ဂိုးမရှိသရေကျခဲ့သည့့် မြန်မာနှင့် ဟောင်ကောင်တို့၏ ခြေစမ်းပွဲ

ဂိုးမရှိသရေကျခဲ့သည့့် မြန်မာနှင့် ဟောင်ကောင်တို့၏ ခြေစမ်းပွဲ

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့တွင် သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သော
ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော မြန်မာ့လက်ရွေးစင်အသင်းနှင့်
ဟောင်ကောင်လက်ရွေးစင်အသင်း တို့၏ ပွဲစဉ်သည် နှစ်ဖက်တိုက်စစ်မှူး များ၏ အဆုံးသတ်
မသေချာမှုများ ကြောင့် ဂိုးမရှိသရေပွဲစဉ်အဖြစ်သာ ပြီးဆုံးခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ရန်ပိုင်၊ ရန်အောင်ကျော်၊ မိုးဝင်း၊ သီဟစည်သူ၊ ခင်မောင်
လွင် အစရှိသော အမာခံကစားသမားများ ကို ပွဲထုတ်ခဲ့ပြီး ဟောင်ကောင်အသင်း ကို ရင်ဆိုင်ခဲ့
သည်။

ပထမပိုင်းတွင် မြန်မာအသင်းသည် ဟောင်ကောင်းအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးသွင်း
ခွင့်များလည်း ရရှိခဲ့သည်။ သို့သော် တိုက်စစ်မှူးများ ၏ အဆုံးသတ်မသေချာမှုများကြောင့် ဂိုးရ
ရှိခြင်းမရှိခဲ့ပေ။

ပထမပိုင်း မိနစ် ၃၀ ကျော်လောက်မှစပြီး ဟောင်ကောင် အသင်း၏ ကစားပုံပိုမိုကောင်းမွန်လာ ပြီး
မြန်မာအသင်းကို တောက်လျှောက် ဖိကစားခဲ့သည်။ မြန်မာအသင်း၏ အသင်းခေါင်းဆောင် ခင်
မောင်လွင် အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဟောင်ကောင်အသင်း ထိုးဖောက်မှုများကို ဟန့်တားနိုင်
ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ဟောင်ကောင် အသင်းကသာ ဖိအားပေးကစားနိုင်ခဲ့ ပြီး ဟောင်ကောင်
တိုက်စစ်မှူးများ၏အပိုင်အခွင့်အရေးတချို့ကို ဖြုန်းတီး မှုများနှင့် မြန်မာအသင်းမှနောက်ခံ ကစား
သမားများနှင့် ဂိုးသမားသီဟ စည်သူတို့ ကာကွယ်မှုများကြောင့် သာ ဟောင်ကောင်အသင်း
ဂိုးမရ ခြင်းဖြစ်သည်။ ဟောင်ကောင်လက်ရွေးစင်အသင်း ကို ကိုရီးယားလူမျိုး ကင်ပန်ဂွန်းက
တာဝန်ယူကိုင်တွယ်လျက်ရှိပြီး တရုတ် စူပါလိဂ်ကလပ်များနှင့် ဟောင်ကောင် ကလပ်များတွင်
ဆုကြေးစားကစားနေ သော ကစားသမားများဖြင့် စုဖွဲ့ထား သော အသင်းတစ်သင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး