အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ မလေးရှား အသင်းဗိုလ်စွဲ

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ မလေးရှား အသင်းဗိုလ်စွဲ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အမျိုးသားအသက် ၁၆ နှစ်အောက်
အာဆီယံဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ပြီးခဲ့သည့် စက်တင်ဘာ လ ၂ ရက်နေ့က ၀ဏ္ဏသိဒ္ဓိ
ဘောလုံးကွင်း တွင် ကျင်းပပြုလုပ်ခဲ့ရာ မလေးရှား အသင်းက အင်ဒိုနီးရှားအသင်းကို ပင်နယ်
တီအဆုံးအဖြတ်ဖြင့် အနိုင်ယူ ပြီး ဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်တွင် အင်ဒိုနီးရှား အသင်းက ၂၈ မိနစ်တွင် ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း မိနစ် ၉၀
တွင် မလေး ရှားအသင်းက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့ရာ ပွဲပြီးချိန်တွင် တစ်ဖက်
တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကန်ရာတွင် မလေးရှားအသင်းက ၃၂ ဂိုးဖြင့်
အနိုင်ရရှိခဲ့ကာ စုစုပေါင်း ၄၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ တစ်နေ့တည်းတွင် ကျင်းပပြု
လုပ်ခဲ့ သော တတိယနေရာလုပွဲစဉ်တွင် ဩစတြေးလျအသင်းနှင့် ဗီယက်နမ် အသင်းတို့ တွေ့
ဆုံခဲ့ကြသည်။

တတိယ လုပွဲစဉ်သည်လည်း ပွဲပြီးသည်အထိ ဂိုးမရှိသရေကျခဲ့ရာ ပင်နယ်တီ အဆုံး အဖြတ်တွင်
ဩစတြေးလျအသင်းက ရ၆ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို ဩဂုတ်လ ၂၀ ရက် နေ့မှ
စတင်၍ ကျင်းပပြုလုပ်ခဲ့ကာ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်း
မှာ အုပ်စု အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။



ဖတ်ရှုမှုအများဆုံး