ပါရီ - ရီးယဲလ်မက်ဒရစ်အသင်းမှ ယခု နှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်
ပိတ်ခါနီးတွင် ခေါ်ယူခဲ့သည့် ဂါရတ်ဘေးလ်၏ ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ "အဆမတန်များ
ပြားလွန်း သည့် ပြောင်းရွှေ့ကြေး"ဟု ဇီဒန်းက ဝေဖန်ပြောကြားလိုက်သည်။
ရီးယဲလ်အသင်းသည် ဘေးလ်အတွက် ပြောင်းရွှေ့ကြေး ပေါင်းသန်း ၈၀ ၀န်းကျင်ပေးခဲ့ရပြီး
ခြောက်နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဇီဒန်းက "ဘေးလ်ရဲ့ ပြောင်းရွှေ့ ကြေးဟာ
အခုချိန်မှာ ထိုက်တန်မှုရှိတယ်လို့ မဆိုနိုင်သေးပါဘူး။ တစ်နှစ် လောက်တော့ အချိန်ပေးစောင့်
ကြည့် ရဦးမှာပါ။
ရီးယဲလ်အသင်းအနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလည်း ကျွန်တော့ကို ယူရို ရ၅ သန်းနဲ့ ခေါ်ခဲ့ဖူး
တာပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက လည်း ကျွန်တော်က အဲဒီလောက်မတန်သေးပါဘူး။ ခုလည်း
ဒီလိုပါပဲ။ ဘေးလ်ဟာ သူ့အတွက်သုံးတဲ့ ပြောင်းရွှေ့ကြေးနဲ့ မတန်သေးပါဘူး။
ဒါဟာ ဘယ်သူ့ပရောဂမှ မပါတဲ့ ကလပ် နှစ်သင်းသဘောတူညီတဲ့ ဈေးနှုန်းပါ။ ဒီနေ့ဘောလုံး
လောကမှာ ပြောင်းရွှေ့ ကြေးတွေ ဘာကြောင့်အဆမတန် သုံးစွဲ နေကြတာလဲ ဆိုတာကတော့
နား မလည်နိုင်အောင်ပါပဲ"ဟု ပြောကြား သွားသည်။ ထို့ပြင် ဘေးလ်အနေနဲ့ ရီးယဲလ်အသင်းတွင်
ပုံမှန်ပွဲထွက်ခွင့်ရဖို့ အာမခံချက်မရှိကြောင်း၊ အဲဒီအတွက် လည်း ဖိအားတွေပေးသွားမှာ မဟုတ်
ကြောင်း၊ အသင်းမှာနေရာရဖို့အတွက် ကိုယ့်ဘာသာ တိုးတက်မှုရှိအောင် ကြိုးစားကာ သည်းခံ
ရင်း စောင့်ရမှာ ဖြစ်ကြောင်း၊ အချိန်တစ်ခုပေးဆပ်ရမှာ ဖြစ်ကြောင်းကိုလည်း ဇီဒန်းက အကြံပြု
ပြောကြားသွားသည်။
(အေအက်ဖ်ပီ)














