၂၀၁၃ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ၏ အုပ်စု(ခ)ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာ
အမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်
နေ့ က သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်းက ၅၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်
ရရှိခဲ့ပြီး အဖွင့်ပွဲစဉ်သည် အိမ်ရှင်အသင်းအတွက် မျက်နှာပန်းလှခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက ပွဲချိန်ပြည့် ဖိအားပေးကစား နိုင်ခဲ့ပြီး လာအိုအသင်း
အနေဖြင့်မြန်မာ ဂိုးပေါက်သို့ ကန်သွင်းမှု မရှိသလောက် နည်းပါးခဲ့သည်။ မြန်မာအသင်းအတွက်
အဖွင့်ဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် အသင်းခေါင်းဆောင် စန်းစန်းမော်က ပယ်နယ်တီမှတစ်ဆင့် သွင်း
ယူပေးခဲ့သည်။
ပထမပိုင်းတွင် မြန်မာအသင်းတိုက်စစ်မှူးများ ဂိုးရလို စိတ်များနေပြီး အပိုင်အခွင့်အရေးများ အသုံး
မချနိုင်ခဲ့ပေ။ ဒုတိယပိုင်း မြန်မာ အသင်း၏ ကစားပုံ သိသိသာသာကောင်းမွန်လာပြီး ဂိုးများစွာ
သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၅၄ မိနစ်တွင် ခင်မာလာထွန်း ကလည်း
ကောင်း၊ ရ၆ မိနစ်တွင် ရီရီဦး ကလည်းကောင်း၊ ရ၈ မိနစ်နှင့် ၈၁ မိနစ် တို့တွင် ခင်မိုးဝေက လည်း
ကောင်း သွင်းယူပေးခဲ့သည်။
ယခုနိုင်ပွဲနှင့်ပတ်သက်၍ မြန်မာ အမျိုးသမီးအသင်း၏ နည်းပြချုပ် ကုမာဒါက "ဒီလိုဂိုးပြတ်အနိုင်
ရခဲ့ပေမယ့် အသင်းရဲ့ကစားပုံကိုတော့ အားမရသေးပါဘူး။ အထူးသဖြင့် ကျွန်တော့်အသင်းရဲ့
ပထမပိုင်းကစားပုံ အလွန်ဆိုးရွားခဲ့ပါတယ်။ ဒုတိယပိုင်း ကျမှသာ ကစားပုံအနည်းငယ် ကောင်း
မွန် လာခဲ့ပါတယ်။ လာမယ့် ဖိလစ်ပိုင် အသင်းနဲ့ပွဲမှာ အကောင်းဆုံးပုံစံမျိုးနဲ့ ယှဉ်ပြိုင်သွားမှာပါ။
ဒီပြိုင်ပွဲဟာ ကျွန်တော်တို့ မြန်မာအသင်းအတွက် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြံု အများ ကြီးရ
ရှိစေမှာပါ"ဟု ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အာဆီယံအမျိုးသမီးဘောလုံး ပြိုင်ပွဲ၏ အုပ်စု(ခ)တွင်
လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန် ယူဪ၂၃ အသင်းများ နှင့် ကျရောက်လျက်ရှိပြီး အုပ်စု
ပထမ နေရာအတွက် ဂျပန်ယူဪ၂၃ အသင်းနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။
မြန်မာအသင်း၏ အုပ်စုဒုတိယပွဲစဉ် အဖြစ် ယခု စက်တင်ဘာ ၁၄ ရက်နေ့ တွင် ဖိလစ်ပိုင်အမျိုး
သမီးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။















