နာဒါးလ်နဲ့ ဆရီနာတို့ လက်စွမ်းပြခဲ့တဲ့ ယူအက်စ်အိုးပင်း

နာဒါးလ်နဲ့ ဆရီနာတို့ လက်စွမ်းပြခဲ့တဲ့ ယူအက်စ်အိုးပင်း

အမေရိကန်ပြည်ထောင်စု နယူးယောခ့် မြို့က Billie Jean King National Tennis Centre မှာ
ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာကျော် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲဟာ အခုနှစ် ဂရင်းဆလမ်ပွဲစဉ်
လေးရပ်အနက် နောက်ဆုံးပိတ်ပွဲစဉ် ကြီးဖြစ်သလို ဆုကြေးအမြင့်ဆုံး ချီးမြှင့် တဲ့ပြိုင်ပွဲဖြစ်တာကြောင့်
အားကစား ပရိသတ်တွေရော တင်းနစ်စူပါစတားတွေပါ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အထင် ကရပွဲစဉ်
တစ်ရပ်ပဲဖြစ်ပါတယ်။

Hard Court  မျက်နှာပြင် အမျိုးအစားမှာ ယှဉ်ပြိုင်ရတဲ့ (၁၃၃) ကြိမ်မြောက် ယူအက်စ်အိုးပင်း
တင်းနစ် ပြိုင်ပွဲကို ဩဂုတ် ၂၆ ရက်နေ့ကနေ စက်တင်ဘာ ၉ ရက်နေ့အထိ ခြိမ့်ခြိမ့် သဲသဲ ကျင်းပ
နိုင်ခဲ့ပြီး ပွဲမစတင်ခင် ကတည်းက ဗိုလ်စွဲလိမ့်မယ်လို့ ဆီဒင် ပေးခံထားရသူ ထိပ်တန်းတင်းနစ်
စတားနှစ်ဦးကပဲ လက်စွမ်းပြ ဗိုလ်စွဲခဲ့ တာကြောင့် မှန်းချက်နဲ့ ကိုက်တဲ့နှစ်လို့ ဆိုရမှာပါပဲ။

ဆရီနာ

ပရိသတ်စိတ်ဝင်စားတဲ့ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ဆီဒင် (၃) ရရှိထားသူ ရာဖေးနာဒါးလ်က
ကမ္ဘာ့ နံပါတ်(၁)ဂျိုကိုဗစ်ကို အနိုင်နွှဲခဲ့သလို ဆီဒင်(၁) ရရှိတဲ့ ဆရီနာဝီလျံကပဲ အမျိုးသမီးတစ်ဦး
ချင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကလည်း စပိန်ပရိသတ် တွေ၊ အမေရိကန်ပရိသတ်တွေအတွက် ကျေနပ်
ရွှင်မြူးစရာဖြစ်ခဲ့ရတာ အမှန်ပါပဲ။

ဆားဘီးယား တင်းနစ် ချန်ပီယံ ဂျိုကိုဗစ်နဲ့ မြေစေး ဘုရင် နာဒါးလ်တို့ရဲ့ဗိုလ်လုပွဲ ဟာ အခုနှစ်
တင်းနစ်ပြိုင်ပွဲ တွေရဲ့ အကောင်းဆုံးပွဲတစ်ပွဲ လို့ တင်စားရမှာပဲ ဖြစ်ပါတယ်။ ပွဲကစားချိန် စုစုပေါင်း
၃ နာရီ ၂၁ မိနစ် ကြာမြင့်ခဲ့ပြီး ရမှတ် ၆ဪ၂၊ ၃ဪ၆၊ ၆ဪ၄၊ ၆ဪ၁ နဲ့ စပိန်စတားက
ယူအက်စ်အိုးပင်း ချန်ပီယံဆုဖလားနဲ့ ဆုကြေး ဒေါ်လာ ၃ ဒသမ ၆ သန်း ဆွတ်ခူးနိုင်ခဲ့ခြင်းကို စပိန်
မီဒီယာတွေက ကောင်းချီးပေးမဆုံး ရှိနေကြပါတယ်။

မြေစေးဘုရင် ရာဖေး ဟာ အခုနှစ်မှာ ပြိုင်ပွဲ ၁၂ ပွဲမှာ ဗိုလ်လုပွဲ အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး
ချန်ပီယံဆုဖလား ၁၀ လုံး ရယူနိုင်ခဲ့ သလို အခုရရှိခဲ့တဲ့ ပူပူနွေးနွေး ယူအက်စ် အိုးပင်းဆုဖလားဟာ
ဒုတိယမ္ပိ သူ ပိုင်ဆိုင်ခွင့်ရတဲ့ ဂရင်းဆလမ်ဖလားပဲ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့နံပါတ်တစ် တင်းနစ်
မယ် ဆရီနာဝီလျံဟာလည်း အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲမှာ ဘီလာရုစ် ချန်ပီယံ အဇာရန်ကာနဲ
့ တွေ့ဆုံခဲ့ပြီး ပွဲကစားချိန် စုစုပေါင်း ၂ နာရီ ၄၅ မိနစ်အကြာမှာ ရ-၅၊ ၆-၇၊ ၈-၆၊ ၆-၁ နဲ့ အနိုင်ရရှိခဲ့ပြီး
ပ ဉ္စမမြောက် ယူအက်စ် အိုးပင်း ချန်ပီယံဆုဖလားကို ရယူ ပိုင်ဆိုင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အမျိုး သမီး တင်းနစ်စူပါစတားတွေထဲမှာ ဆုကြေး ဒေါ်လာ သန်း ၅၀ ကျော် ရရှိ ထားတဲ့ တစ်ဦး
တည်းသော တင်းနစ်မယ် ဆရီနာဟာ ဂရင်းဆလမ်ဆုဖလားပေါင်း ၁၇ လုံးတိတိ ရယူထားနိုင်ခဲ့ပြီး
ဂျာမနီ ဂန္ထဝင် စတက်ဖီဂရပ်ရဲ့ ဂရင်း ဆလမ် ၂၂ လုံး စံချိန်ကို လိုက်မီဖို့ သိပ် မလိုတာကြောင့်
အမေရိကန်ပရိသတ် တွေအတွက် အားရစရာပဲဖြစ်ပါတယ်။ ဆွစ်ဇာလန် ဂန္ထဝင် ရော်ဂျာဖက်ဒါးရား
ရဲ့ ဂရင်းဆလမ်ဆုဖလား အရေအတွက် နဲ့ တူညီသွားပြီးဖြစ်တဲ့ ဆရီနာဝီလျံက ပူပူနွေးနွေး
ယူအက်စ်အိုးပင်းဖလားကို ရယူထွေးပွေ့အပြီးမှာ အခုလို ဂုဏ်ယူဝမ်းမြောက်စကား ဆိုခဲ့ပါတယ်။

"ရော်ဂျာရဲ့ ဆုဖလားနဲ့ အရေအတွက် တူညီသွားခဲ့တာကို ရင်ထဲက လှိုက်လှိုက် လှဲလှဲကို ဂုဏ်ယူ
ပီတိဖြစ်ရပါတယ်။ တင်းနစ်ကမ္ဘာမှာ ရော်ဂျာဟာ တကယ့် ပြိုင်စံရှား တစ်ယောက်ပါ။ နှိုင်းယှဉ်စရာ
မလိုတဲ့ ပါရမီရှင်တစ်ယောက်ပါ။ အခုချိန်ထိ လူငယ်လက်တက်တွေနဲ့ အပြိုင်ကြဲနေတာကို ကျွန်မ
အားကျ ကြိုးစားခဲ့တဲ့ ရလဒ်လို့ပဲ ဆိုချင်ပါတယ်။ ကမ္ဘာ့နံပါတ်(၁)ဆရီနာနဲ့ ကမ္ဘာ့နံပါတ် (၂) နေရာ
ရောက်ရှိလာပြီဖြစ်တဲ့ ရာဖေး တို့ရဲ့ အနိုင်မခံ အရှုံးမပေး တင်းနစ်ပွဲစဉ် တွေကိုရင်ခုန်အားပေးရင်း ...။



ဖတ်ရှုမှုအများဆုံး