မလေးရှားနိုင်ငံ အမျိုးသားနေ့ အထိမ်း အမှတ်အဖြစ် ကျင်းပသည့် ၂၀၁၃ မာဒေးကားဖလား
ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာအသင်း
လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ လက်ရွေးစင်အသင်း လူစာရင်းတွင် ကစားသမား ၂၂ ဦး ပါ၀င် ပြီး ဆီးဂိမ်းပြိုင်ပွဲအတွက်
စုစည်းထား သည့် ယူ-၂၃ အသင်းမှ ရွေးချယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
လူစာရင်း အား မာဒေးကားပြိုင်ပွဲအတွက်သာ ရွေးချယ်ခြင်းဖြစ်ပြီး ဆီးဂိမ်း ပဏာမ ကစားသမား
စာရင်းမှာ မူလအတိုင်း ရှိနေမည် ဖြစ်သည်။
မြန်မာ ယူ-၂၃ ကစားသမားစာရင်း
ဂိုး - ပြည့်ဖြိုးအောင် (ဆောက်သမ်း)၊ ကျော်ဇင်ဖြိုး (မကွေး)
နောက်တန်း - သိန်းသန်းဝင်း (ကမ္ဘောဇ)၊ဇော်မင်းထွန်း၊ ရန်အောင် ၀င်း၊ သက်နိုင် (ရတနာပုံ)၊
အောင်ဟိန်း ကျော် (ဇေယျာရွှေမြေ)၊ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ အောင်ဇော် (ဟံသာဝတီ)၊
ဇာနည်ထက် (ရန်ကုန်)။
အလယ်တန်း ရဲလင်းအောင် (ဇေယျာ ရွှေမြေ)၊ ထူးထူးအောင်၊ ဟိန်းဇာအောင် (မကွေး)၊
နန္ဒလင်းကျော်ချစ်၊ နေလင်း ထွန်း (ဧရာဝတီ)၊ ကြည်လင်း၊ ဒေးဗစ်ထန်း၊ ဆက်ဖြိုးဝေ (ရန်ကုန်)။
ရှေ့တန်း - ကောင်းစည်သူ(ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ကျော်ဇေယျာ ၀င်း (ကမ္ဘောဇ)၊
စိုးကျော်ကျော် (ဧရာဝတီ)
မြန်မာအသင်း၏ အုပ်စုပွဲစဉ်များ
၇-၉-၁၃ ထိုင်း-မြန်မာ ည (၈း၄၅)၊
၉-၉-၁၃ မလေးရှား-မြန်မာ ည (၈း၄၅)၊
၁၁-၉-၁၃၊၊စင်ကာပူ-မြန်မာ၊ည(၈း၄၅)














