၁၉၇၂ ခုနှစ်ကာလကတည်းက စတင် ကျင်းပလာခဲ့တဲ့ Safety Classics အမျိုးသမီးဂေါက်သီး
ရိုက်ပြိုင်ပွဲဟာ LPGA ရဲ့ အထင်ကရပြိုင်ပွဲတစ်ရပ်ဖြစ်သလို ကမ္ဘာ့ငွေကြယ်ပွင့် ဂေါက်သီးမယ်
တွေ လက်စွမ်းပြလေ့ ရှိတဲ့ ပြိုင်ပွဲဖြစ်တာကြောင့်လည်း ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်မား တဲ့
ပြိုင်ပွဲတစ်ရပ်ပဲဖြစ်ပါတယ်။
ကမ္ဘာ ကျော် ကိုကာကိုလာ ဖျော်ရည်ကုမ္ပဏီ က ဒီပြိုင်ပွဲကို စပွန်ဆာပေးထားပြီး ရ၂ ကျင်း
ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ချန်ပီယံ ဆုကြေးကလည်း ဒေါ်လာ ၁ ဒသမ ၃ သန်း ချီးမြှင့်တာကြောင့်
အကြိတ်အနယ် လက်ရည်စမ်းရလေ့ရှိတဲ့ပြိုင်ပွဲတစ်ရပ် ဖြစ်နေရခြင်းပါပဲ။
ပြိုင်ပွဲစတင်ကျင်းပ စဉ်ကာလကတည်းက ဆုကြေးငွေအားလုံးရဲ့ အချိုးကျရာခိုင်နှုန်းကို ဒေသ
ခံကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုး ရေးရန်ပုံငွေအဖြစ် ထည့်ဝင်အသုံးပြုခဲ့တာ အခုဆို ဒေါ်လာ ၁၅
သန်း ပမာဏကျော် ရရှိခဲ့ပြီပဲဖြစ်ပါတယ်။
အခုနှစ် ပို့လန်းမြေက ပြိုင်ပွဲဟာ လည်း ကမ္ဘာ့အဆင့်(၁)ကနေ (၁၀)အထိ စာရင်းပေါက်တဲ့ ဂေါက်
သီးမယ်တွေ ပါ၀င်လက်စွမ်းပြခဲ့တာကြောင့် ပရိသတ် တွေ သဘောတွေ့ခဲ့ပြီး ပထမသုံးရက် စလုံး
ကို ဦးဆောင်နိုင်ခဲ့သူ ကမ္ဘာ့အဆင့် (၁) ရန်နီဆမ်ဖြစ်ပေမယ့် နောက်ဆုံး နေ့မှာ မယုံကြည်နိုင်ဖွယ်
ရာ လက်စွမ်းနဲ့ ချန်ပီယံဆုဖလားကို သိမ်းပိုက်သွားခဲ့ သူက နော်ဝေးဂေါက်သီးစတား ဆူဇန် ပက်
တာဆင်ပဲဖြစ်ပါတယ်။
ကမ္ဘာ့ အဆင့်(၃) အော်စလိုငွေကြယ်ပွင့် ဆူဇန်ဟာ လေးရက်တာ စုစုပေါင်း ရိုက်ချက် ၂၆၈ ချက်
နဲ့ သတ်မှတ်ရိုက် ချက်အောက် ၂၀ လျော့ရိုက်နိုင်ခဲ့ပြီး ဆုကြေးဒေါ်လာ ၁ ဒသမ ၃ သန်း ပိုင်ဆိုင်
ခွင့်ရခဲ့တာကိုလည်း နော်ဝေး ပရိသတ်တွေက ကျေနပ်ဂုဏ်ယူမဆုံး ဖြစ်နေရပါတယ်။
Tutta လို့ နော်ဝေးဂေါက်သီးပရိသတ်တွေက အမည်ပြောင်ပေးထားသူ အော်စလိုသူချော ဆူဇန်
ဟာ ပရော်ဖက်ရှင်နယ်ဂေါက်သီးကမ္ဘာကို ၂၀၀၀ ပြည့်နှစ်မှာ စတင်ခြေချလာခဲ့ သူဖြစ်ပြီး နော်ဝေး
ပြည်တွင်း အပျော် တမ်းချန်ပီယံ ငါးကြိမ်ဖြစ်ခဲ့အပြီးမှာ ပရိုကမ္ဘာကို သူ ခြေလှမ်းကူးလာခဲ့ခြင်းပဲဖြစ်
ပါတယ်။
World Amateur Champion ပြိုင်ပွဲဟာ ဲကညငသမ ျွပိနမ ဃကစ ပြိုင်ပွဲတွေနဲ့ ထင်ရှားလာခဲ့
သူရဲ့ ပရော်ဖက်ရှင်နယ်ခရီးဟာ ချောချော မွေ့မွေ့ ဣန္ဒြေရရ ရှိခဲ့တာကလည်း ပါရမီပြည့်ဝတဲ့
ဂေါက်သီးစတားတစ်ယောက်ဖြစ်လို့ပါလို့ Junior Ryder ပြန်ပါတယ်။
World Amateur Champion ပြိုင်ပွဲကြီးမှာ မိခင်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သူ ဆူဇန်ကို
နာမည်ကြီး Nike က နှစ်ရှည်စာချုပ် ချုပ်ခဲ့တာကိုကြည့်မယ်ဆိုရင်လည်း နော်ဝေးသူရဲ့ အောင်
မြင်ကျော်ကြား မှုကို မှန်းဆမိနိုင်ကြမှာပါ။ အခုပူပူနွေးနွေး ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ှေ်နတပေ ဆုဖလား
ဟာ ဆူဇန်ရဲ့ LPGA ပြိုင်ပွဲသက်တမ်းတစ်လျှောက် ၁၂ လုံးမြောက် ရယူနိုင်ခဲ့တဲ့ ဆုဖလား ဖြစ်
ပြီး အခုနှစ ်LPGA ရဲ့ တတိယ ဆုဖလားပဲဖြစ်ပါတယ်။
"ပို့လန်းမြေမှာ အခုလို ပျော်ရွှင်ခွင့် ရမယ်လို့ နောက်ဆုံးနေ့ မရောက်ခင် အချိန်အထိ မထင်ခဲ့မိပါ
ဘူး။ စတုတ္ထနေ့မှာ တကယ့်ကို အမှားအယွင်းကင်းကင်း၊ သေသေသပ်သပ်ရိုက်နိုင်ခဲ့တာ ဟာ
လည်း အနှစ်နှစ်အလလ အားထုတ် ခဲ့တဲ့လုံ့လကျေးဇူးကြောင့်လို့ပဲ ခံယူ ထားပါတယ်။ကမ္ဘာ့
အဆင့်(၁)ကို ကျော်လွှားပြီး ချန်ပီယံဖြစ်ခွင့်ရတဲ့ အတွက် အတိုင်းမသိ ကြည်နူးချမ်းမြေ့ ရ
ပါတယ်"လို့ ရင်ဖွင့်ခဲ့ပါတယ်။
ကမ္ဘာ့ အဆင့်(၂)ဆူဇန်ရဲ့ LPGA ပြိုင်ပွဲစဉ် တွေကို ရင်ခုန်အားပေးရင်း ...။















