မြန်မာ-ဂျပန် လက်ဝှေ့ပွဲကြီး ကျင်းပမည်

မြန်မာ-ဂျပန် လက်ဝှေ့ပွဲကြီး ကျင်းပမည်

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ Waso Travel နှင့်
Naing Moe Entertainment က စီစဉ်ကျင်းပသော မြန်မာဂျပန် လက်ဝှေ့စိန်ခေါ်ပွဲကြီးကို
လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပပြု
လုပ်သွားမည်ဖြစ်သည်။

အဆိုပါနှစ်နိုင်ငံလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် မြန်မာဂျပန် စိန်ခေါ်ပွဲနှစ်ပွဲ ပါ၀င်ပြီး အခြား ပြည်တွင်း
စိန်ခေါ်ပွဲစဉ် ခုနစ်ပွဲနှင့်စုစုပေါင်း ကိုးပွဲအထိ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

နှစ်နိုင်ငံစိန်ခေါ်ပွဲ၏ အဓိကတွဲဆိုင်း အဖြစ် မြန်မာလက်ဝှေ့ကျော် ထွန်း ထွန်းမင်းနှင့် ဂျပန်လက်ဝှေ့
သမား ဆာမူကာဝါတို့ ထိုးသတ်ကြမည်ဖြစ်ပြီး အခြားနှစ်နိုင်ငံစိန်ခေါ်ပွဲစဉ်အဖြစ် မြန်မာလက်ဝှေ့
သမား ဉာဏ်လင်း အောင်နှင့် ဂျပန်လက်ဝှေ့သမား ဖူဂျီ ဟာရာအာရာရှီတို့က ယှဉ်ပြိုင်ထိုးသတ်
ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး