ယခုတစ်ပတ်တွင် ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲများ ကစားရမည့် အီတလီသည်
ဘူဂေးရီးယား၊ ချက် သမ္မတနိုင်ငံအသင်းများကို အိမ်ကွင်း ၌ ကစားရမည်ဖြစ်သော်လည်း လူ
အပြောင်းအလဲများ ရှိလာနိုင်သည်ဟု ဘောလုံးကျွမ်းကျင်သူများက သုံးသပ် ကြသည်။
အီတလီသည် စက်တင်ဘာလ ၆ တွင် ဘူဂေးရီးယား၊ စက်တင်ဘာ ၁၀ တွင် ချက်တို့နှင့် အိမ်
ကွင်းပွဲစဉ်များ ဆက်တိုက်ကစားရမည် ဖြစ်သည်။ ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲတွင်
အီတလီသည် အုပ်စု(B)၌ လေးပွဲနိုင်၊ နှစ်ပွဲသရေ၊ ၁၄ မှတ်ဖြင့် ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာ
မှ ဘူဂေးရီးယားကို လေးမှတ်၊ တတိယ နေရာမှ ချက်ကို ငါးမှတ် အသီးသီး ဖြတ်ထားသည်။
သို့ကလိုကြောင့် ယခု တစ်ခေါက် အိမ်ကွင်း၌ အဓိက ပြိုင်ဘက် များဖြစ်သော ဘူဂေးရီးယား၊
ချက် တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများသည် အရေးပါလျက်ရှိသည်။ အီတလီသည် ယင်းနှစ်သင်းကို
အဝေးကွင်းပွဲစဉ် များ၌ သရေကစားထားသည်။
ဘူဂေး ရီးယားကွင်းတွင် ၂-၂ ကစားထားပြီး ချက်မြေပေါ်တွင် ၀-၀ ကစားထားရာ ယခုတစ်ခေါက်
အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အီတလီတို့ အတွက် အိမ်ရှင်အားသာချက်ရှိခြင်းနှင့်
အခွင့်သာနေသည်။ ဘောလုံးကျွမ်းကျင်သူများက အီတလီအသင်းတွင် လူအပြောင်းအလဲများ
ဖြစ်ပေါ်လာဖွယ်ရှိသည် ဟု သုံးသပ်ရခြင်းမှာ မကြာသေးမီက အီတလီတို့ ကစားခဲ့သည့် ခြေစစ်
ပွဲနှင့် ခြေစမ်းပွဲ၌ ထွက်ပေါ် လာသော ခြေစွမ်း နှင့် ရလဒ်များပေါ်တွင် ကောက်ချက်ဆွဲကြခြင်း
ဖြစ်သည်။
အီတလီအသင်းသည် ၂၀၁၃ ခုနှစ်၊ ဇွန်လ ရ ရက်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ချက်နှင့် ၀-၀
သရေကျသည်။ တစ်ဖန် ဇွန်လ ၁၁ ရက်တွင် ဟေတီ ကဲ့သို့ မထင်မရှားအသင်းကို ၂-၂ သရေ
ကျသည်။ ထို့နောက် ဩဂုတ်လ ၁၄ ရက် တွင် အာဂျင်တီးနားနှင့် ခြေစမ်းရာ၌ ၂၁ ဖြင့် အရေးနိမ့်
ခဲ့သည်။
ထိုသုံးပွဲ စလုံးတွင် ထွက်ပေါ်ခဲ့သော အီတလီ ခြေစွမ်းမှာ အကျဘက် 'ယိုင်'လာ ကြောင်း ကျွမ်း
ကျင်သူများက ထောက်ပြ ကြသည်။ အီတလီအသင်း နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်ဖြစ်သော
အာဂျင်တီးနား နှင့် ခြေစမ်းပွဲတွင် နည်းပြပရန်ဒယ်လီ သည် လူနှင့်ကစားကွက် အပြောင်း အလဲ
များ ပြုလုပ်ခဲ့သည်ကို တွေ့ရ သည်။
အီတလီအနေအထားသည် ဂိုးသွင်းခြေစွမ်းထက်မြက်လာသော အေစီမီလန်တိုက်စစ်မှူး ဘာလို
တယ်လီနှင့် ၀ါရင့်ကွင်းလယ်ဖန်တီးရှင် ပီယာလိုတို့ပေါ်တွင်မှီခိုလွန်းအားကြီးသောကြောင့် ၎င်းတို့
နှစ်ယောက် မပါ၀င်နိုင်သည်ဖြစ်စေ၊ ခြေစွမ်းမပြနိုင်လျှင် ဖြစ်စေ၊ ပြိုင်ဘက်အသင်းက အပိုင်
လူကပ်ထိန်းချုပ်လိုက်လျှင်ဖြစ်စေ အီတလီတို့ 'ရစ်သမ်' ပျက်ပြီး ကစား ကွက် 'တည်'မရဘဲ
ဖြစ်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
တစ်ဖန် ပြီးခဲ့သော ခြေစမ်းပွဲနှစ်ပွဲ ဆက်တိုက်တွင် တစ်ပွဲကို နှစ်ဂိုးစီသွင်းခံ ခဲ့ရသော အီတလီ
နောက်တန်းသည် လည်း လုံခြံုကျစ်လျစ်မှုကျဆင်းသွား သည်ဟု ကျွမ်းကျင်သူများက ထောက်
ပြ ကြသော်လည်း ခြေစမ်းပွဲဖြစ်သည့်အလျောက် လူနှင့် ကစားကွက် စမ်းသပ် နေသောကြောင့်
လက်ခံဖွယ်ရာရှိ သည်။
သို့ရာတွင် ကမ္ဘာ့ဖလားခြေစစ် ပွဲအဖြစ် ချက်နှင့် ကစားခဲ့ရာတွင် ဂိုးမသွင်းနိုင်ခြင်း၊ တစ်ဖန် တိုက်
စစ်မှူး ဘာလိုတယ်လီသည် သုံးမိနစ်အတွင်း အဝါကတ်နှစ်ကြိမ်ထိပြီး ထုတ်ပယ်ခံ လိုက်ရခြင်း
အစရှိသောအချက်များ ကြောင့် နည်းပြ ပရန်ဒယ်လီ၏ တိုက်စစ် နည်းပရိယာယ်ပိုင်းကို စော
ကြောစပြု လာသည်။
အီတလီနည်းပြ ပရန်ဒယ်လီသည် ခြေစွမ်းပျောက်နေသော အေစီမီလန် တိုက်စစ်မှူး အဲလ်ရှာဝီ
နေရာတွင် အစားထိုးရန် တိုက်စစ်မှူးများ စမ်းသပ် ခဲ့ရာတွင် အာဂျင်တီးနားနှင့် ခြေစမ်းပွဲတွင်
အသက် ၂၂ နှစ်ရှိ နာပိုလီ တိုက်စစ်မှူး အင်ဆစ်ဂနီကို ထည့်သွင်း ခဲ့ရာ ၎င်းသည် ထိုပွဲတွင်
အီတလီ အတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူ နိုင်ခဲ့သည်။
အာဂျင်တီးနားနှင့် ခြေစမ်းပွဲအပြီးတွင် နည်းပြ ပရန်ဒယ်လီ က ယူ-၂၁ လက်ရွေးစင်အသင်းမှ
'ဆွဲတင်'လိုက်သော ကစားသမားများ အနက် အင်ဆစ်ဂနီနှင့် ပီအက်စ်ဂျီ ကွင်းလယ်လူ မာကို
ဗာရက်တီတို့ကို အားရကျေနပ်မိကြောင်း ပြောဆို သွားသည်။ တစ်ဖန် ရိုးမားအသင်းမှ ဆောက်
သမ်တန်သို့ ပြောင်းသွားသော ၀ါရင့်တိုက်စစ်မှူး အော့စဗဲလ်ဒိုသည် ၂၀၁၂ ခုနှစ်က အီတလီ
အသင်းကစားခဲ့သော ခြေစစ်ပွဲများတွင် တောက်လျှောက် ဂိုးသွင်းပေးနိုင်ခဲ့ သော်လည်း ၂၀၁၃
ခုနှစ်တွင် ခြေစွမ်းပျောက်သွားသည်။
အာဂျင်တီးနားနှင့်ပွဲတွင် နည်းပြပရန် ဒယ်လီသည် အော့စ်ဗဲလ်ဒိုကို 'အထောင် တိုက်စစ်မှူး' နေရာ
တွင်ထားပြီး လာဇီ ယိုကွင်းလယ်လူ ကန် ဒရီဗာနှင့် ဆန်းဒါးလန်းကွင်းလယ်လူ ဂီယာချီရီနီတို့ကို
တောင်ပံနှစ်ဖက်တွင် ျကစစသမအျအမငုနမ အဖြစ် ကစားစေကာ ၄-၃-၂-၁ ကစားကွက်ကို စမ်း
သပ်ခဲ့သည်။
ထိုပွဲ တွင် အော့စဗဲလ်ဒို ခြေစွမ်းမပြနိုင်ဘဲ ဒုတိယပိုင်း ၄၆ မိနစ်တွင် ကန်ဒရီဗာ အစား လူစား
ထည့်သွင်းလိုက်သော တိုက်စစ်မှူး အင်ဆစ်ဂနီက ရ၆ မိနစ် တွင် အီတလီအတွက် တစ်လုံးတည်း
သော ချေပဂိုးကို သွင်းယူနိုင်ခဲ့သည်။ သို့ကလိုကြောင့် ယခုတစ်ခေါက်ကစား မည့် ကမ္ဘာ့ဖလား
ခြေစစ်ပွဲတွင် အီတလီ တိုက်စစ်သည် အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများ
က ယူဆကြသည်။
ထိုအချက်ကို ပိုမိုခိုင်မာသွားစေသည်မှာ မကြာသေးမီက နည်းပြပရန် ဒယ်လီ၏ ပြောဆိုချက်ဖြစ်
သည်။ ပရန် ဒယ်လီက လိုအပ်ပါက ၂၀၀၆ ကမ္ဘာ့ ဖလားအောင်ပွဲရ ၀ါရင့်ကစားသမားများဖြစ်သော
တော့တီ၊ ဒဲလ်ပီယာရို တို့ကို တံခါးဖွင့်ပေးထားမည်ဟု ပြော ဆိုလိုက်သည်။
လေ့လာသူအချို့က ပရန်ဒယ်လီအနေဖြင့် ယင်းသို့ ပြောဆို လိုက်ရခြင်းမှာ လက်ရှိ လက်ရွေးစင်
များ ကစားသမား များ၏ 'ညှစ်အား'ကို ရယူလိုခြင်းကြောင့် သာ တစ်ဖက်လှည့် ဖြင့် ပြောဆိုခြင်း
ဖြစ်သည်ဟု ယူဆကြ သည်။
သို့ရာတွင် အခြားတစ်ဖက်ကလည်း လူငယ်များဖြင့် အသင်းကို တည် ဆောက်ရာတွင် နာမည်ကြီး
သော ပရန်ဒယ်လီကိုယ်တိုင် သူ့အသင်းကို ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်း သည် စိုးရိမ်ရ
သော အနေအထားနှင့် ရင်ဆိုင်လာရပြီဟု ၀န်ခံလိုက်ခြင်း လည်း ဖြစ်သည်။
အီတလီတွင် ပင်ကိုထူးချွန်သော လူငယ်ဘောလုံးသမားလေးများ ပုံမှန် ထွက်ပေါ်လာသော်လည်း
၎င်းတို့ သည် နောက်ထပ်တစ်ဆင့် (ညနထအ ူနလနူ) သို့ တက်ရောက်နိုင်ရန် 'တစ်ခုခု' လိုအပ်
နေသည်ဟု ခံစားမိကြောင်း ပရန်ဒယ်လီက ပြောဆိုသည်။
သို့ကလို ကြောင့် လိုချင်သော အရည်အသွေးမျိုး ထွက်ပေါ်လာစေရန် ပရန်ဒယ်လီသည် လိုအပ်
ပါက ၂၀၀၆ ကမ္ဘာ့ဖလား အောင်ပွဲရ ၀ါရင့်ကစားသမားများကို ပြန်လည်ခေါ်ယူရန် စဉ်းစားနေရပြီ
ဟု ပြောဆိုခဲ့ခြင်း ဖြစ်မည်။
ဟေတီ၊ အာဂျင်တီးနားတို့နှင့် ခြေစမ်းပွဲများ အပြီးတွင် ထွက်ပေါ်လာ သော အခြားဝေဖန်ချက်တစ်
ခုမှာ ကွင်းလယ်တွင် အသက်အရွယ်အရ အကျပိုင်း ရောက်လာပြီဖြစ်သော ပီယာလိုကို မှီခိုလွန်း
ခြင်းဖြစ်သည်။
သို့ရာတွင် အာဂျင်တီးနားနှင့် ခြေစမ်းပွဲ ၌ မာကိုဗာရက်တီကို ထည့်သွင်း စမ်းသပ်ရာ ကျေနပ်အား
ရမိကြောင်း ပရန်ဒယ်လီက ပြောဆိုထားသည်။ တိုက်ဆိုင်စွာပင် ကွင်းလယ်စတား မာချီစီယိုသည်
ဒဏ်ရာကြောင့် ယခု တစ်ခေါက် ခြေစစ်ပွဲများကို လွဲချော် မည်ဖြစ်ရာ အီတလီကွင်းလယ်တွင်
အပြောင်းအလဲများ ဖြစ်လာတော့မည်။ နည်းပြ ပရန်ဒယ်လီက ပီအက်စ်ဂျီတွင် ခြေစွမ်းပြနေသော
၀ါရင့်ကွင်းလယ်လူ သီယာဂိုမော့တာကို ပြန်လည်ခေါ်ယူ ထားသည်။ သို့ရာတွင် ကျွမ်းကျင်သူများ
ကမူ ငယ်ဂုဏ်ရှိပြီး ကစားအားပိုကောင်းသော မာကိုဗာရက်တီကို ပွဲထုတ်ဖွယ်ရှိကြောင်း ခန့်မှန်း
ထား သည်။
ပရန် ဒယ်လီကိုယ်တိုင်ကလည်း လူငယ်များကို ဦးစားလေ့ရှိရာ ထို အချက်သည် ဖြစ်နိုင်ဖွယ်ရာရှိ
သည်။ အာဂျင်တီးနားနှင့် ခြေစမ်းပွဲတွင် ပီယာလိုနေရာ၌ မာကိုဗာရက်တီကို ထည့်သွင်းခဲ့သည်။
ရုတ်တရက် စမ်းသပ် မှုဖြစ်သောကြောင့် မာကိုဗာရက်တီ သည် ပီယာလိုကို မမီသေးပေမယ့် ပရန်
ဒယ်လီကတော့ အားရကျေနပ်မိ ကြောင်း 'ကျားကန်' ပြောဆိုထားသည်။ သို့ကလိုကြောင့် ဘူဂေး
ရီးယား၊ ချက် တို့နှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် ကစားကွက်ဖန်တီး ရှင်နေရာ၌
မာကိုဗာရက်တီကို ထည့် သွင်းကာ အပြောင်းအလဲ ပြုလုပ်မည် လောဟု လေ့လာသူအချို့က
မေးခွန်း ထုတ်ခဲ့ကြသည်။
တစ်ဖန် ဂျူဗင်တပ် ကွင်းလယ်လူ မာချီစီယိုလည်း ပါ၀င် မည်မဟုတ်သောကြောင့် ကွင်းလယ်ကို
မာကိုဗာရက်တီဖြင့် 'တည်'မည်လော၊ သို့တည်းမဟုတ် ဂျူဗင်တပ်တွင် အသုံး ပြုသကဲ့သို့ ပီယာ
လိုကို ၀န်းရံပေးသော မာချီစီယိုနေရာတွင် မာကိုဗာရက်တီ ကို ထည့်သွင်းမည်လောဆိုသည်ကို
လေ့လာသူတို့ ဝေခွဲမရ ဖြစ်သွားသည်။
အာဂျင်တီးနားနှင့်ပွဲတွင် ခြေစွမ်း မပြနိုင်သော မာချီစီယိုနေရာတွင် ထည့်သွင်းလိုက်သည့် ရိုးမား
ကွင်းလယ်လူ ဖလိုရန်ဇီသည် ထိုပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည်။ တစ်ဖန် လက်ရှိ ရိုးမားအသင်းသည်
စီးရီးအေနှစ်ပွဲဆက်တိုက် ဂိုးပြတ်များဖြင့် အနိုင်ရ ခဲ့ရာတွင် ဖလိုရန်ဇီသည် အဓိကပါ၀င်ခဲ့ပြီး
ဂိုးသွင်းနိုင်ခြင်းကြောင့် အီတလီကွင်းလယ်တွင် ပွဲထုတ်ခံရဖွယ်ရှိသည်။
ဖြစ်နိုင်ခြေတစ်ခုမှာ မာချီစီယို မပါ၀င် နိုင်ချိန်တွင် ပြန်လည်ခေါ်ယူထား သော သီယာဂိုမော့တာ၊
မာကိုဗာရက်တီနှင့် ဖလိုရန်ဇီတို့ သုံးယောက်အနက်မှ တစ်ဦးတော့ ပါ၀င်ခွင့်ရမည် ဖြစ်သည်။ ကွင်း
လယ်တွင် ဖလိုရန်ဇီ (၂၂ နှစ်)၊ ဗာရက်တီ (၂၀ နှစ်)တို့ကို ထည့်သွင်းခြင်းအားဖြင့် ကွင်းလယ်
ပျမ်းမျှအသက်ကို လျှော့ချနိုင်ပြီး ပါ၀ါနှင့် ပြေးအား တိုးတက်လာနိုင်သည်။ တစ်ဖန် အာဂျင်တီးနား
နှင့်ပွဲတွင် ရိုးမားကွင်းလယ်လူ ဒီရော့စီကို ဗဟို ခံစစ်နေရာ ပြောင်းကစားစေခဲ့သည်။
ယင်းပွဲအပြီးတွင် နည်းပြပရန်ဒယ်လီ က ဒီရော့စီသည် ဥရောပတွင် အကောင်း ဆုံး ဗဟိုနောက်ခံ
လူတစ်ယောက် ဖြစ်လာနိုင်သည်ဟု ပြောဆိုခဲ့ရာ ထို စကားကို အဓိပ္ပာယ်ကောက်လိုက်လျှင် အီ
တလီကွင်းလယ်သာမက ခံစစ်ကြောင်းတွင်ပါ အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဆိုသော သ
ဘောသွား ပေါ်လွင်နေသည် မဟုတ်ပါလား။ ယခုတစ်ခေါက် ကစားမည့်ခြေစစ်ပွဲ တွင် အင်တာ
မီလန်နောက်ခံလူ ရာနို ချီယာ ပြန်လည်ပါ၀င်လာမည်ဖြစ်သောကြောင့် နည်းပြ ပရန်ဒယ်လီ
အတွက် အားတက်စရာဖြစ်သည်။
သို့ရာတွင် အေစီမီလန်နောက်ခံလူ ဒီဆစ်ဂလီယို ဒဏ်ရာရထားသော ကြောင့် ဘယ်တောင်ပံ
ခံစစ်အတွက် နည်းပြ ပရန်ဒယ်လီ 'ခေါင်းကိုက်' စရာ ဖြစ်လာသည်။ ၀ါရင့်နောက်ခံလူများ ဖြစ်
သော မက်ဂီယို(နာပိုလီ)၊ အန်တိုနယ်လီ (ဂျီနိုအာ)တို့နှင့်အတူ လူငယ် နောက်ခံလူများဖြစ်သော
အက်စတိုရီ (ကက်ဂလီယာရီ)၊ ဒီဆဲလ်ဗက်စတြီ (ဆမ်ဒိုးရီးယား)တို့ကို ခေါ်ယူထားရာ အီတလီ
နောက်တန်းတွင် အပြောင်းအလဲများ ရှိလာနိုင်သည်။ ခြံုကြည့်လျှင် အာဂျင်တီးနားနှင့် ခြေစမ်းပွဲ
တွင် ထည့်သွင်းခဲ့သော ဖလိုရန်ဇီ၊ အင်ဆစ်ဂနီ၊ မာကို ဗာရက်တီ တို့ကို ထည့်သွင်းခဲ့လျှင်
အီတလီ အသင်း သည် ပျမ်းမျှအသက် လျှော့ချနိုင်မည်ဖြစ်ပြီး ပါ၀ါနှင့် ကစားအား တိုးတက်
လာမည် ဖြစ်သော်လည်း အတွေ့အကြံုရှိသူများ၏ အခန်းကဏ္ဍကို လျှော့ချလို့ မရပေ။
တစ်ဖန် နည်းပြ ပရန်ဒယ်လီကိုယ်တိုင်က လိုအပ်လျှင် ၂၀၀၆ ကမ္ဘာ့ဖလား အောင်ပွဲရ ၀ါရင့်ကစားသမားများကို ပြန်လည်ခေါ်ယူမည်ဟု ပြောဆိုထားသောကြောင့် ယခု တစ်ခေါက်
ဘူဂေးရီးယား၊ ချက်တို့နှင့် ခြေစစ်ပွဲကစားမည့် အီတလီအသင်း သည် စိတ်ဝင်စားစရာကောင်း
နေသည် ကတော့ အမှန်ပင်ဖြစ်သည်။















