတ် - ၀ါဒါဘရီမင်
နောက်ဆုံးတွေ့ဆုံမှု
၁၀-၃-၁၃ မွန်ချင် ၁-၁ ၀ါဒါဘရီမင်

မွန်ချင်က အဆင့် (၁၀) မှာ ရပ်တည်နေပြီး ၀ါဒါဘရီမင်ကတော့ အဆင့် (၆) နေရာအထိ တက်
လှမ်းလာနိုင်ပါ တယ်။ ၄-၄-၂ ကစားကွက်နဲ့ ယှဉ်ပြိုင် တတ်တဲ့ မွန်ချင်ဟာ အထနှေးပြီး ဂိုးတွေ
ပေးရတတ်သလို ရှိထားတဲ့ အခြေအနေတစ်ရပ်ကိုလည်း ထိန်းချုပ် နိုင်စွမ်း မရှိပါဘူး။ ခံစစ်ကြောင်း
က အရမ်းကို အားနည်းလွန်းတယ်လို့ ထင်ပါတယ်။ ၄-၃-၂-၁ ကစားတတ်တဲ့ ၀ါဒါဘရီမင်မှာ
ဂိုးသမား မီလစ် လက်စွမ်းပြနေတာကြောင့် မွန်ချင် ဂိုးရဖို့ ခက်ခဲနိုင်ပါတယ်။ ခံစစ်စွမ်းဆောင်ရည်
အားနည်းနေတဲ့့ အသင်း နှစ်သင်း ပြိုင်ဆိုင်မှုမှာ ၀ါဒါဘရီမင်ကို ပိုပြီးသဘောကျပါတယ်။

ဟန်နိုဗာ - မိန့်ဇ်
နောက်ဆုံးတွေ့ဆုံမှု
၄-၅-၁၃ ဟန်နိုဗာ ၂-၂ မိန့်ဇ်
ဟန်နိုဗာကွင်းမှာ အိမ်ရှင် နောက်ဆုံး အနိုင်ရခဲ့တာက ၂၀၁၁ ဧပြီလမှာဖြစ် ပါတယ်။ အဲဒီနောက်
သုံးကြိမ်တွေ့ဆုံ မှုမှာတော့ ဟန်နိုဗာတို့ သရေထက်ပိုပြီး ရလဒ်ကောင်းအောင် မစွမ်းဆောင် နိုင်
တော့ပါဘူး။ ဟန်နိုဗာဟာ ဟက်ဇ်တီ နဲ့ ဘရိုင်ယန်ဒီအော့ဖ်တို့ရဲ့ ဂိုးတွေနဲ့ ရှော်လ်ကေးကို အနိုင်
ရခဲ့တာဖြစ်ပါ တယ်။ အဆင့် (၄) နေရာမှာရှိတဲ့ မိန့်ဇ် ကတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီး မရ
လည်း အဆုံးသတ်ပိုင်းတွေ ကောင်းမွန်တဲ့ အသင်းဖြစ်တယ်ဆိုတာ သတိ ထားရပါမယ်။ သရေ
ကျသွားနိုင်တဲ့ ပွဲဖြစ်တယ်လို့ သုံးသပ်ပါရစေ။

၀ုဖ်ဘတ် - ဟာသာဘာလင်
နောက်ဆုံးတွေ့ဆုံမှု
၁၂-၁-၁၃ ၀ုဖ်ဘတ် ၅-၁ ဟာသာဘာလင်

အစဉ်အလာကို ပြန်ကြည့်ရင်တော့ ဒီနှစ်သင်းဟာ အနိုင်/အရှုံး အဖြေပေါ် အောင် ကစားတတ်တဲ့
အသင်းတွေ ဖြစ်ပါတယ်။ ၀ုဖ်ဘတ် နောက်ဆုံးနိုင်ခဲ့ တာက ချစ်ကြည်ရေး ခြေစမ်းပွဲဖြစ်နေ တာ
လည်း တွက်ရခက်စေတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ ၀ုဖ်ဘတ်က ဘောလုံးပိုင်ဆိုင်မှု အသာစီး
နဲ့ ကစား တတ်ပြီး အဆင့် (၅) မှာ ရောက်နေတဲ့ ဟာသာဘာလင်ကတော့ ကြံုရင်ကြံုသလို ဂိုး
သွင်းတတ်တဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဟာသာဘာလင်ဘက်က နေကြည့်ချင်ပါတယ်။

နုရင်ဘတ် - အော့စ်ဘတ် ေ
နာက်ဆုံးတွေ့ဆုံမှု
၉-၃-၁၃ အော့စ်ဘတ် ၁-၂ နုရင်ဘတ်
အော့စ်ဘတ်ဟာ အိမ်ကွင်းမှာ စတုဂတ်ကို ၂-၁ နဲ့နိုင်ပြီး နိုင်ပွဲစရခဲ့ပြီ ဖြစ်ပါတယ်။ နုရင်ဘတ်က
တော့ အခု ချိန်ထိ နိုင်ပွဲမရသေးပဲ ဘိုင်ယန်မြူးနစ် ကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ နုရင်ဘတ်
ဂိုးသမားရှက်ဖာကတော့ သူလုပ်ရမယ့် တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်တယ်လို့ပဲ ပြော
ရမှာ ဖြစ်ပါတယ်။ နုရင်ဘတ်အနေနဲ့ အိမ်ကွင်းပရိသတ်ရှေ့မှာ နိုင်ပွဲရဖို့ အားထုတ်မယ်လို့ ထင်ပါ
တယ်။ နှစ်သင်း ပေါင်းသွင်းဂိုးနည်းနိုင်ပြီး နုရင်ဘတ် ကပ်နိုင်သွားဖို့ရှိပါတယ်။


 

ဟမ်းဘတ် - ဘရောက်ချ်
နောက်ဆုံးတွေ့ဆုံမှု
၁၃-၇-၁၃ ဟမ်းဘတ် ၀-၀ ဘရောက်ချ်

တန်းတက် ဘရောက်ချ်ကတော့ သုံးပွဲစလုံးရှုံးပြီး ဇယားအောက်ခြေမှာ ဘုတ်ထိုင်နေပါတယ်။
အခုလည်း ဟမ်းဘတ်ရဲ့ အိမ်ကွင်းမှာ ဘရောက်ချ် အသာရဖို့မရှိပါဘူး။ ဟာသာဘာလင် ကို
ကပ်ပြီးရှုံးခဲ့တဲ့ ဟမ်းဘတ် အိမ်ကွင်း မှာ ခြေကုန်ထုတ်ပြီး ဂိုးမိုးရွာနိုင်တယ်။

ရှော်လ်ကေး - လေဗာကူဆင်
နောက်ဆုံးတွေ့ဆုံမှု
၁၃-၄-၁၃ ရှော်လ်ကေး ၂-၂ လေဗာကူဆင်

အဆင့် (၂) မှာရောက်နေတဲ့ လေဗာ ကူဆင်ဟာ ဆစ်ဒနီဆမ်၊ ကီစလင်း၊ ဟောင်မင်ဆွန်၊ ကက်ခ်
ထရိုတို့ရဲ့ တိုက်စစ်အစွမ်းနဲ့ အလုပ်ဖြစ်နေပါ တယ်။ သူတို့ဟာ ခရစ္စမတ် သစ်ပင်ပုံစံ ကစားကွက်
၄-၃-၂-၁ ကို ပိုင်နိုင်တဲ့ သဘောရှိပါတယ်။ ရှော်လ်ကေးဘက် က ဟန်တယ်လာ ဘာလုပ်နိုင်မလဲ
တစ်ချက်ကြည့်ရပါမယ်။ လေဗာကူဆင်ရဲ့ တိုက်စစ်ကို ရှော်လ်ကေး မခုခံနိုင်လောက်ပါဘူး။ ဧည့်
သည်ကို ကြိုက်ပါတယ်။

စတုဂတ် - ဟော့ဖန်ဟိမ်း
နောက်ဆုံးတွေ့ဆုံမှု
၁၇-၂-၁၃ ဟော့ဖန်ဟိမ်း ၀-၁ စတုဂတ်

ဟော့ဖန်ဟိမ်းဘက်မှာ ဆာလီဟိုဗစ် အနီကတ်ပြစ်ဒဏ်ကြောင့် အခုပွဲစဉ် မှာ ပါ၀င်နိုင်မှာ မဟုတ်
ပါဘူး။ ဧည့်သည် ဟာ တန်ပြန်တိုက်စစ်တွေကနေ ဂိုးရယူ တတ်ပါတယ်။ စတုဂတ်က တန်းဆင်း
ဇုန်အဆင့် သာသာလောက်ရှိတဲ့ အော့စ်ဘတ်ကိုရှုံးပြီး အဆင့် (၁၇) မှာ ရောက်နေတာဖြစ်ပါတယ်။
နှစ်သင်းပေါင်း သွင်းဂိုးများပြီး ဟော့ဖန်ဟိမ်းနဲ့ အတူ ကခုန်လိုက်ကြရအောင်။

ဖရန့်ဖတ် - ဒေါ့မွန်
နောက်ဆုံးတွေ့ဆုံမှု
၁၇-၂-၁၃ ဒေါ့မွန် ၃-၀ ဖရန့်ဖတ်
ဖရန့်ဖတ်ဟာ ထင်မှတ်မထားတာ တွေကို လုပ်ပြတတ်တဲ့ အသင်းဆိုတာ ကိုတော့ သတိထား
ရပါလိမ့်မယ်။ အဆင့် (၁၁) မှာ ရပ်တည်နေတဲ့ ဖရန့် ဖတ်ဟာ အိမ်ကွင်းနိုင်ပွဲ လုံးဝမရှိသေးပါဘူး။
ဒေါ့မွန်ကတော့ သုံးပွဲစလုံးနိုင် ပြီး ဇယားထိပ်မှာ ခံ့ခံ့ထည်ထည် ရပ်တည်နေနိုင်တာပါ။ ပြီးခဲ့တဲ့ရာ
သီ က ဖရန့်ဖတ်အိမ်ကွင်းမှာ ၃-၃ သရေ ကျခဲ့ပါတယ်။ ဒါကြောင့် အခုပွဲစဉ်ကို သုံးသပ်ရရင် နှစ်
သင်းပေါင်းသွင်းဂိုး များပြီး ဒေါ့မွန်နဲ့အတူ ရပ်တည်သင့် ပါတယ်။



ဖတ်ရှုမှုအများဆုံး