"အသင်းအတွက် ဂိုးသမားနေရာ ရွေးချယ် ဖို့ ကျွန်တော်အာရုံများနေမှာမဟုတ်ပါဘူး။ ကျွန်တော့်
မှာ ရွေးချယ်စရာကစားသမားတွေအများကြီးပါ။ ကား ဆီးလက်စ်နဲ့ပတ်သက်ပြီး အခြေအတင်
ဖြစ်နေတဲ့ ကိစ္စတွေမှာလည်း ကျွန်တော် ၀င်မပါချင်ပါဘူး" စပိန်လက်ရွေးစင်နည်းပြ ဒယ်လ်
ဘော့စကေးရဲ့ ကားဆီးလက်စ်ပြဿနာ နဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့တဲ့ စကား ပါ။
ပြီးခဲ့တဲ့ရာသီ မော်ရင်ညိုလက်ထက် မှာစခဲ့တဲ့ ကားဆီးလက်စ်ရဲ့ပြဿနာဟာ နည်းပြ အန်ဆယ်လော့တီလက်ထဲ ရောက်တော့လည်း ပြောင်းလဲမသွား သေးပါဘူး။ အသင်းမှာ
ပုံမှန်ကစားခွင့် မရတဲ့ ဂိုးသမားတစ်ယောက်အတွက် လက်ရွေးစင်အသင်းကြီးမှာ ပွဲထွက်ဖို့
ဆိုတာကလည်း ခက်ခဲလာတာအမှန် ပါပဲ။
ကားဆီးလက်စ်ဆိုတာဟာ ရီးယဲလ် နဲ့ စပိန်အသင်းရဲ့ မရှိမဖြစ်ဂိုးသမား တစ်ဦးအဖြစ်
ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်လာခဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ မော်ရင်ညိုရဲ့လက်ထဲမှာတော့
သူ့ရဲ့ကစားသမားဘဝဟာ အချိုး အကွေ့တစ်ခုကိုစပြီး ရင်ဆိုင်ခဲ့ရပါ တော့တယ်။
ကလပ်အသင်းနဲ့ လက်ရွေး စင်အသင်းမှာ မင်းသားတစ်ပါးလိုနေရာရခဲ့တဲ့ ကားဆီးလက်စ်ဟာ
မော်ရင်ညိုလက်ထဲမှာတော့ အရန်ခုံထိုင်ရတဲ့ဘဝကိုစပြီး ကြံုခဲ့ရပါတယ်။ ဒဏ်ရာရတဲ့အချိန်မျိုး
ကလွဲပြီး အရန်ခုံ မှာထိုင်ကာ လူစားဝင်ကစားရမှာကို စောင့်နေရတဲ့ အခြေအနေမျိုးကို ကားဆီး
လက်စ်ကိုယ်တိုင် စိတ်ကူးမိ မှာမဟုတ်တဲ့အပြင် ပရိသတ်တွေအနေ နဲ့လည်း ကလပ်အသင်းနဲ့
လက်ရွေးစင် အသင်းကြီးမှာ အမြဲမြင်နေရတဲ့ ကား ဆီးလက်စ်တစ်ယောက် ဂိုးပေါက်ဝက
ပျောက်သွားတာကို မြင်ရတာကလည်း ထူးဆန်းမှုတစ်ခုလို ဖြစ်နေကြပါလိမ့် မယ်။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီ မော်ရင်ညိုလက်ထဲမှာ ကားဆီးလက်စ် အရန်ခုံမှာ စထိုင်ရတာကို
မြင်လိုက် ကြရတဲ့အချိန်မှာ မော်ရင်ညိုရဲ့အပြစ် တစ်ခုလို့ မြင်ခဲ့ကြပြီး ဝေဖန်ပြစ်တင်မှု တွေလည်း
ဆက်တိုက်ဆိုသလိုလုပ်ခဲ့ ကြတယ်။ ရီးယဲလ်ပရိသတ်တွေဟာ သူတို့အသင်းမှာ ရာအူးလ်ပြီးရင်
ကားဆီးလက်စ်ကို မင်းသားတစ်ပါးလို ကိုးကွယ်ကြသူတွေဖြစ်လို့ ကားဆီးလက်စ်ကို ဘေးထိုင်
ခိုင်းခဲ့တဲ့ မော်ရင်ညိုလည်း လူဆိုးဖြစ်ခဲ့ရတယ်။
မော်ရင်ညိုကတော့ အသင်းမှာ ရှိနေ တဲ့ အရန်ဂိုးသမား အဒန်ကိုနေရာပေးဖို့ မသင့်ဘူးလားလို့
မေးခွန်းထုတ်ခဲ့ပြီး အဒန်အတွက်လည်း အသင်းမှာအခွင့် အရေးရသင့်တယ်ဆိုတဲ့အကြောင်း ပြန်
တုံ့ပြန်ခဲ့ပြီး အဲဒီနောက်မှာတော့ သူ့ရဲ့နည်းပြမာနကို ထုတ်ပြခဲ့တယ်။ ကားဆီးလက်စ်ကို ရာသီ
ကုန်တဲ့အထိ မသုံးတော့ဘူး။ ကြားထဲမှာလည်း ဆီဗီလာဂိုးသမားဒီယေဂိုလိုပက်ဇ်ကို ခေါ်ယူခဲ့ပြီး
ကားဆီးလက်စ်ရဲ့နေရာ ကို ရဲရဲတင်းတင်းပဲ အပိုင်စားပေးခဲ့ တယ်။
ဒါကြောင့်လည်း မော်ရင်ညိုဟာ ရီးယဲလ်ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့မှု ပိုဖြစ်လာခဲ့ပြီး နောက်
ဆုံးတော့ ရီးယဲလ်က စွန့်ခွာသွားတဲ့အထိ ဖြစ်ခဲ့ တယ်။ မော်ရင်ညိုနေရာကို အန်ဆယ် လော့တီ
ရောက်လာတော့ ကားဆီးလက်စ်ရဲ့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာ သလိုပရိသတ်တွေက
လည်း သူတို့ရဲ့ မင်းသားလေးကို ဂိုးပေါက်ဝမှာ ပြန် တွေ့ရတော့မယ်လို့ ထင်ခဲ့ကြတယ်။
ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ရီးယဲလ်ဂိုးပေါက်မှာ ကားဆီးလက်စ်နေရာပြန်ယူလာခဲ့တယ်။
ဒါပေမဲ့ နောက်ဆုံး လာလီဂါပွဲတွေ စကစားတဲ့ အချိန်မှာတော့ နည်းပြအန်ဆယ်လော့ တီဟာ
လည်း မော်ရင်ညိုဆုံးဖြတ်သလိုပဲ ဆုံးဖြတ်သွားခဲ့တယ်။ ပွဲဦးထွက် ဘက်တစ်နဲ့ မကစားမီ
အချိန်အထိ အန်ဆယ်လော့တီက သူ့အတွက် ဒီယေဂိုလိုပက်ဇ်နဲ့ ကားဆီး လက်စ်တို့ကြား
ဘယ်သူ့ကို ဦးစားပေး ဂိုးသမားအဖြစ် ပွဲထုတ်ရမလဲဆိုတာကို ဆုံးဖြတ်ရခက်ခဲနေခဲ့တယ်ဆိုတဲ့
စကားမျိုးပြောခဲ့ပြီး တကယ်တမ်း ပွဲထွက်ခွင့်ပေးခဲ့သူကတော့ မော်ရင် ညိုလက်ထက်က နေရာ
ရထားတဲ့ ဒီယေဂိုလိုပက်ဇ်ပဲဖြစ်နေခဲ့တယ်။
ဒါဟာ ကားဆီးလက်စ်ရဲ့ မျှော်လင့် ချက်တွေအားလုံးကို ထိခိုက်သွားစေ နိုင်တဲ့ ဆုံးဖြတ်ချက်
တစ်ခုများဖြစ် လာတော့မလားဆိုတာ စဉ်းစားစရာ ကောင်းလာခဲ့ပါပြီ။ နည်းပြတစ်ယောက်တည်း
က မဟုတ်၊ နှစ်ယောက်က ကားဆီးလက်စ် ကို အရန်ခုံထိုင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တာကို ကြည့်ရင်
ကားဆီးလက်စ်ဘက်မှာ လည်း ချို့ယွင်းချက်တစ်ခုခုတော့ ရှိနေ တော့မှာသေချာတယ်။
မော်ရင်ညို လက်ထက်က ကားဆီးလက်စ်ကို အရန်ခုံထိုင်ခိုင်းခဲ့တာဟာ မော်ရင် ညိုနဲ့ ပရိသတ်
တွေကြားက တိုက်ပွဲ ကြောင့်လို့ ယူဆခဲ့ကြပေမယ့် အန်ဆယ်လော့တီ လက်ထဲရောက် လာတဲ့
အချိန်မှာလည်း ပရိသတ် အကြိုက် ကားဆီးလက်စ် ကို မော်ရင်ညိုလိုပဲ ပရိသတ်အကြိုက်နဲ့
ဆန့်ကျင်ပြီး နေရာ မပေးခဲ့တာကို ကြည့်ရင် အခြေအနေတစ်ခုကို ပိုမြင်သာလာနိုင်တယ်။
တကယ်ဆိုရင် အသင်းရဲ့မင်းသား တစ်ပါးဖြစ်တဲ့ ကားဆီးလက်စ်ကို အရန်ခုံထိုင်ခိုင်းဖို့ ထပ်ပြီး
ဆုံးဖြတ်ခဲ့ရ တာဟာ အန်ဆယ်လော့တီအတွက် လည်း လွယ်ကူမယ့်ဆုံးဖြတ်ချက်မျိုး မဖြစ်နိုင်
ပါဘူး။ ပရိသတ်တွေအပြင် ကစားသမားတွေနဲ့ပါ ထိပ်တိုက်တွေ့ နိုင်တဲ့အနေအထားတစ်ခုကို
အရဲစွန့် ရွေးချယ်ခဲ့ရတာမျိုးပါ။ ဒါကလည်း လက်ရှိကားဆီးလက်စ်ရဲ့ လက်စွမ်း အပေါ်မှာလည်း
မူတည်နေပါလိမ့် မယ်။
နည်းပြတစ်ယောက်အတွက် အသင်းရဲ့ ပွဲထွက်ကစားသမားကို ရွေးချယ်တဲ့နေရာမှာ နာမည်ကို
မကြည့် ဘဲ သူ့ရဲ့လေ့ကျင့်ကွင်းကြိုးစားအားထုတ် မှုနဲ့ လက်ရှိစွမ်းရည်ထက်မြက်မှု အပေါ်မှာ
အဓိကဆုံးဖြတ်လေ့ရှိတဲ့ အခြေအနေတွေအရဆိုရင် ကားဆီး လက်စ်မှာ အားနည်းချက်ရှိနေ
တော့မှာ သေချာတယ်။
ကလပ်အသင်းနဲ့ လက်ရွေးစင် အသင်းမှာ အမြဲလိုလို ပထမဂိုးသမား နေရာက ဖယ်မပေးခဲ့ရတဲ့
ကားဆီး လက်စ်ဟာ အချိန်တွေကြာလာတာနဲ့ အမျှ သူ့ကိုယ်သူယုံကြည်မှုတွေလည်း ပိုများလာ
မယ့်ပုံပဲ။ ဒါကြောင့်လည်း လေ့ကျင့်ကွင်းနဲ့ သူ့ရဲ့လက်ရည်ပိုင်း ဟာ အပြိုင်မရှိတော့တဲ့အခြေအ
နေမျိုး မှာ စွမ်းဆောင်ရည်ကျလာနိုင်တယ်။
ဒါ့ပြင် သူ့နောက်မှာ အသင်းကစားဖော် အချို့နဲ့ ပရိသတ်တွေရှိနေတဲ့အချက် ကလည်း ကားဆီး
လက်စ်ကို မလိုအပ်တဲ့ ယုံကြည်မှုတွေ ပိုပြီးအားကောင်းစေနေနိုင်တယ်။ ဒါကြောင့်လည်း သူ့ရဲ့
ပုံမှန် လက်စွမ်းမျိုးနဲ့ ကြိုးစားအားထုတ် ချင်စိတ်ပိုင်းကို မြှင့်တင်ပေးနိုင်ဖို့ အတွက် မော်ရင်ညို
ကဘေးက အပြိုင် တစ်ယောက်နဲ့ စပြီးတွန်းအားပေးခဲ့ တယ်။
ဒါပေမဲ့ ကြည့်ရတာက အန်ဆယ် လော့တီလက်ထဲရောက်တဲ့အထိ ကား ဆီးလက်စ်ရဲ့ အခြေ
အနေကလည်း သိသာစွာပြောင်းလဲလာပုံမျိုးမရှိသေးပုံပါပဲ။ ဒီတော့အန်ဆယ်လော့တီအတွက်
မော်ရင်ညိုရဲ့ လမ်းစဉ်အတိုင်း ကားဆီးလက်စ်ကို ဖိအားပေးနိုင်ဖို့ ဆက်ပြီးကြိုးစားခဲ့ရပုံပါပဲ။
ကားဆီးလက်စ်ဘက်က ကြည့်ပြန် ရင်လည်း သူ့ရဲ့ကစားသမားဘဝ သက်တမ်းတစ်လျှောက်မှာ
ကလပ် အသင်း၊ နိုင်ငံလက်ရွေးစင်အသင်း တွေနဲ့အတူ မရဖူးတဲ့ဆုဖလား မရှိတော့ ဘူး။ ဒါကြောင့်
လည်း သူ့ရဲ့စိတ်ဟာ အသင်းမှာလည်း ပုံမှန်နေရာရနေ၊ ဆုဖလားတွေကလည်း အကုန်လုံး ရဖူးပြီး
ဖြစ်နေလို့ အောင်ပွဲဆာလောင် တဲ့စိတ်ဟာ လျော့ကျနေနိုင်ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုအပိုင်းကို
ပါ ထိခိုက် လာတဲ့ပုံပါပဲ။ အထူးသဖြင့် စိတ်ဓာတ် ပြင်းပြမှုအပိုင်းမှာ လျော့ကျလာနေတဲ့ အနေ
အထားမျိုးဖြစ်နေလို့လည်း နည်းပြ နှစ်ဦးစလုံးက သူ့ကို ပြန်တွန်းအားပေးဖို့ ဖန်တီးခဲ့ကြတဲ့ပုံပါပဲ။
ဒါပေမဲ့ ရီးယဲလ် မှာ မင်းသားတစ်ပါးလိုနေလာခဲ့တဲ့ ကားဆီးလက်စ်အတွက်တော့ သူ့ရဲ့ မာနကို
ထိပါးလာခဲ့ရတဲ့ ဒီလိုအချိန်မှာ အသင်းကနေထွက်ခွာဖို့ဆိုတဲ့စကား မျိုးထုတ်ပြောလာတဲ့အထိ
ဖြစ်လာခဲ့ တယ်။ နောက်ဆုံးတော့ ကားဆီးလက်စ် လည်း အသင်းကို စွန့်ခွာပေးခဲ့ရတဲ့ မင်းသား
တစ်ပါးဘဝကို ပြောင်းလဲပေး ရတော့မှာလား တွေးထင်စရာကောင်း လာတယ်။
ဒီအချိန်မှာ နည်းပြဒယ်လ်ဘော့ စကေးကိုယ်တိုင်က ဖင်လန်နဲ့ ခြေစစ်ပွဲ မကစားမီ သူ့မှာရွေးချယ်
စရာ ကစား သမားတွေ များနေတယ်လို့ ထုတ်ပြော လာခဲ့ပုံအရကလပ်အသင်းမှာ ပုံမှန် နေရာ
မရတဲ့ ကားဆီးလက်စ် နိုင်ငံ အသင်းမှာလည်း နေရာရဖို့မလွယ် တော့ဘူးဆိုတဲ့ အရိပ်အယောင်
များ ပေါ်လာတယ်။
လက်ရှိစပိန်လာလီဂါ အသင်းတွေမှာ ပုံမှန်လက်စွမ်းပြနေတဲ့ ဂိုးသမားတွေကလည်း အများအပြား
ရှိနေတဲ့အချိန်မျိုးဖြစ်လို့ ဒယ်လ်ဘော့ စကေးအနေနဲ့လည်း အသင်းနဲ့ပွဲထွက် ခွင့်မရတဲ့ ကားဆီး
လက်စ်ကို အရဲစွန့်ရွေးချယ်ပြီး ပုံမှန်နေရာပေးဖို့ဆိုတာ တခြားလက်စွမ်းပြနေတဲ့ ဂိုးသမားတွေ
အပေါ် မတရားရာကျသွားနိုင်တယ်။
ရီးယဲလ်မှာပဲဆက်နေပြီး ဒီယေဂို လိုပက်ဇ်လက်ထဲက သူ့ရဲ့နေရာကို ပြန်လုယူနိုင်ဖို့ ကြိုးစားမလား၊
ဒါမှ မဟုတ် ရီးယဲလ်ကိုစွန့်ခွာကာ နယ်မြေသစ်တစ်ခုမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ရွေးချယ်
မလား ကားဆီးလက်စ်ရဲ့ လမ်းဆုံလမ်းခွရောက်နေတဲ့အချိန်လို့ပဲ ပြောရပါလိမ့်မယ်။















