ဗီလာရီးယဲလ်-ရီးယဲလ်မက်ဒရစ်
ဒီရာသီ လာလီဂါအစမှာ ထူးဆန်း တာတစ်ခုတွေ့ခဲ့ရတယ်။ သုံးပွဲစီကစား ပြီးချိန်မှာ ဘာစီလိုနာ၊
ရီးယဲလ်မက် ဒရစ်၊ အလက်တီကိုမက်ဒရစ်လိုအသင်းတွေ သုံးပွဲဆက် နိုင်ပွဲရပြီး ထိပ်ဆုံးမှာ ရပ်
တည်နေကြတာနဲ့အပြိုင် လိုက်ပြီး သုံးပွဲဆက် အနိုင်နဲ့ ထိပ်ဆုံး ပိုင်းကိုရောက်နေတဲ့ အသင်းက
တန်း တက်အသင်းတစ်သင်းဖြစ်တဲ့ ဗီလာ ရီးယဲလ်ဖြစ်နေတာပါပဲ။
ဗီလာရီးယဲလ် ဟာ တန်းတက်အသင်းဆိုပေမယ့် လာလီဂါမှာ အစဉ်အလာပိုင်းအရ တော့ အဆင့်
ရှိတဲ့အသင်းမျိုးလို့ ပြောနိုင် တယ်။ နည်းပြပယ်လီဂရီနီလက်ထက် မှာ အသင်းသမိုင်းတစ်လျှောက်
အမြင့်ဆုံးအဆင့်ဖြစ်တဲ့ လာလီဂါအဆင့်(၂) နေရာမှာ ရပ်တည်ခဲ့ဖူးတဲ့အပြင် ချန်ပီယံလိဂ်မှာလည်း
ဆီမီးဖိုင်နယ် အထိ တက်နိုင်ခဲ့တဲ့အသင်းတစ်သင်း ပါ။
ဗီလာရီးယဲလ်ကိုကြည့်မယ်ဆိုရင် နာမည်ကြီးကစားသမားတွေ သိပ်မရှိ တော့ပါဘူး။ ဂိုးသမား
အဆန်ယို၊ ဖာရီနို့စ်၊ ပေါ်လစ္စတာ၊ အူချီနဲ့ ဒီရာသီ မှာ ဒီပိုတီဗိုကခေါ်ယူထားတဲ့ ကာနီ တို့လောက်
ပဲ အတွေ့အကြံုရှိတဲ့ ကစား သမားတွေအဖြစ် ကျန်ရှိတော့တယ်။
ဒါပေမဲ့လည်း ကာနီဟာ ဗီလာရီးယဲလ် ကစားသမားဟောင်းတစ်ဦးဖြစ်လို့ အသင်းဟောင်းကိုပြန်
ရောက်လာတဲ့ အချိန်မှာ ဒီပိုတီဗိုမှာလိုပဲ ဆက်ပြီး ခြေစွမ်းပြကာ အသင်းတိုက်စစ်ကို ဦးဆောင်
နေနိုင်သေးတယ်။
ဗီလာရီးယဲလ်ရဲ့ ရာသီအစ သုံးပွဲ ဆက် အနိုင်ယူနိုင်ခဲ့တဲ့အသင်းတွေကို ကြည့်မယ်ဆိုရင်တော့
အယ်လ်မီရီယာ၊ ဗလာဒိုးလစ်နဲ့ အိုဆာဆူနာလိုအသင်း မျိုးတွေဖြစ်နေတာတွေ့ရတယ်။
ဒီ သုံးသင်းမှာ အယ်လ်မီရီယာဟာ ဗီလာ ရီးယဲလ်နဲ့အတူ တန်းတက်ခဲ့တဲ့အသင်း မျိုးဖြစ်လို့
အတွင်းသိအသင်းဖြစ်ပြီး ဗယ်လာဒိုးလစ်နဲ့ အိုဆာဆူနာအသင်းတွေကလည်း ရာသီအစမှာ
ရုန်းကန် နေရတဲ့အသင်းတွေဖြစ်လို့ ဒီသုံးသင်း ကိုနိုင်ခဲ့တဲ့ ဗီလာရီးယဲလ်ရဲ့ခြေစွမ်း အမှန်ဟာ
အခုရီးယဲလ်နဲ့ပွဲရောက်မှ စပြီး အစမ်းသပ်ခံရတော့မယ့်ပုံမျိုး ရှိနေတယ်။
ရီးယဲလ်ကတော့ အပြောင်းအရွှေ့ ဈေးကွက်လည်း ပြီးဆုံးသွားတဲ့အပြင် လိုချင်တဲ့ ကစားသမား
ဘေးလ်လည်း အသင်းကိုရောက်လာပြီဖြစ်လို့ ဘာတွေ အပြောင်းအလဲဖြစ်လာဦးမလဲ စောင့်ကြည့်
ရဖို့ရှိနေသေးတယ်။
ပွဲဦးထွက် သုံးပွဲကစားသွားတဲ့ ခြေစွမ်းအရတော့ ရီးယဲလ်ဟာ နည်းပြအန်ဆယ်လော့တီလိုချင်တဲ့ တိုက်စစ်အသားပေးကစားပုံမျိုးကို ကောင်းကောင်းပုံဖော်မပေး နိုင်သေးဘူး။ ခေါ်ယူထားတဲ့လူသစ်
တွေထဲမှာ အစ္စကိုတစ်ယောက်ပဲ အသင်းနဲ့ အံဝင်အောင်ကစားနိုင်သေး တယ်။
အထူးသဖြင့် ကွင်းလယ်အဖျက် ပိုင်းမှာ အားနည်းမှုတွေရှိနေသေး တယ်။ ခံစစ်ပိုင်းကလည်း အမှား
အယွင်းများနေပြီး ပွဲဦးထွက် သုံးပွဲ မှာတင် နှစ်ဂိုးပေးထားရလို့ ရီးယဲလ်ရဲ့ ခံစစ်ဟာ တောင့်တင်းပြီ
လို့တော့ မဆိုနိုင်သေးပါဘူး။ ကစားရမယ့်ကွင်း ကလည်း ဗီလာရီးယဲလ်ရဲ့ ဆမ်မက်ဒရီဂယ်မှာဖြစ်
နေလို့ ရီးယဲလ်အတွက်တော့ သတိထားရလိမ့်မယ်။ ဗီလာရီးယဲလ်ဟာ ပြီးခဲ့တဲ့ သုံးပွဲမှာ တိုက်စစ်
အသားပေးပုံစံနဲ့ကစားနိုင်ခဲ့ပြီး စုစုပေါင်း ရှစ်ဂိုးအထိသွင်းယူ ထားတဲ့အသင်းမျိုးဖြစ်လို့ တည်ငြိမ်မှု
အားနည်းနေသေးတဲ့ ရီးယဲလ်မက်ဒရစ် ခံစစ်ကို ဖိအားပေးနိုင်မယ့် အနေ အထားမှာရှိတယ်။
အထူးသဖြင့် ဘာစီ လိုနာက ပြောင်းလာတဲ့ ဒေါ့ဆန်းတို့စ် ဟာ ဗီလာရီးယဲလ်တိုက်စစ်ကို ဦးဆောင်
ကစားနေနိုင်တဲ့အပြင် ကွင်းလယ်လူ ထရီဂေးရော့စ်ကလည်း တိုက်စစ်ကို အကောင်းဆုံးပံ့ပိုးပေးနိုင်
တဲ့ ကွင်း လယ် ကစားသမားတစ်ဦးဖြစ်တယ်။ ဒါဟာ ကွင်းလယ်ခံစစ်ပိုင်းအားနည်း တဲ့ ရီးယဲလ်
အတွက် သတိထားရမယ့် အချက်ပါပဲ။ ရီးယဲလ်ကတော့ ကစားသမား အများစု နိုင်ငံတကာပွဲတွေ
ကြောင့် ပွဲပန်းနေနိုင်တယ်။
ဒါပေမဲ့ အသင်း တိုက်စစ်မှာ သုံးဂိုးသွင်းပြီး ဂိုးအများဆုံး သွင်းထားတဲ့ အစ္စကိုကတော့ အနားရ
ထားလို့ သတိထားရမယ့်တိုက်စစ်မှူး ပါပဲ။ ဒီပွဲမှာ နည်းပြအန်ဆယ်လော့တီအနေနဲ့ ဘေးလ်ကို
ပွဲထုတ်ဖို့ ရှိ၊ မရှိ မသေချာသေးဘူး။
ဒါပေမဲ့ ပေါ်တူဂီကို ပြန်ကစားပေးခဲ့တဲ့ ရော်နယ်ဒို နိုင်ငံ အသင်းနဲ့ ဂိုးတွေသွင်းနေနိုင်တဲ့အချက် က
အခုဗီလာရီးယဲလ်နဲ့ပွဲမှာလည်း ရော်နယ်ဒိုကို ယုံကြည်မှု ပိုအားကောင်း စွာ တွေ့ရမယ့်ပုံမျိုးရှိနေ
တယ်။ ဗီလာ ရီးယဲလ်ရဲ့ခံစစ်ကစားပုံကတော့ သိပ်ပြီး အကောင်းကြီး မဟုတ်ပါဘူး။
အယ်လ်မီရီယာနဲ့ပွဲမှာ နှစ်ဂိုးပေးခဲ့ရပြီး ဗယ်လာ ဒိုးလစ်နဲ့ပွဲမှာလည်း အိမ်ကွင်းမှာ ဂိုးပေးထားခဲ့
ရတယ်။ ဒါကြောင့် ကစား သမားပိုင်းမှာ အတွေ့အကြံုပိုများပြီး နာမည်ကြီးတွေပါနေတဲ့ ရီးယဲလ်
မက်ဒရစ်ရဲ့ တိုက်စစ်ကို ဗီလာရီးယဲလ် အနေနဲ့ ပွဲချိန်ပြည့်တောင့်ခံကစားနိုင်ဖို့ကတော့ သိပ်မရှိ
လှပါဘူး။
ဒါကြောင့် အခုပွဲမှာ အဓိက စောင့်ကြည့် ရမှာက ဗီလာရီးယဲလ်ရဲ့ တိုက်စစ်ပိုင်း က ရီးယဲလ်ရဲ့
ခံစစ်ကို ဘယ်လောက် အထိ ဒုက္ခပြန်ပေးနိုင်မလဲဆိုတဲ့အချက် ပါပဲ။ ဗီလာရီးယဲလ်ရဲ့တိုက်စစ်
ပိုင်းမှာ ရော့ဆီမရှိတော့ပေမယ့် ဒေါ့ဆန်းတို့စ် ခြေစွမ်းပြ ဂိုးသွင်းနေတာ၊ သူ့ကို အသင်းရဲ့ ၀ါရင့်
ကစားသမားတွေက ပ့ံပိုးမှုလုပ်ပေးနေနိုင်တဲ့အပြင် အူချီ ကလည်း အခွင့်အရေးရရင် ရသလို
အကောင်းဆုံးအသုံးချနိုင်တဲ့ တိုက်စစ်မှူး မျိုးဖြစ်နေလို့ ရီးယဲလ်ကွင်းလယ် ခံစစ်နဲ့ ခံစစ်သမားတွေ
အမှားလုပ်မိရင်တော့ ပေးဆပ်လိုက်ရဖို့ များနေပါတယ်။
ရီးယဲလ်ခံစစ်သမားတွေ ပွဲပန်းနေတဲ့ အချိန်မျိုးဖြစ်လို့ အိမ်ရှင် ဗီလာရီးယဲလ် အတွက် ဂိုးရဖို့အခွင့်
အရေးရှိနေတယ် လို့ဆိုနိုင်တယ်။ ဒါကြောင့်လည်း ဒီပွဲဟာ ရီးယဲလ်နိုင်ခဲ့ရင်တောင် ပြတ်သားမှု
ရှိဖို့ သိပ်မလွယ်လှလို့ ဗီလာရီးယဲလ်နဲ့ ဂိုးအများကိုပဲ ရွေးထားရမယ်ထင်ပါတယ်။
အခြားပွဲစဉ်များ
* အလက်တီကို - အယ်လ်မီရီယာ
* လီဗန်တေး - ဆိုစီဒက်
* ဘာစီလိုနာ - ဆီဗီလာ
* ဂရန်နာဒါ - အက်စ်ပန်ညို *
* ဂီတာဖေး - အိုဆာဆူနာ
* မာလာဂါ - ရာယို
* ဘက်တစ် - ဗလင်စီယာ
* အယ်လ်ချီ - ဗယ်လာဒိုးလစ်
ဘီလ်ဘာအို - ဆယ်လ်တာ *















