ဆွီဒင်နိုင်ငံသား ဟင်းနရစ် စတန်ဆန် သည် Deutsche Bank ဂေါက်သီး ရိုက်ချန်ပီယံရှစ်ဖလား
ကို ဆွတ်ခူးရန် နောက်ဆုံးနေ့တွင် ငါးချက်လျော့ဖြင့် ၆၆ ချက်ရိုက်သွားခဲ့သည်။
ထို့ကြောင့် ၎င်းသည် ပြိုင်ပွဲများအလိုက် အမှတ် အများဆုံး Fed Ex Cup ထပ်ရိုက်ရ သောပြိုင်ပွဲ
တွင် နာမည်ကြီးတိုက်ဂါးဝုဒ်စ်ကို ကျော်၍ ပထမနေရာရောက်သွားသည်။ သူ့ဂေါက်သီးသမား
သက်တမ်းတွင် PGA တိုးပြိုင်ပွဲတွင် စတုတ္ထအကြိမ် ဗိုလ်စွဲခဲ့သော စတန်ဆန်သည် TPC Boston
တွင် ပြိုင်ပွဲရိုက်ချက်စံချိန်ဖြင့် ၂၂ ချက်လျော့ရိုက်ကာ စုစုပေါင်း ၂၆၂ ချက် ရိုက်ခဲ့သည်။
အမေရိကန် နိုင်ငံသား စတိစထရစ်ကာက သူ့ထက် နှစ်ချက်ပိုရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၆၄
ချက်ဖြင့် ဒုတိယရခဲ့သည်။ ကနေဒါမှ ဂရေဟမ်ဒဲလတ်က ၆၉ ချက်ဖြင့် တစ်ဦးတည်း တတိယ
ရကာ စပိန်မှ ဂါစီယာက နှစ်ချက်ပို ရ၃ ချက်ရိုက်ကာ အမေရိကန်သုံးဦးဖြစ်ကြသော ဂျော်ဒန်
စပက်သ် ၆၂ ချက်၊ မက်ကူချာ ၆၆ ချက်နှင့် ကီဗင်စတက် ဒလာ ၆၈ ချက်တို့ဖြင့် အတူပူးတွဲ
စတုတ္ထရခဲ့သည်။
စတန်ဆန်သည် ၂၀၀၉ ခုနှစ်တွင် PGA တိုး၌ ပထမ ဦးဆုံးအောင်ပွဲကို ရယူခဲ့သည်။
(အေအက်ဖ်ပီ)














