အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲ စက်တင်ဘာ ၉ ရက် စတင်ကျင်းပမည်

အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲ စက်တင်ဘာ ၉ ရက် စတင်ကျင်းပမည်

အာဆီယံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၃
ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ကို လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှ
စတင်၍ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ
အိမ်ရှင်မြန်မာ အမျိုး သမီးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် လာအို
အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် ယခုနှစ်မေလက ပါလက်စတိုင်းနိုင်ငံတွင် အာရှခြေ
စစ်ပွဲအောင် မြင်ခဲ့သည့် အသင်းကို အမာခံဖွဲ့စည်းထားသော အသင်းကောင်းတစ်သင်းဖြစ်ပြီး ဂျ
ပန်လူမျိုး နည်းပြကုမာဒါက တာဝန်ယူကိုင်တွယ်လျက်ရှိသည်။ ယခုနှစ် အာဆီယံအမျိုးသမီး ချန်
ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀ နိုင်ငံပါ၀င်ပြီး အုပ်စု နှစ်စု ခွဲ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်
သည်။

အိမ်ရှင်မြန်မာအမျိုးသမီးအသင်း သည် အုပ်စု(ခ)တွင် လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်ယူ၂၃
အသင်းတို့နှင့် ကျရောက်လျက်ရှိပြီး အုပ်စု(က)တွင် ဩစတြေးလျ၊ ဗီယက်နမ်၊ ထိုင်း၊ မလေး ရှား၊
ဂျော်ဒန်နိုင်ငံများပါ၀င်သည်။ မြန်မာအမျိုးသမီးအသင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့ ပွဲဦး
ထွက် အဖြစ် လာအိုအသင်းနှင့်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖိလစ်ပိုင်
အသင်းနှင့် လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒို နီးရှားအသင်းနှင့်လည်းကောင်း၊
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဂျပန် ယူ၂၃ အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်
ဖြစ်သည်။

အာဆီယံဒေသတွင်းပြိုင်ပွဲဖြစ်သော် လည်း ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အရှေ့ တီမော၊ စင်ကာပူနိုင်ငံ
များမှာ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမရှိသောကြောင့် ဂျပန်နှင့် ဂျော်ဒန်နိုင်ငံများက ဧည့်သည်အသင်း
များအဖြစ် ၀င်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။ အဆိုပါအာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ၏ လက်ရှိ
ချန်ပီယံမှာ ဗီယက်နမ်အမျိုးသမီးအသင်းဖြစ်ပြီး ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အအောင်မြင်ဆုံး
အသင်းများမှာ မြန်မာ၊ ဩစတြေးလျ နှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး နှစ်ကြိမ် စီ ဗိုလ်စွဲထားကြသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင် နှစ်ကြိမ်ဆက်
ဗိုလ်စွဲထား နိုင်သလို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် များတွင် ဒုတိယ ငွေတံဆိပ်ဆုများကို ရရှိခဲ့ပြီး
ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းများတွင် တစ်သင်းအပါအဝင် ဖြစ်သည်။ အဆိုပါပြိုင်ပွဲအတွက်
ကွင်းဝင်ကြေး များကို ရိုးရိုးတန်း ကျပ် ၁,၀၀၀၊ အထူး တန်း ကျပ် ၂,၀၀၀ သတ်မှတ်ထား ကြောင်း
သိရသည်။

ပြိုင်ပွဲကို တစ်နေ့ လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ လက်မှတ်တစ်စောင် ၀ယ်ယူ
ခြင်းဖြင့် ပွဲစဉ်နှစ်ပွဲကို ကြည့်ရှု နိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး