အာဆင်နယ်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းမှ ဂျာမနီကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ကို
ကလပ်သင်း၏ ပြောင်းရွှေ့စံချိန်ဖြင့် တနင်္ဂနွေနေ့က ၀ယ်ယူခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်
အသင်းကလည်း ဖယ်လိုင်နီကို အဲဗာတန်မှ နောက်ကျပြောင်းရွှေ့မှုဖြင့် လက်မှက်ရေးထိုးသွား
ခဲ့သည်။
ပြောင်းရွှေ့ရာသီပိတ်ခါနီး နာရီပိုင်းအလိုတွင် အာဆင်နယ်အသင်းသည် အိုဇေးလ်ကို ပေါင် ၄၂
ဒသမ ၄ သန်း (ဒေါ်လာ ၆၆ သန်း၊ ယူရို သန်း ၅၀) ပြောင်းရွှေ့ကြေးဖြင့် အံ့အားသင့်ဖွယ် ၀ယ်
ယူသွားခဲ့သည်။
"ကျွန်တော်တို့ဟာ အိုဇေးလ်ကို စာချုပ်ချုပ်ခဲ့ရလို့ အရမ်းဝမ်းသာနေပါတယ်"ဟု ဈေးကြီးဘောလုံး
သမားတစ်ဦးကို စာချုပ်ချုပ်ရန် ကလပ် အသင်း ပရိသတ်များ၏ ဖိအားပေးခြင်း ခံရသော အာဆင်
နယ် မန်နေဂျာ ၀င်းဂါးက ပြောသည်။
"သူ့မှာ ကျွန်တော်မြင်တွေ့လိုတဲ့ အာဆင်နယ် ဘောလုံးသမားတစ်ဦးရဲ့ အရည်အသွေးတွေ ရှိနေ
တာကြောင့် ကျွန်တော်တို့ဟာ သူ့ကို အချိန်ကာလ အတန်ကပဲ စောင့်ကြည့်နေတာပါ"ဟု ၎င်းက
ဆက်ပြောသည်။
"အာဆင်နယ်လို ဂုဏ်သတင်းကြီး တဲ့ အသင်းကို ရောက်လာတာ ကျွန်တော် စိတ်လှုပ်ရှားမိပါ
တယ်။ ကျွန်တော် ပရီမီယာလိဂ်မှာ ကစားဖို့ကိုလည်း မျှော်လင့်စောင့်စားခဲ့ရပါတယ်"ဟု အိုဇေးလ်
က အာဆင်နယ်ဝက်ဘ်ဆိုက် ကို ပြောသည်။ ထို့အတူ မန်ယူအသင်းသည်လည်း အဲဗာတန်ကွင်း
လယ်လူ ဖယ်လိုင်နီကို ၂၇ ဒသမ ၅ သန်းဖြင့် ၀ယ်ယူခဲ့သည်။
ဖယ်လိုင်နီက အဲဗာတန်မှ ဆရာ ဟောင်း မိုယက်စ်နဲ့ ပြန်လည်ဆုံစည်း ရန် ရလာသည့် အခွင့်
အလမ်းကိုလည်း အမိအရ ဆုပ်ကိုင်နိုင်ခဲ့သည်ဟု ပြော သွားခဲ့သည်။
(အေအက်ဖ်ပီ)














