ပဏာမ ယူ-၂၃ အသင်း မြန်မာနေရှင်နယ်လိဂ်အသင်းများနှင့် ခြေစမ်းပွဲများကစား

ပဏာမ ယူ-၂၃ အသင်း မြန်မာနေရှင်နယ်လိဂ်အသင်းများနှင့် ခြေစမ်းပွဲများကစား

လာမည့် စက်တင်ဘာလအတွင်း မလေး ရှားနိုင်ငံသို့ သွားရောက်ကစားရမည့် မာဒေးကား
ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဒီဇင်ဘာလအတွင်း ကျင်းပမည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအတွက်
ရည်ရွယ်၍ ရွေးချယ်ထားသော မြန်မာ ယူ-၂၃ ပဏာမလက်ရွေးစင်အသင်း သည် မြန်မာနေရှင်
နယ်လိဂ်အသင်းများ ဖြစ်သော ဧရာဝတီယူနိုက်တက်၊ မကွေး အက်ဖ်စီအစရှိသည့် အသင်းများ
နှင့် ခြေစမ်းပွဲများကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရရှိခဲ့သည်။

ယူ-၂၃ ပဏာမလက်ရွေးစင်အသင်း ၏ ပထမခြေစမ်းပွဲ ပွဲစဉ်ဖြစ်သော ဧရာဝတီယူနိုက်တက်
အသင်းနှင့် ပွဲတွင် ယူ-၂၃ အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင် ယူ-၂၃ နည်းပြ
ပတ်ဆောင်ဟွာသည် ကစား သမားများအားလုံးကို စမ်းသပ်သုံးစွဲ သွားခဲ့ပြီး ပဏာမလက်ရွေးစင်
အသင်း အတွက် ဂိုးများကို ကောင်းစည်သူနှင့် စိုးပိုင်သွေးတို့က သွင်းယူပေးခဲ့ပြီး ဧရာဝတီအသင်း
အတွက် တစ်လုံး တည်းသောချေပဂိုးကို နေလင်းအောင် က ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့
ခြင်းဖြစ်သည်။

ခြေစမ်းပွဲ ဒုတိယပွဲစဉ်အဖြစ် ဩဂုတ် လ ၂၄ ရက်နေ့က ကစားခဲ့သော မကွေး အသင်းနှင့် ပွဲစဉ်
တွင် တစ်ဖက် တစ်ဂိုး စီဖြင့် သရေပွဲဖြစ်သွားခဲ့သည်။ ထိုပွဲတွင် ပဏာမလက်ရွေးစင်အသင်းအတွက်
ဂိုးကို မျိုးမင်းဇော်က သွင်းယူခဲ့ပြီး မကွေးအသင်းအတွက်ဂိုးကို စိုးမင်းနိုင် က သွင်းယူပေးခဲ့ခြင်း
ဖြစ်သည်။

ပဏမလက်ရွေးစင် ယူ-၂၃ အသင်း ၏ ခြေစမ်းပွဲများကို တစ်ပိုင်းလျှင် မိနစ် ၃၀ စီ သုံးပိုင်းခွဲ၍
ကစားခြင်းဖြစ်ပြီး ကစားသမားများကိုလည်း စမ်းသပ် လျက်ရှိသည်။



ဖတ်ရှုမှုအများဆုံး