မန်ယူ-ခရစ္စတယ်ပဲလေ့စ်
မန်ယူကတော့ နှစ်ပွဲဆက်တိုက် အဓိကပြိုင်ဘက်တွေနဲ့တွေ့ပြီး နိုင်ပွဲပျောက်ခဲ့ သလို ဂိုးပေါက်ပါ
ပျောက်သွားခဲ့ပါတယ်။ ခရစ္စတယ်ကတန်းတက်အသင်း ဆိုပေမယ့်
ဂိုးသွင်းအားတစ်ခုရှိနေပါတယ်။ မန်ယူနိုင်မယ်ဆိုတာသေချာ ပေမယ့် သုံးဂိုးပြတ်နိုင်ပါ့မလား။
ခရစ္စတယ်ကိုရွေးရမှာပါ။
ဗီလာ-နယူးကာဆယ်
ဒီပွဲကသိပ်ပြီးခြေမကွာကြပါဘူး။ ဗီလာခံစစ်အားနည်းနေပါတယ်။ နယူး ကာဆယ်က မန်စီးတီးကို
ရှုံးပေမယ့် နောက်ဆုံးနှစ်ပွဲမှာ ပေးဂိုးမရှိဘဲ လေးမှတ် ရယူထားပါတယ်။ သရေကျဖို့များနေပြီး ဂိုး
လည်းနည်းနိုင်တဲ့ပွဲဖြစ်ပါတယ်။
ဟားလ်စီးတီး-ကာဒစ်ဖ်
တန်းတက်နှစ်သင်းတွေ့နေတဲ့ပွဲဖြစ်ပါတယ်။အကြောင်းသိတွေဖြစ်ပါတယ်။ ပြင်ဆင်ထားမှုအပိုင်း
မှာ ဟားလ်စီးတီးက ပိုပြီးကောင်းနေပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးက သရေပွဲဖြစ်သလို ဂိုးနည်းမယ့်
ပွဲဖြစ်လာနိုင်ပါတယ်။
ဖူလ်ဟမ်-၀က်စ်ဘရွန်း
ဒီနှစ်သင်းလည်းသိပ်ပြီးမကွာကြပါဘူး။ ပြင်ဆင်ထားတဲ့အားမှာတော့ ဖူလ်ဟမ် က ပိုပြီးပြင်ဆင်
အားကောင်းနေပါတယ်။ ဖူလ်ဟမ်အိမ်ကွင်းကစားအားကောင်းလို့ ၀က်စ်ဘရွန်း အခက်တွေ့နိုင်
တဲ့ပွဲဖြစ်လာနိုင်ပါတယ်။ ဖူလ်ဟမ်နိုင်မယ့်ပွဲပါ။
စတုတ်-မန်စီးတီး
စတုတ်ခြေစွမ်းကောင်းနေပါတယ်။မန်စီးတီးမှာ နောက်တန်းက ကွန်ပနီ၊ ဒီမစ်ချယ်လီတို့ မကစားနိုင်
တာ အားနည်းချက်ပဲဖြစ်ပါတယ်။ မန်စီးတီးခက်ခက် ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။ ဂိုးအနည်းကို
အားရမိပါတယ်။
ဆန်းဒါးလန်း-အာဆင်နယ်
ဆန်းဒါးလန်းနည်းပြ ဒီကာနီယိုရဲ့ စီမံပုံတွေက အားရစရာမရှိပါဘူး။ နောက်တန်း အတွင်းမှာ ဒဏ်
ရာရပွဲပယ်ကစားသမားတွေရှိနေလို့ ခံစစ်အားနည်းနေပါတယ်။ အာဆင်နယ်ကတော့ အိုဇေးလ်
ရောက်လာမှုအောက်မှာ စိတ်ဓာတ်ပိုင်း ပြောင်းလဲနေပါတယ်။ ဒီပွဲမှာ အာဆင်နယ်အနိုင်ရသွားနိုင်
ပါတယ်။
စပါး-နော်ဝစ်ချ်
စပါးဟာနောက်ဆုံးကစားတဲ့ပွဲမှာ အာဆင်နယ်ကိုရှုံးသွားတာကြောင့် အခုပွဲကို ဂရုစိုက်ကစားလာ
ပါလိမ့်မယ်။ နော်ဝစ်ချ်က အဝေးကွင်းဆိုရင် ကစားအားမကောင်းပါဘူး။ ဟာလ်းစီးတီးကွင်းမှာ
လည်း နော်ဝစ်ချ် ရှုံးနိမ့်ခဲ့ပါတယ်။ ဂိုးသွင်း အားမကောင်းတဲ့ စပါး ဂိုးသွင်းအားကောင်းလာမယ့်ပွဲ
ဖြစ်လာပါလိမ့်မယ်။
အဲဗာတန်-ချယ်လ်ဆီး
အဲဗာတန်ကတော့ ကစားပြီးတဲ့သုံးပွဲမှာ သရေတွေချည်းကျထားပါတယ်။ ကစားအားကောင်းပြီး
ဂိုးသွင်းနိုင်ခြင်းမရှိတာကြောင့် သရေတွေကျခဲ့တာပါ။ မော်ရင်ညိုဟာ အဲဗာတန်ကွင်းရောက်ရင်
ခက်ခက်ခဲခဲကစားရလေ့ရှိပါတယ်။ အဲဗာတန်နောက်ထပ်သရေပွဲဖြစ်လာနိုင်လို့အဲဗာတန်ကိုရွေး
ရမှာဖြစ်ပါတယ်။
ဆောက်သမ်တန်-၀က်စ်ဟမ်း
ဆောက်သမ်တန်ဟာ ဒီရာသီမှာ ပြင်ဆင်မှုပိုင်းအားကောင်းနေပါတယ်။ ၀က်စ်ဟမ်းက ပွဲဦးထွက်
မှာ ရလဒ်ကောင်းပေမယ့် နောက်ဆုံးကစားတဲ့ပွဲမှာစတုတ် ကို အိမ်ကွင်းမှာ ရှုံးပွဲတွေ့ထားပါတယ်။
ဆောက်သမ်တန်အနိုင်ရသွားမယ့်ပွဲပါ။
ဆွမ်ဆီး-လီဗာပူး
မန်ယူကို အိမ်ကွင်းမှာ နိုင်လိုက်တာဟာ လီဗာပူးအတွက် အားတက်စရာ ဖြစ်သွားပါတယ်။ ဘရန်
ဒန်ရော်ဂျာနဲ့ အသင်းဟောင်းဆွမ်ဆီးတို့ တွေ့တဲ့ပွဲ လည်းဖြစ်လို့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။
ဆွမ်ဆီးအကောင်းဆုံး ပြင်ဆင် ထားနိုင်လို့ လီဗာပူးထက် ဆွမ်ဆီးကိုပဲကြိုက်မိပါတယ်။














