ပြောင်းရွှေ့ကြေးအမြင့်မားဆုံးဖြစ်ခဲ့သည့် ဖိအားကို မမှုပါဟု ဂါရတ်ဘေးလ်ကဆို

ပြောင်းရွှေ့ကြေးအမြင့်မားဆုံးဖြစ်ခဲ့သည့် ဖိအားကို မမှုပါဟု ဂါရတ်ဘေးလ်ကဆို

ပရိသတ် ၂၀,၀၀၀ ရှေ့တွင် တနင်္လာ နေ့က ရီးယဲလ်မက်ဒရစ်ကလပ်အသင်း ဘောလုံးသမား
အဖြစ် တရားဝင် ပွဲထုတ်ခဲ့ပြီးနောက် ဂါရတ်ဘေးလ်က ၎င်းမြင့်မားသည့် ပြောင်းရွှေ့ကြေးကြောင့်
ဖိအားကို ကျော်လွှားနိုင်မည် ဟု အခိုင်အမာပြောသည်။ တော့တင်ဟမ်ဟော့စပါးမှ ဘေးလ် ၏
ကြာမြင့်ပြီဖြစ်သော ပြောင်းရွှေ့မှု သည် တနင်္ဂနွေနေ့က နောက်ဆုံး အပြီးသတ်သွားခဲ့သည်။

ယင်းပြောင်း ရွှေ့မှုကြောင့် ၎င်းသည် ဘောလုံး သမိုင်းတွင် ဈေးအကြီးဆုံး ဘောလုံး သမားဖြစ်
လာမလားဆိုသည့် ကွဲလွဲ သည့် သတင်းများ ပေါ်ထွက်ခဲ့သည်။ အင်္ဂလိပ်မီဒီယာများက ဘေးလ်
ပြောင်းရွှေ့မှုသည် လွန်ခဲ့သောလေးနှစ် က ယူရို ၁၀၁ သန်း (ဒေါ်လာ ၁၃၃ ဒသမ ၅ သန်း၊ ပေါင်
၈၆ သန်း)ဖြင့် ရိုနယ်လ်ဒိုအတွက် ရီးယဲလ်မက်ဒရစ် က ပေးရသည့် စံချိန်ကို ချိုးသွားပြီဟု ရေး
သားခဲ့သည်။

ရီးယဲလ်မက်ဒရစ်ပြောရေးဆိုခွင့်ရှိသူများကို ကိုးကား၍ စပိန်သတင်းစာများကမူ ဘေးလ်၏စာချုပ်
ချုပ်ဆိုမှုသည် ယူရို ၉၁ သန်း ဖြင့် ပြီးဆုံးသွားသဖြင့် ပြောင်းရွှေ့ကြေး သည် ရိုနယ်လ်ဒိုထက် သုံး
သန်းလျော့ နည်းခဲ့သည်ဟု ရေးသားခဲ့သည်။ ဘေးလ်က အခြေအနေကို ရှင်းပြဖို့ ငြင်းဆန်ပြီး ၎င်း
က ကစားကွင်းအတွင်း ၎င်း၏ကိုယ်ပိုင်အဆင့်နှင့် လိုက်လျော ညီထွေဖြစ်အောင်သာ ပိုပြီးအာရုံစူး
နစ် ပါသည်ဟု ပြောခဲ့သည်။

"ကျွန်တော်ငွေကြေးကြောင့် ဒီကို ရောက်လာဖို့မဟုတ်ပါဘူး။ ဘောလုံး သမားတိုင်းဟာ သူတို့ရဲ့
တန်ရာတန်ကြေးဈေးနှုန်းကို အမှန်တကယ်သိထားတယ်လို့ ကျွန်တော်မထင်ပါ ဘူး။ ဒါဟာ
ကလပ်အသင်းနှစ်ခု အတွင်းမှာ ဖြစ်ကြတာပါ။ ကျွန်တော့် အနေနဲ့ ဘာမှမပြောလိုပါဘူး။ ဖိအား
ဆိုတာက ကျွန်တော်ကိုယ်ပေါ် ကျွန်တော် ထားတာပဲဖြစ်မယ်။ ကျွန်တော်အကောင်းဆုံးကစားနိုင်
ဖို့ ဒီကိုရောက်လာတာပါ။ ကျွန်တော် ရာခိုင်နှုန်းပြည့် ကစားပေးရမယ်။ ကျွန်တော့်အသင်း ပွဲတိုင်း
နိုင်အောင် အသင်းကို ပံ့ပိုးဖို့ ကြိုးစားရမယ်"ဟု ဘေးလ်က ပြော သည်။

ရိုနယ်လ်ဒိုနှင့် ဘေးလ်သည် ကွင်းတွင်းနှင့် ကွင်းပြင်ပတွင် မည်သို့ အတူ တကွနေထိုင်ဆက်ဆံ
မလဲဆိုသည်ကို ထင်ကြေးအမျိုးမျိုးပေးနေကြသည်။ သို့သော် ဝေလနိုင်ငံသားက ပေါ်တူဂီ နိုင်ငံ
သားသည် ပိုကောင်းသည့် ဘောလုံးသမားတစ်ဦးအဖြစ် ရပ်တည်ဆဲ ဖြစ်ပြီး ကလပ်အသင်းတွင်
သမ္ဘာရင့် ဘောလုံးသမားပါဟု သူ့ယုံကြည်မှုကို ထပ်လောင်းအတည်ပြုသွားသည်။

ရိုနယ်လ်ဒိုက ဒီအသင်းမှာ အဓိကဘောလုံးသမားဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံး
သမားလည်း ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော် သူ့ဆီက လေ့လာဖို့လိုအပ်ပါတယ်။ သူနဲ့အတူ
ကစားရတာ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့မှာ ကြီးကျယ်တဲ့အသင်း တစ်သင်းရှိတယ်လို့ ကျွန်တော်
ထင်ပါ တယ်"ဟု ဘေးလ်က ဆက်လက်ပြော ကြားသွားခဲ့သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး