၂၀၁၃ ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ်
အဖြစ် အိမ်ရှင် မြန်မာ အမျိုးသမီးအသင်းနှင့် ဂျပန် ယူ၂၃ အသင်းတို့သည် ယခုလ ၁၈
ရက်နေ့တွင် သုဝဏ္ဏဘောလုံးကွင်း၌ယှဉ်ပြိုင် ကစားခဲ့ကြရာ ဂျပန်ယူ၂၃ အသင်းက
မြန်မာအမျိုးသမီးအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ဆီမီး ဖိုင်နယ်
သို့တက်ရောက်နိုင်ခဲ့သည်။
မြန်မာအသင်းသည် ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း လေးပွဲကစား သုံးပွဲနိုင် ရမှတ်
၉ မှတ်ရရှိကာ အုပ်စုဒုတိယ အနေဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက် နိုင်ခဲ့ပြီး ဆီမီးဖိုင်
နယ်တွင် အုပ်စု(က) ၏ အုပ်စုဗိုလ်ဖြစ်သော ဩစတြေးလျ အသင်းနှင့်တွေ့ဆုံမည်ဖြစ်
သည်။
အခြား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အုပ်စု(ခ)၏ အုပ်စုဗိုလ်ဂျပန်ယူ၂၃ အသင်းနှင့်ဗီယက်နမ်
အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။















