မာဒေးကားပြိုင်ပွဲ မြန်မာအသင်း ဗိုလ်လုပွဲတက်

မာဒေးကားပြိုင်ပွဲ မြန်မာအသင်း ဗိုလ်လုပွဲတက်

မလေးရှားနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၁၃ မာဒေးကားဖလား
ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက စင်ကာပူအသင်းကို ၂-၀ ဂိုးဖြင့် နိုင်ပြီး ဂိုးကွာချက်ဖြင့်
ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

အိမ်ရှင် မလေးရှားအသင်းသည် ထိုင်းကို ၃-၀ ဖြင့် အနိုင်ယူပြီး အုပ်စုဗိုလ်ဖြင့် စက်တင်ဘာလ
၁၄ ရက်နေ့တွင် မြန်မာနှင့် တွေ့ဆုံမည်ဖြစ်သည် မြန်မာအသင်းသည် ၁၉၆၄၊ ၁၉၇၁ နှင့် ၂၀၀၆
တို့တွင် ချန်ပီယံဖြစ်ခဲ့ဖူးပြီး ၁၉၆၆၊ ၁၉၆၇၊ ၁၉၆၈၊ ၁၉၇၀ နှင့် ၂၀၀၇ တို့တွင် ဗိုလ်လုပွဲတက်ရောက်
နိုင်ခဲ့ပြီး ဒုတိယဆု ရရှိခဲ့သည်။

မာဒေးကားပြိုင်ပွဲဝင်နေသည့် မြန်မာယူ ၂၃ အသင်းသည် ဆီးဂိမ်းအတွက် ပြင်ဆင်နေသည့်
အသင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး