တရုတ် (တိုင်ပေ) - ၏ နိုင်ငံတကာ အိုလံ ပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ
ကိုယ်စားလှယ်လောင်း ၀ူချင်ကူအိုက နောက်တစ်ကြိမ်နိုင်ငံတကာ အိုလံပစ်ကော် မတီဝင် ဖြစ်
လာရန် သူကူညီခြင်းဖြင့် နှစ်ပေါင်း ၅၀ ကျော်တွင် ကျူးဘားသည် သမိုင်းဝင် ပထမဦးဆုံး ဆုကြေး
စား ဖြစ်လာမည်ဟု ယုံကြည်နေသည်။
အသက် ၆၆ နှစ်ရှိ နိုင်ငံတကာ လက်ဝှေ့ အဖွဲ့ချုပ် (AIBA) ဥက္ကဋ္ဌက ဗျူးနို့စ် အေးရီစ်၌ စက်တင်
ဘာလ ၁၀ ရက်နေ့တွင် ရွေးချယ်မည့် အနားယူတော့မည့် အိုင်အိုစီ ဥက္ကဋ္ဌ ဂျက်ကေးရော့ဂီနေရာ
ကို ဆက်ခံရန် ပြိုင်ဘက်ခြောက်ဦး အနက် တစ်ဦးဖြစ်သည်။ ၎င်းက ကျူးဘားသည် ဆုကြေးစား
လက်ဝှေ့ပြိုင်ပွဲများကို တစ်ကျော့ပြန် ခြေချရန် ပံ့ပိုးကူညီသည့် စီမံသူဖြစ် လာရန် ဂုဏ်ယူနေပါ
သည်ဟု အေအက်ဖ်ပီကို ပြောသည်။
၎င်းသည် ကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲများ World Series of Boxing (WSB) ၏ နိုင်ငံတကာ လက်ဝှေ့
အဖွဲ့ချုပ် (AIBA) ဥက္ကဋ္ဌအနေဖြင့် လွန်ခဲ့သည့် သီတင်း ပတ်က မက္ကဆီကို ရောက်စဉ် ယင်း လှုပ်
ရှားမှုပေါ်ပေါက်ခဲ့သည်။
ကျူးဘားလက်ဝှေ့သမားများသည် အိုလံပစ်နှင့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲများ တွင် အပျော်တမ်းလက်
ဝှေ့ကို စိုးမိုးခဲ့ သည်။ ကျူးဘားနိုင်ငံမှ ကွယ်လွန်သွား ရှာပြီဖြစ်သည့် တီအိုဖီကိုစတီဗင်ဆန် နှင့်
ဖဲလခ်စ်စဗွန်တို့ကဲ့သို့ ဂန္ထဝင် လက်ဝှေ့အကျော်အမော်များကို မွေးထုတ်ခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ဖီဒယ်လ်ကက် စထရို အာဏာရပြီးစဉ်မှစတင်၍ ကျူးဘားလက်ဝှေ့ ထိပ်သီးများ
ကို ဆုကြေးစားပြိုင်ပွဲများမှ ပိတ်ပင်ခြင်း ခံရသည်။ "ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်က ကျူးဘားကို
သုံးကြိမ်ရောက်ခဲ့တယ်။ ဒီနှစ်ဇန်နဝါရီလက တတိယအကြိမ်ရောက်စဉ်က လက်ဝှေ့အားကစားရဲ့
အနာဂတ်တိုးတက်မှုကို သူတို့ကိုသဘောပေါက် နားလည်စေပါတယ်" ဟု ၎င်းကဆက်ပြောသည်။
(အေအက်ဖ်ပီ)














