AFC U-22 Championship ၂၀၁၄ ပြိုင်ပွဲတွင် အိုမန်၊ ဂျော်ဒန်၊ တောင်ကိုရီးယားတို့နှင့် မြန်မာ တစ်အုပ်စုတည်းကျရောက်

AFC U-22 Championship ၂၀၁၄ ပြိုင်ပွဲတွင် အိုမန်၊ ဂျော်ဒန်၊ တောင်ကိုရီးယားတို့နှင့် မြန်မာ တစ်အုပ်စုတည်းကျရောက်

လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အိုမန်နိုင်ငံ တွင် ကျင်းပပြုလုပ်
မည့် AFC U-22 Championship ၂၀၁၄ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူဪ၂၂ အသင်း
သည် အုပ်စု(က)တွင် အိမ်ရှင်အိုမန်အသင်း၊ တောင်ကိုရီးယားအသင်း၊ ဂျော်ဒန်အသင်းတို့နှင့်
အတူ တစ်အုပ်စု တည်း ကျရောက်လျက်ရှိသည်။

အဆိုပါ AFC U-22 Championship ၂၀၁၄ ပြိုင်ပွဲကို အာရှဘောလုံး အဖွဲ့ချုပ် (AFC ) က
ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး လာမည့် ၂၀၁၄ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း ပါ၀င်ပြီး အုပ်စု
လေးစုခွဲ၍ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်သည်။

ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို ဇန်နဝါရီ လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ၊ ကွာတားဖိုင်နယ်ပွဲစဉ်
များကို ဇန်နဝါရီ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ၊ဆီမီး ဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီ ၂၃ ရက်နေ့၊
တတိယနေရာလုပွဲစဉ်ကို ဇန်နဝါရီ ၂၅ ရက်နေ့နှင့် ဖိုင်နယ်ပွဲစဉ် ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင်
ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့ အထိ
ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ သော အာရှ ယူဪ၂၂ ခြေစစ်ပွဲ အုပ်စု (ွ) တွင် တောင်ကို
ရီးယားအသင်းနှင့် အတူ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အာဆီယံဒေသ၏ တစ်သင်းတည်း သော
ခြေစစ်ပွဲအောင်မြင်သည့် အသင်းဖြစ်သည်။မြန်မာအသင်းသည် အဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင်
အိုမန်အသင်းနှင့် ဇန်န ၀ါရီလ ၁၁ ရက်နေ့တွင် စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး