အာစင်ဝင်းဂါးတို့ ဒီတစ်ခါလုပ်ချ လိုက်မှုကတော့ အားရစရာဖြစ်သွား ခဲ့ပြီဖြစ်ပါတယ်။ မဝယ်လို့၊
မဝယ်လို့ ပြောဆိုနေကြပေမယ့် အာစင်ဝင်းဂါး ဟာ တုတ်တုတ်တောင် မလှုပ်ဘဲ တိတ်ဆိတ်နေခဲ့
တာ နောက်ဆုံးတော့ ကမ္ဘာ့ထိပ်တန်း ကွင်းလယ်သမား တစ်ဦးကို အရခေါ်လိုက်နိုင်တော့ အာဆင်
နယ်ဟာ စိတ်ဝင်စားမှုပြန်ရ လာခဲ့ပြီဖြစ်ပါတယ်။
အိုဇေးလ်ကို ဘာကြောင့်များ ရီးယဲလ်မက်ဒရစ်က ရောင်းလိုက်ပါလိမ့်လို့လည်း အတွေး ၀င်သွား
ခဲ့ကြပါတယ်။ အိုဇေးလ်ကို အာစင်ဝင်းဂါးက ယူရိုသန်း ၅၀ နဲ့ဝယ် ယူခြင်းနဲ့ ရီးယဲလ်မက်ဒရစ်က
ဂါရတ်ဘေးလ်ကို ယူရိုသန်း ၁၀၀ ပေးခြင်း မှာ ဘယ်အသင်းက ထိုက်တန်မှုရှိ သွားပါသလဲဆိုတာ
ကလည်း နှိုင်းယှဉ်စရာဖြစ်သွားခဲ့ပါတယ်။
အိုဇေးလ်ကိုသန်း ၅၀ နဲ့ ၀ယ်တဲ့ အာဆင်ဝင်းဂါးဟာ လက်တွေ့ပိုကျခဲ့ပြီး ဖလော်ရင်တီနို ပီရက်ဇ်
က ဘေးလ်ကိုသန်း ၁၀၀ ပေးဝယ်ယူခြင်းမှာတော့ စွန့်စားခြင်းက ရာနှုန်းပြည့်ဖြစ်တဲ့ အရောင်းအ
၀ယ်တစ်ခုပဲဖြစ်ပါတယ်။
ဘေးလ်တစ်ယောက် ရီးယဲလ်မက်ဒရစ်ကို ရောက်သွားလို့ ထူးခြားခြင်းထက် အိုဇေးလ်တစ်ယောက်
အာဆင်နယ်ကိုရောက်လာခြင်းက ထူးခြားမှုဖြစ်စေ ခဲ့ပါတယ်။ အရင်က အာဆင်နယ်ကွင်းလယ်
ကို ကာဇိုလာက ထိန်းကျောင်းနိုင်ခဲ့ပေ မယ့် အခုတော့ အိုဇေးလ်က ထိန်းကျောင်း ဖန်တီးလာ
တော့မှာဖြစ်လို့ အာဆင်နယ် ထူးခြားလာတော့မယ်ဆိုတာကိုအားလုံးသတိပြုလာနေကြပြီဖြစ်
ပါတယ်။
အိုဇေးလ်ဟာ ဂျာမနီဆိုပေမယ့်တကယ်တော့ သူကတူရကီတစ်ယောက် ဖြစ်ပါတယ်။ အာဆင်
နယ်ကို အပြောင်း အရွှေ့နောက်ဆုံးနေ့မှာ ရောက်လာ တော့ သူကြည့်ရတာ မကျေမနပ်ဖြစ်နေ
တဲ့ပုံပေါက်နေခဲ့ပါတယ်။ အာဆင်နယ် ကို မလာချင်တာကြောင့်လို့ ထင်ထား ပေမယ့် တကယ်
တော့ ရီးယဲလ်မက်ဒရစ် ကို တင်းနေခဲ့တာပဲဖြစ်ပါတယ်။ အစ္စကိုတစ်ယောက် ရီးယဲလ်ကိုရောက်
လာခြင်းဟာ အိုဇေးလ် အာဆင်နယ် ရောက်ဖို့ဖြစ်လာစေတဲ့ ပထမ အကြောင်း ရင်းဖြစ်ပြီး
ဘေးလ်ကို ယူရိုသန်း ၁၀၀ ပေးရလို့ တစ်စိတ်တစ်ပိုင်းကာမိ စေဖို့အတွက်လည်း ရောင်းလိုက်
ရတာ ဖြစ်ပါတယ်။
သေချာတာက ရီးယဲလ် မက်ဒရစ်အရှင်သခင် ဖလော်ရင်တီနို ပီရက်ဇ်ဟာ အစ္စကိုကိုနေရာပေးချင်
လာခြင်းက အိုဇေးလ် အာဆင်နယ်ရောက်လာဖို့ ဖြစ်စေခဲ့တာပဲဖြစ်ပါ တယ်။ အာစင်ဝင်းဂါးကလည်း
ဘေးလ် အရောင်းအဝယ်ကို စောင့်ကြည့်ရင်း၊ အစ္စကိုနေရာရလာခြင်းကို သတိပြုမိ ရာက အိုဇေးလ်
ကို ဆွဲဆောင်စည်းရုံး လိုက်နိုင်တာကလည်း အာဆင်ဝင်းဂါး ရဲ့ အရည်အသွေးပဲဖြစ်ပါတယ်။ ဖုန်းနဲ့
အကြိမ်ကြိမ်ဆက်သွယ်ပြီး စည်းရုံးခဲ့တာလို့ နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆို လာတာတွေ့ရပါ
တယ်။
အိုဇေးလ်အပေါ် ရီးယဲလ်အနေနဲ့ ယုံကြည်မှု၊ လေးစား တန်ဖိုးထားမှုတွေ လျော့ရဲလာခြင်းကို ဆုပ်
ကိုင်ပြီး အာစင်ဝင်းဂါး စည်းရုံး လိုက်တာပဲဖြစ်ပါတယ်။ အာစင်ဝင်းဂါး ကိုယ်တိုင်က ဂျာမန်စကား
ကို ကျွမ်းကျွမ်း ကျင်ကျင်ပြောဆိုနိုင်ခြင်းဟာလည်းအိုဇေးလ်ကို ပြောင်းရွှေ့လာနိုင်ဖို့ တွန်း အား
တစ်ခုဖြစ်စေခဲ့ပါတယ်။ ပရီမီယာ လိဂ်မှာ အိုဇေးလ်တစ်ယောက် မန်နေဂျာ နဲ့ ပြောဆိုဆက်ဆံဖို
့ ဘာသာစကားအခက်အခဲမရှိခြင်း၊ အာဆင်နယ်မှာ ဂျာမန်တွေဖြစ်တဲ့ မာတီဆက်ကာ၊ ပိုဒေါစကီး
တို့ ရှိနေခြင်းဟာလည်း အိုဇေးလ်ကို အထောက်အကူဖြစ်စေမှု တွေဖြစ်လာခဲ့ပါတယ်။
အိုဇေးလ် တစ်ယောက် ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာလိုက်ရခြင်းအပေါ်မှာ ကစား ဖော်တွေဖြစ်တဲ့
ရော်နယ်လ်ဒို၊ ရာမို့စ် တို့က စိတ်မကောင်းဖြစ်ခဲ့ကြသလို မက်ဒရစ် ပရိသတ်တွေဟာ ဘေးလ်
ရောက်လာခြင်းအပေါ် ကျေနပ် အားရခြင်းထက် အိုဇေးလ်ထွက် ခွာသွားခြင်းအပေါ်မှာ စိတ်
မကောင်းဖြစ်နေကြတာကတော့ ဖလော်ရင်တီနိုပီရက်ဇ် အတွက်တော့ နောင်တရ စရာလို့
ဆိုရမှာပဲဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ကတော့ အိုဇေးလ်ရဲ့ပုံရိပ်ကောင်းနဲ့အတူ စိတ်ဝင်စားမှုက ပြန်ပြီး အသက်ဝင်
လာခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကို ကြည့် လိုက်ရင် တိုက်စစ်က အားနည်း နေတာကိုတွေ့ရမှာ
ပဲဖြစ်ပါတယ်။ ဒီနေရာမှာ မော်ရင်ညို၊ ပယ်လီဂရီနီတို့ နဲ့မတူတဲ့ အာဆင်ဝင်းဂါးရဲ့ ရည်ရွယ် ချက်
ကိုတွေ့ရမှာပဲဖြစ်ပါတယ်။
အခု နောက်ပိုင်းမှာ ဥရောပအသင်းကြီး အတော်များများဟာ ၄-၂-၃-၁ နည်း စနစ်ကိုပဲ သုံးလာ
နေကြတာကို သတိပြုမိကြမှာပါ။ ဒီနည်းစနစ်မှာ တိုက်စစ်မှူးအထောင် တစ်ဦးသာရှိထား ပြီး
အဓိကအားပြုထားခြင်းမဟုတ်ဘူး ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ကွင်းလယ်က တိုက်စစ်ကို
လိုက်ပါ ကစားတဲ့ သုံးဦးကသာ အခရာဖြစ် တယ်ဆိုတာကို နားလည်ရမှာပဲဖြစ်ပါ တယ်။
ဒါကြောင့်အထောင်တိုက်စစ် အတွက် တိုက်စစ်မှူးတွေအများအပြား ရှိနေဖို့မလိုဘဲ ကွင်းလယ်
ကစားသမား တွေအများအပြားရှိနေခြင်းကသာ အဓိကကျနေပါတယ်။ ချယ်လ်ဆီးမှာ တိုက်စစ်မှူး
တွေများနေတာ၊ မန်စီးတီး မှာ တိုက်စစ်မှူးတွေ များနေခြင်းဟာ သာဓကပဲဖြစ်ပါတယ်။
အာစင်ဝင်းဂါး ကျတော့ တိုက်စစ်ထက် ကွင်းလယ်ကို အားကိုးအားထား တည်ဆောက်နေ တာက
မတူသော မဟာဗျူဟာတွေပဲ ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ် မှာ ပြင်သစ်တိုက်စစ်မှူးဂျီရောက်
နာသွား ရင် ဘယ်လိုလုပ် မလဲဆိုတဲ့ ပြဿနာရှိ လာနိုင်ပါ တယ်။ အသင်းကိုပြန်ကြည့်လိုက်ရင်
အရန် တိုက်စစ် မှာ ဘန်တနာရှိနေပါတယ်။ ၀ယ်ထားတဲ့ ဆာနိုဂိုရှိနေပါတယ်။ ဒါကိုမှ မသုံးဘူး
ဆိုရင် ၀ဲလ်ကော့ကို အထောင်တိုက်စစ်မှာ သုံးလို့ရနေ တယ်ဆိုတာ မနှစ်ကရာသီမှာ စမ်းသပ်
ထားခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် တိုက်စစ်မှူးကောင်းကောင်းကို မဝယ်တော့တာလို့ပဲ ယူဆနေမိပါ တယ်။ ၀င်းဂါးဟာ
အပြောင်းအရွှေ့ အစောပိုင်းမှာ ဟီဂူအင်ကိုဝယ်ဖို့ ပြင်ဆင်ပါသေးတယ်။ ဆွာရက်ဇ်ကိုဝယ်ဖို့ကြိုး
စားပါသေးတယ်။ နောက်ပိုင်းမှာ ငြိမ်သွားတာကို သတိပြုမိကြ မယ်ထင်ပါတယ်။
နောက်ဆုံးမှာ အိုဇေးလ်ကိုပဲ ရအောင်ခေါ်ယူလိုက် ခြင်းက အာစင်ဝင်းဂါးရဲ့ ဒီရာသီ Plan ကို
ပြသလိုက်တာပဲဖြစ်ပါတယ်။ အိုဇေးလ်ဟာ မနှစ်ကလာလီဂါမှာရီးယဲလ်အတွက် ၂၃ ပွဲ ဦးစားပေး
ကစားခဲ့ရပြီး ကိုးပွဲကလူစားဝင်ကစား သွားခဲ့ပါတယ်။ ကိုးဂိုး သွင်းခဲ့ပြီး ၁၃ ဂိုး ဂိုးရအောင်ဖန်တီး
ပေးနိုင်ခဲ့တဲ့ ကွင်းလယ် Playmaker တစ်ဦးပဲ ဖြစ်ပါတယ်။ ဖြတ်တင်ဘောတွေ ပေးရာမှာ
အကောင်းဆုံး ပေးပို့ နိုင်စွမ်းရှိသူဖြစ်သလို ကွင်းလယ်ဖန်တီးပေးမှုပိုင်းတွေ မှာလည်း ထူးခြား
ကောင်းမွန် တဲ့ ကစားသမားပဲဖြစ်ပါ တယ်။
ပြီးတော့တည်ကန်ဘောတွေကို အကောင်းဆုံး စွမ်းဆောင်နိုင်သူလည်းဖြစ်ပါတယ်။ ဒီအချက်သုံး
ချက်ဟာ အိုဇေးလ်ရဲ့ အားအသာဆုံးအချက်တွေပဲဖြစ်ပါတယ်။နောက်ချန် တိုက်စစ်မှူး နေရာက
ကစားနိုင်သလို ညာတောင်ပံကိုလည်း ထွက်ကစား နိုင်တာကြောင့် ၀ဲလ်ကော့ဒ်နဲ့ အိုဇေးလ် ဟာ
ကွင်းလယ်ကိုချိန်းနိုင်စွမ်းရှိလာ ဖွယ်ရှိနေပါတယ်။
ရီးယဲလ်မက်ဒရစ်မှာ ရော်နယ်လ်ဒို ဂိုးတွေသွင်းနိုင်မှုမှာ အများအပြား ဖန်တီးပေးနိုင်သူဟာ
အိုဇေးလ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း ရော်နယ်လ်ဒိုက ပြိုင်ဘက်ဂိုးပေါက် ရှေ့ရောက်
ရင် ကျွန်တော်ဘယ်နေရာ မှာ ဘယ်လိုပုံစံနဲ့ နေရာယူနိုင်တယ် ဆိုတာသိတဲ့သူဟာ အိုဇေးလ်ဖြစ်ပါ
တယ်လို့ ရော်နယ်လ်ဒိုက ဖွင့်ဟပြောဆို လိုက်တာကိုကြည့်ရင် ရော်နယ်လ်ဒို ဟာ အိုဇေးလ်
အပြောင်းအရွှေ့အပေါ် မှာ စိတ်ပျက်သွားတယ်ဆိုတာသိသာ နေပါတယ်။
အာစင်ဝင်းဂါးအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ထိပ်တန်းကစားသမားတစ်ယောက် ကို
ရအောင်ခေါ်လိုက်နိုင်တာကလည်း ဝေဖန်မှုတွေကို တိတ်ဆိတ်သွားစေ တာအမှန်ပဲဖြစ်ပါတယ်။
ဘွန်ဒက်စ် လီဂါကလပ် ရှော်လ်ကေးမှာ၊ ၀ါဒါဘရီ မင်မှာ ကစားခဲ့တဲ့ အိုဇေးလ်အနေနဲ့ ပရီမီယာ
လိဂ်မှာ အထိုင်ကျဖို့အတွက် တော့ အခက်အခဲမရှိနိုင်ပါဘူး။ သူ့ရဲ့ ပထမဆုံးအာဆင်နယ်ပွဲက
ဆန်းဒါး လန်းနဲ့ အဝေးကွင်းပွဲဖြစ်နေလို့ လာမယ့် အပတ်ထဲမှာ အိုဇေးလ်ခြေစွမ်းကို မြင်တွေ့ရတော့
မှာဖြစ်ပါတယ်။
အာဆင် နယ်တိုက်စစ်မှာ ကာဇိုလာ၊ ၀ဲလ်ကော့ဒ် တို့နဲ့အတူ ပွဲထွက်လာမယ့် အိုဇေးလ်ကို အာစင်
၀င်းဂါး ဘယ်လိုပုံသွင်းမလဲ ဆိုတာ ဒီရာသီအာဆင်နယ်ရဲ့အနေ အထားကိုစိတ်ဝင်စားဖွယ်ရာ ဖြစ်
လာ တာတော့ သေချာနေပါရဲ့။















