ရုရှား - လူဇင်ဘတ်
လူဇင်ဘတ်အသင်းက အုပ်စု (ခ)မှာ အိမ်ဖြည့်အသင်းအဆင့်ပဲ ရှိပါတယ်။ ရုရှားကတော့ ပေါ်တူဂီ၊
အစ္စရေးတို့နဲ့ အပြိုင် တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ ကြိုးစားနေရတဲ့အသင်းပါ။ လက်ရှိအချိန်မှာ အုပ်စု
ကို ဦးဆောင်နေတဲ့ ပေါ်တူဂီနောက်မှာ တစ်ပွဲလျော့ နှစ်မှတ်အကွာမှာ ရှိနေပါတယ်။ အမှတ် လိုနေ
တဲ့ အချိန်မှာ လူဇင်ဘတ်လိုအသင်းနဲ့ ကစားရတဲ့ အခွင့်အရေးကို ရုရှားတို့ လက်လွတ်ခံမှာ မဟုတ်
ပါဘူး။ ယခင်တွေ့ဆုံမှုတွေတုန်းကလိုပဲ ရုရှား တို့ ဂိုးပြတ်အနိုင်ယူသွားဦးမှာပါ။
ချက် - အာမေးနီးယား
ချက်နဲ့ အာမေးနီးယား တွေ့ဆုံခဲ့ဖူး တဲ့ အချိန်တိုင်းမှာ ချက်အသင်းက ဂိုးပြတ်တွေနဲ့အနိုင်ရခဲ့ပါ
တယ်။ လက်ရှိ အချိန်မှာလည်း အာမေးနီးယားဟာ ချက်အသင်းကို ယှဉ်နိုင်တဲ့ အနေ အထား
ရှိသေးပါဘူး။ ဒါပေမဲ့ ချက်အသင်းရဲ့ ခြေစွမ်းက အတက်အကျမြန်လွန်းတာကြောင့် ယခုပွဲစဉ်
မှာ ယခင်လို ဂိုးပြတ်ပါ့မလားဆိုတာကိုတော့ စဉ်းစားရမှာပါ။ ဖွင့်လှစ်မှုအရမ်းကြမ်းရင်တော့
အာမေးနီးယားကိုပဲ ရွေးချယ်ရမှာပါ။
မော်လ်တာ - ဒိန်းမတ်
၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်း ကလည်း ဒီနှစ်သင်း တစ်အုပ်စုတည်း ကျရောက်ခဲ့ဖူးပြီး
ဒိန်းမတ်အသင်းက အိမ်းကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ၃ဪဝ စီနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဒိန်းမတ်ရဲ့ ခြေစွမ်းဟာ အကျဘက်ကိုရောက်နေ ပါတယ်။
ခြောက်ပွဲကစားပြီးချိန်အထိ ရမှတ်ခြောက်မှတ်သာ ရထားပါသေး တယ်။ ဒါကြောင့် အခုပွဲစဉ်မှာ
အိမ်ရှင် မော်လ်တာကိုပဲ ရွေးချယ်ထားချင် တယ်။
ရိုမေးနီးယား - ဟန်ဂေရီ
ဒီနှစ်သင်းက အုပ်စု (ဃ)မှာ ဒုတိယ နေရာအတွက် အပြိုင်အဆိုင်လုနေရ တဲ့ အသင်းပါ။ အဲဒီနှစ်
သင်းစလုံးကို နယ်သာလန်အသင်းက ခုနစ်မှတ်နဲ့ ရှစ်မှတ်ဖြတ်ပြီး အုပ်စုကို အပြတ် အသတ်
ဦးဆောင်နေပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ အဓိက ရည်ရွယ်ချက်က အုပ်စုဒုတိယနေရာပါပဲ။
ရိုမေးနီးယား ဟာ အခုပွဲစဉ်ကို အိမ်ကွင်းမှာ ကစား ရမှာဖြစ်ပေမယ့် ဟန်ဂေရီရဲ့ တိုက်စစ် ဆင်မှု
ကိုတော့ အပြင်းအထန် ကာကွယ် ရမှာပါ။ နှစ်သင်းပေါင်း ဂိုးများနဲ့ ဟန်ဂေရီကို ကြိုက်ပါတယ်။
ဂျော်ဂျီယာ - ပြင်သစ်
ပြင်သစ်အသင်းအနေနဲ့ စပိန်ကို ဖိအားဆက်ပေးနိုင်ဖို့ အခုပွဲကို အနိုင် ရအောင်ကစားရမှာပါ။
ဂျော်ဂျီယာ ကလည်း အိမ်းကွင်းဆိုရင် နည်းနည်းလေး ခြေစွာတတ်တာကိုတော့ သတိ ထား
ရမှာပါ။ ဒါပေမဲ့လည်း လက်ရှိပြင်သစ်အသင်းရဲ့ တိုက်စစ်ပိုင်းက အကောင်းဆုံးအနေအထားမှာ
ရှိနေ တာကြောင့် ဂိုးမရမှာကိုတော့ ပူစရာ မလိုပါဘူး။ ပြင်သစ်တို့ အပြင်းအထန်ကစားပြီး အနိုင်
ရသွားမှာပါ။
ဖင်လန် - စပိန်
ဖင်လန်လိုအသင်းအနေအထားမျိုး နဲ့ စပိန်အသင်းကို အိမ်ကွင်းမှာ ဖြစ် ပေမယ့်လည်း ဖိအား
ပေးနိုင်ဖို့ မဖြစ်ပါဘူး။ စပိန်အသင်းရဲ့ လူဖွဲ့စည်းမှုက ဒေါင်ဒေါင်မြည်နှစ်သင်းစာလောက် ရှိနေ
တာကြောင့် သူတို့နည်းပြတောင် ဘယ်သူတွေနဲ့ ပွဲထွက်ရမလဲဆိုတာ ခေါင်းခဲနေရပါတယ်။
ဒုတိယနေရာက ပြင်သစ်ကို အမှတ်ဖြတ်ဖို့ ကြိုးစားနေ တဲ့ စပိန်နဲ့ ဂိုးအများကို ရွေးချယ်သင့်
ပါတယ်။
အက်စ်တိုးနီးယား - နယ်သာလန်
ခြောက်ပွဲကစား ခြောက်ပွဲစလုံးနိုင် သွင်းဂိုး၂၀၊ ပေးဂိုး နှစ်ဂိုးသာရှိတဲ့ နယ်သာလန်နဲ့ ခြောက်ပွဲ
ကစား နှစ်ပွဲ နိုင်၊ လေးပွဲရှုံး၊ သုံးဂိုးသွင်း ကိုးဂိုးပေး ထားရတဲ့ အက်စ်တိုးနီးယားအသင်းရဲ့ အနေ
အထားက အများကြီးကွာပါ တယ်။ အခုပွဲမှာ အက်စ်တိုးနီးယားက အိမ်ကွင်းဆိုတဲ့ အားသာချက်
ကလွဲလို့ နယ်သာလန်ကို အဘက်ဘက်မှာ မယှဉ်နိုင်ပါဘူး။ နယ်သာလန်အသင်းအတွက် လိုအပ်
တဲ့ဂိုးအရေအတွက် သွင်းနိုင်ဖို့ပဲ အရေးကြီးပါတယ်။ နယ်သာလန်ပါပဲ။
အိုင်ယာလန် - ဆွီဒင်
ဒီနှစ်သင်းကလည်း ဂျာမနီနောက် က အုပ်စု ဒုတိယရဖို့ ဩစတြီးယားနဲ့ အပြိုင် ကြိုးစားနေတဲ့
အမှတ်တူအသင်းတွေပါ။ ဒါကြောင့် အခုပွဲစဉ်မှာ တစ်သင်းနဲ့တစ်သင်းအမှားခံမှာ မဟုတ် ပါဘူး။
သူတို့နဲ့ အနေအထားချင်းတူတဲ့ ဩစတြီးယားက ဂျာမနီနဲ့ ပွဲကျပ် ကစားရမယ့်အချိန်မှာ အမှတ်
ရထားဖို့ ကြိုးစားကြမှာပါ။ ပြိုင်ဆိုင်မှုပြင်းထန် တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး အိမ်ရှင်ဖြစ်တဲ့
အိုင်ယာလန်ကို ပိုကြိုက် ပါတယ်။
အင်္ဂလန် - မော်လ်ဒိုဗာ
အင်္ဂလန်အသင်းအတွက် မဖြစ်မနေ အနိုင်ကန်ရမယ့်ပွဲစဉ်ပါ။ ဒီပွဲနိုင်မှ ထိပ်ဆုံးက ဦးဆောင်နေတဲ့
မွန်တီနီဂရိုး ကို ဖြတ်ကျော်နိုင်မှာပါ။ အခုကန်ရမယ့် အသင်းကလည်း တွေ့ဆုံမှုတိုင်းမှာ အမြဲတမ်း
ဂိုးပြတ်နဲ့ နိုင်နေကျအသင်း ပါ။ အင်္ဂလန်တိုက်စစ်မှူးတွေ ဂိုးသွင်းသေချာဖို့ပဲ အရေးကြီးပါတယ်။
ဒီလိုအရေးကြီးတဲ့အချိန်မှာတော့ အင်္ဂလန်တိုက်စစ်မှူးတွေ ဂိုးရအောင်သွင်းမယ် လို့တော့ ယူဆ
ရပါတယ်။ အင်္ဂလန်ကိုပဲ ရွေးထားရမှာပါ။
စကော့တလန် - ဘယ်လ်ဂျီယံ
ပထမအကျော့ ဘယ်လ်ဂျီယံကွင်း မှာ ကစားတုန်းကတော့ အိမ်ရှင်က နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါ
တယ်။ လက်ရှိ အချိန်မှာလည်း ဘယ်လ်ဂျီယံဟာ အုပ်စုကို ဦးဆောင်နေတဲ့အသင်းပါ။ စကော့
တလန်ကတော့ အခုချိန်ထိ အိမ်ကွင်းမှာ နိုင်ပွဲမရသေးပါဘူး။ ဒါကြောင့် အခုအိမ်ကွင်းပွဲစဉ်မှာ
နိုင်ပွဲ စတင်ရရှိဖို့ ကြိုးစားဖွယ်ရှိပေမယ့် ဘယ်လ်ဂျီယံရဲ့ ခံစစ်ကို ကျော်နိုင်ဖို့ ခက်ပါလိမ့်မယ်။
ကွင်းလယ်ဖန်တီးမှုရော၊ တိုက်စစ်ပါကောင်းတဲ့ ဘယ်လ်ဂျီယံကိုပဲ ကြိုက်ပါတယ်။















