ဥရောပ၏ ထိပ်တန်းလိဂ်များကိုကြည့်၍ မှ အာသာမပြေသေးမီ
နိုင်ငံတကာ ပွဲစဉ်များက ပရိသတ်၏ ရင်ခွင်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြန်သည်။ ၂၀၁၄
ဘရာဇီးလ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားတွင် ပူညံပူညံပြဿနာများ ကို ရင်ဆိုင်ကြံုတွေ့ရမည်
ဟုထင်မှတ်ထားခဲ့သူများရှိနေသော်လည်း ဖီဖာက ရောင်းချသည့် ကမ္ဘာ့ဖလားလက်မှတ် များကို
အများဆုံးဝယ်ယူသူမှာ ဘရာဇီးလ်လူမျိုးများပင် ဖြစ်နေသည်ဟု စစ်တမ်းများက ဖော်ပြနေကြ
ပါသည်။
ဘရာဇီးလ်ပြည်သူများသည် ကွန်ဖက် ဒရေးရှင်းဖလားတွင် မိမိတို့၏ မကျေ နပ်မှုများကို ထုတ်
ဖော်ပြသခဲ့ကြသော် လည်း ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်၏ ဘောလုံးချစ်သူများက
တခဲနက်အားပေးကြသူများကိုကြည့် ခြင်းအားဖြင့် ဘရာဇီးလ်၏ ဘောလုံး စိတ်ဝင်စားမှုကို
သိသာနိုင်ပါသည်။ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲများ တွင် ဇုန်နယ်အလိုက်ပြိုင်ပွဲများရှိသော်လည်း
ဥရောပဇုန်ပြိုင်ပွဲများကို ပရိသတ်များက ပို၍စိတ်ဝင်စားတတ်ကြပါသည်။ အထူးသဖြင့် အင်္ဂလန်
ပါ၀င်ယှဉ်ပြိုင်နေသောပြိုင်ပွဲများ ပါ၀င် နေသောကြောင့်ပင် ဖြစ်ပါသည်။
သို့ရာ တွင် ယခုရေးမည့်ဆောင်းပါးမှာ အင်္ဂလန်အသင်းအကြောင်းမဟုတ်ပါ။ ကမ္ဘာ့ဖလား ဥရောပ
ဇုန်ခြေစစ်ပွဲအုပ်စု (စီ)၏ ထိပ်၌ ဦးဆောင်နေသော ဂျာမနီ အသင်း၏ အနေအထားအခင်းအကျင်း
ပင်ဖြစ်ပါသည်။
အုပ်စု(စီ)တွင် ဂျာမနီအသင်း၏ အနေအထား
ကမ္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲ အုပ်စု(စီ)တွင် ဂျာမနီသည် ခြောက်ပွဲ ကစားပြီး ငါးပွဲနိုင်၊ တစ်ပွဲ
သရေကျကာ ၁၆ မှတ်ရပြီး အုပ်စုကို ဦးဆောင်နေခြင်းဖြစ်ပါသည်။ ဒုတိယနေရာမှ ဩစတြီးယား
ကို ငါးမှတ်ဖြတ်ထားနိုင် သည်ကဂျာမနီအတွက် ပို၍ကောင်း သောအနေအထားတစ်ခုကိုပေးပါသည်။
ဂျာမနီသည် ယင်းအုပ်စု(စီ)တွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များဖြစ် သော အဆင့်(၅၅)ဩစတြီး
ယား၊ အဆင့် (၃၀) ဆွီဒင်၊ အဆင့်(၄၄)အိုင်ယာလန်၊ အဆင့်(၁၄၉) ကာဇတ်စတန်နှင့် အဆင့်
(၁၇၅) ဖာရိုးကျွန်းစုတို့နှင့် ရင်ဆိုင်ဆုံတွေ့နေရခြင်းလည်းဖြစ်ပါသည်။
ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် ဂျာမနီ-ဩစတြီးယား
ပထမအကျော့ ဩစတြီးယားမြေပေါ် တွင် ဂျာမနီ ၁၂ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သော်လည်း
ခက်ခက်ခဲခဲရုန်းကန်ခဲ့ရ သည်မှာ အသေအချာပင်ဖြစ်ပါသည်။
ဂျာမနီနှင့် ဩစတြီးယားတို့သည် ပထဝီ နိုင်ငံရေးအရ နယ်နိမိတ်ချင်းထိစပ်နေသည့်နိုင်ငံများဖြစ်
သည့်အပြင် နောက်ခံ သမိုင်းကြောင်းအရလည်း ဂျာမနီဟု မပေါ်ထွန်းခင် ပရပ်ရှားဩစတြီးယား
ပြိုင်ဆိုင်မှုသည် ပိုမိုကြီးမားပြင်းထန် လာပြီး နောက်ဆုံးတွင် ပထမ ကမ္ဘာစစ် ကြီးကို ပေါ်ထွန်း
သည်အထိ ဖြစ်စေခဲ့ပါသည်။
ဗာဆိုင်းစာချုပ်အရ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရာတွင်လည်း မဟာမိတ်နိုင်ငံများသည် ဂျာမနီနှင့်
ဩစတြီးယားကို အင်အားမကြီးမားစေရန် ခွဲခြားပစ်ခဲ့ပါသည်။ သို့ရာတွင် ဩစတြီးယားတို့သည်
ဂျာမနီလက်အောက်ခံအဖြစ် ရပ်တည် နေခဲ့သည်မဟုတ်ဘဲ သူတို့၏ ဩစတြီး ယားအင်ပါယာ
တွင် တစ်ထီးတစ်နန်း စိုးစံခဲ့ကြခြင်းဖြစ်ပေသည်။
ထို့ကြောင့် ဂျာမနီမြေပေါ်တွင် ကစားရသော ဤ ပြိုင်ပွဲသည်လည်း ပြိုင်ဆိုင်မှုပြင်းထန် မည့် ပွဲစဉ်
တစ်ပွဲဖြစ်လာဖွယ်ရာ ရှိပါသည်။
ဂျိုအာချင်လို ထုတ်ပြန်ခဲ့သည့် ဂျာမနီလူစာရင်း
ဂိုးသမားနံပါတ်(၁)ဖြစ်သော ဘိုင်ယန်မြူးနစ်မှ နျူဟာ ပါ၀င်လာခြင်း သည် ဂျာမနီ၏ ခံစစ်စည်း
ကြောင်းအတွက်စိတ်ချရသော တံခါးမှူးတစ်ဦး ကို ရရှိလိုက်ခြင်းလည်းဖြစ်ပေသည်။ နောက်ခံလူ
များတွင် ဘိုင်ယန်နှင့် ဒေါ့မွန်ခံစစ်မှူးများသာ အဓိကနေရာ ရဖွယ်ရှိပြီး ဘိုတန်၊ ဟို၀က်စ်ဒ်၊ ဟမ်း
မဲလ် နှင့် ဖိလစ်လမ်းတို့မှာ နေရာရဖွယ်ရှိနေပါသည်။
အရန်အင်အားများအဖြစ် အာဆင်နယ်မှ မာတီဆက်ကာနှင့်ဒေါ့မွန်မှ ဆက်ချ်မဲလ်ဇာတို့မှာ
၀င်ရောက်အင်အားဖြည့်တင်းနိုင်သူများဖြစ်သည်။ နည်းပြဂျိုအာချင်လိုသည် ကွင်းလယ်လူအများ
အပြားကို ခေါ်ယူခဲ့ပြီး ယင်း၏ ကြံရွယ်ရင်းမှာ ကစားကွက်ဗျူဟာကို လိုအပ်သလို ပြောင်းလဲစေ
နိုင်မည့် တိုက်စစ်မှူးစစ်စစ်မပါသောကစားကွက်၊ အထောင် တိုက်စစ်မှူးနှင့် ယင်း၏နောက်ကွယ်မှ
ကွင်းလယ်ကို ချိတ်ဆက်ပေးနိုင်မည့် ကစားကွက် အများအပြားကို အသုံးပြုနိုင်ရန် ရည်ရွယ်ရင်း
ဖြစ်သည်ဟု မှတ်ယူရပါ လိမ့်မည်။ ကွင်းလယ်ကစားသမားများထဲတွင် ဘိုင်ယန်သို့ ပြောင်းရွှေ့
သွားခဲ့ပြီဖြစ် သော မာရီယိုဂေါ့ဇီ၊ ရီးယဲလ်မှ ခီဒီယာ၊ ဘိုင်ယန်မှ တိုနီကရူးစ်နှင့် သောမတ်စ် မူလာ၊
အာဆင်နယ်သို့ ပြောင်းရွှေ့သွား ခဲ့ပြီးဖြစ်သော အိုဇေးလ်၊ ဒေါ့မွန်မှ မာကိုရူးစ်၊ ရှဝိန်းစတိုင်ဂါနှင့်
ချယ်လ်ဆီးသို့ ရောက်ရှိသွားသော အင်ဒရေရှုရယ်လ် တို့အစုအဖွဲ့မှာ လွန်စွာကောင်းမွန် သည့်
အလယ်တန်းစုဖွဲ့မှုအားဖြစ်ပါ သည်။
ယင်းပုဂ္ဂိုလ်ရှစ်ဦးထဲမှ ခြောက်ဦး ကို ထုတ်သုံးပြီး ၄၆၀ ကစားဟန်ဖြင့် ဂျာမနီကစားခွင့်ရရှိနေပါ
သည်။ ရှေ့တန်းတိုက်စစ်မှူးစစ်စစ်များ အတွက်မူ ဖီအိုရင်တီးနားမှ မာရီယိုဂိုမက်ဇ်၊ လာဇီယိုမှ
ကလိုဆေးနှင့် မွန်ချင်ဂလက်ဘတ်တို့မှ မက်စ်ခရူဝီတို့ ပါ၀င်နေရာ ဂျိုအာချင်လိုသည် ၄၂၃၁
ကစားကွက်နှင့် ၄၆၀ ကစားကွက်တို့ကို အသုံးပြုရန် ရည်ရွယ် ရင်းရှိကြောင်း ဖော်ပြနေသည်
ဟု ခံစားမိပါသည်။
ဂျာမနီအနေအထားကို သုံးသပ်ခြင်း
ဂျာမနီအနေဖြင့် အုပ်စုဗိုလ်ဖြစ်ပြီး ဒုတိယနေရာမှ ဩစတြီးယားကို ငါးမှတ် ဖြတ်ထားရုံဖြင့် ကျေ
နပ်နေလိမ့်မည်ဟု မယူဆပါ။ ဩစတြီးယားမှာလည်း တတိယနှင့် စတုတ္ထနေရာမှ ဆွီဒင်နှင့် အိုင်
ယာလန်တို့၏ ဖိအားပေးမှုကိုခံနေရသည့်အတွက် လုံးဝအတိမ်းအစောင်းခံ၍မရသော အနေအ
ထားတွင်ရှိနေပေသည်။
ကာဇတ်စတန်နှင့် ဖာရိုးကျွန်းစုတို့၏ အနေအထားမှာ ၂၀၁၄ ကမ္ဘာ့ဖလားကို ကျောခိုင်း ထွက်ခွာ
သွားရပြီးဖြစ်ရကား သူတို့ အနေနှင့် မှတ်တမ်းမှတ်ရာအရသာ ကစားရတော့မည့် အနေအထားဖြစ်
နေပေသည်။ ခြံုငုံသုံးသပ်ချက်အရမူ ဂျာမနီသည် ယင်း၏စုဖွဲ့မှုကောင်းသော အင်အားဖြင့် ဩစတြီး
ယားကို အိမ်ကွင်း၌လည်းကောင်း၊ ဖာရိုးကျွန်းစုကို အဝေးကွင်း တွင်လည်းကောင်း အနိုင်ကစားမည်
ဟု ယူဆမိပါသည်။
ထိုသို့အနိုင်ကစားရန်အတွက်လည်း အင်အားစုဖွဲ့မှု ကောင်းသော အလယ်တန်း တစ်ရပ်ကို
ပိုင်ဆိုင်နေခြင်းသည် ဂျာမနီ၏ အရေး အပါဆုံးသော အားသာချက်တစ်ရပ် ဖြစ်သည်ဟုလည်း
ရှုမြင်မိပါသည်။ဂျာမနီအနေဖြင့် ထိုအုပ်စုတွင် ဂရုထား ရမည့်အသင်းများမှာ ဆွီဒင်နှင့် အိုင်ယာ
လန်သာဖြစ်ကြောင်းကိုလည်း အလျဉ်းသင့်၍ တင်ပြလိုက်ရပေသည်။















