မန်ယူပရိသတ်တွေအနေနဲ့တော့ ပြီးခဲ့တဲ့ စူပါဆန်းဒေးကို အမှတ်ရနေကြမယ် ထင်ပါတယ်။
စိတ်ပျက်စရာကောင်း သော အဖြစ်အပျက်ကို မန်ချက်စတာ ယူနိုက်တက်အသင်း ကြံုတွေ့သွား
ရလို့ပါ။ မန်ချက်စတာဒါဘီပွဲဖြစ်လို့ မန်ယူအနေနဲ့ မန်စီးတီးကွင်းမှာ သမား ရိုးကျရှုံးသွားခဲ့တယ်ဆို
ရင်တောင် မန်ယူ ပရိသတ်တွေ ကျေနပ်လက်ခံနေကြမှာ ပါ။ အခုတော့ဆိုးဆိုးရွားရွားရှုံးသွား တာ
ဆိုတော့ အတော်ကိုစိတ်ပျက်နေ ကြပြီး သွားလေသူ ဂုရုကြီးဖာဂူဆန် ကိုသာ တမ်းတနေကြရပါ
တော့မယ်။
တော်တော်ဆိုးတဲ့ ဒေးဗစ်မိုယက်စ်လို့ လည်း အပြစ်တင်နေကြမယ် ထင်ပါ တယ်။ မန်ယူရဲ့ရာသီ
အစ ပထမငါးပွဲ ဟာ ပွဲကျပ်တယ်ဆိုတာကို အားလုံးက လက်ခံထားကြတာပါ။ ဒါပေမဲ့ အခုလို
ဆိုးရွားမယ်လို့တော့ ထင်ထားကြမယ် မထင်ပါဘူး။ နှစ်ရှည်လများစွာ ဖာဂူဆန် တည်ဆောက်
ခဲ့တဲ့ သရဲနီစိတ်ဓာတ် ဆိုတာကို မိုယက်စ်တစ်ယောက် အမြန် ဆုံး ဖျက်ဆီးလိုက်ခြင်းလို့သာ
ဆိုရတော့ မှာ ဖြစ်ပါတယ်။ ဖာဂူဆန်လက်ထက်မှာလည်း မန်ယူဟာ မန်စီးတီးကိုရှုံးပွဲတွေ ကြံု
တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ဆိုတာတော့ ရှုံးနိမ့်သွားတာ မျိုးမဖြစ်ခဲ့ပါဘူး။
အခုမိုယက်စ်လက်ထက်မှာတော့ မန်စီးတီးဟာ စိတ်ကြိုက်ကို ကစားသွားခဲ့ပါတယ်။ မိုယက်စ်
တစ်ယောက် မန်ယူရဲ့ စိတ် စွမ်းရည်ကို တည်ဆောက်နိုင်ခြင်းမရှိသေးဘူးဆိုတာကို တွေ့လိုက်
ရတဲ့ပွဲ ဖြစ်သွားခဲ့ရပါတယ်။ နောက်ဆုံးအဖြေက ၄ဪ၁ တဲ့၊ ဒါပေမဲ့ မိနစ် ၅၀ အကြာမှာတင်
မန်ယူဟာ မြို့ခံပြိုင်ဘက်ကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့် နေခဲ့ပါတယ်။ တန်းတက် ဟားလ်စီးတီး အသင်း
တောင် မန်စီးတီးကို အဲဒီလို အခြေအနေမျိုးမဖြစ်ခဲ့သလို တန်းတက် ခရစ္စတယ်ပဲလေ့စ်ဟာ မန်ယူ
ကွင်းမှာ အဲဒီလိုရလဒ်မျိုးမပေါ်ပေါက်ခဲ့ပါဘူး။ ဒါကြောင့် ဖာဂူဆန်ကိုသာတမ်းတ ရော့မယ်လို့ ဆို
လိုက်ရတာပဲဖြစ်ပါ တယ်။
ဖာဂူဆန်လက်ထက်မှာအခြား အခြားသောအသင်းတွေကို လုပ်ခဲ့သမျှ အခုမိုယက်စ်လက်ထက်မှာ
ပြန်ခံ လိုက်ရတာပဲဖြစ်ပါတယ်။ ရွန်နေက တော့ ဖြစ်ကတတ်ဆန်းနိုင်သောဂိုးပေးရမှုတွေလို့ ပြော
ဆိုလိုက်ပါတယ်။ သူပြောတာ မလွန်လွန်းပါဘူး။
ပထမပိုင်း မှာ ၂-၀ နဲ့ရှုံးနေခဲ့တယ်။ ဒုတိယပိုင်း ပြန်စတော့ ပွဲစလို့ ငါးမိနစ်အတွင်းမှာပဲ နောက်ထပ်
နှစ်ဂိုးအသွင်းခံလိုက်ရ တယ်ဆိုတာ မန်ယူလိုအနေအထားနဲ့ တော့ မဖြစ်သင့်မှုပဲဖြစ်ပါတယ်။ဂိုး
တစ်ဂိုးရဖို့ အသေအလဲကြိုးစားကစားရချိန်မှမန်ယူကတော့ မြို့ခံပြိုင်ဘက်ကို လွယ်လင့်တကူနဲ့
ဂိုးတွေပေးလိုက်ရတာက အတော်စိတ်ပျက်စရာပဲဖြစ်ပါတယ်။ ဒီလိုအသင်းမျိုးတွေ့ဆုံမှုမှာ ဂိုး
တစ်ဂိုးပေးလိုက်ရပြီဆို ပြန်ချေနိုင်ဖို့ ဆိုတာ အသေအလဲကြိုးစားရတော့ တာပါ။ ဒါတောင်မသေ
ချာပါဘူး။ အခုတော့ မိနစ် ၅၀ မှာတင် လေးဂိုးပေးလိုက် ရပြီဆိုတော့ ပွဲကမိနစ် ၅၀ မှာတင်ပြီးဆုံး
နေပြီဖြစ်ပါတယ်။
ဒါဘီပွဲမို့ အကြိတ်အနယ်ဖြစ်မလားအောက်မေ့ ပါတယ်။ ပွဲကအတော်စိတ်ပျက်စရာဖြစ်သွားခဲ့ပြီဖြစ်
ပါတယ်။ ဘယ်လိုရလဒ်နဲ့ရှုံးရှုံး ဒါဟာဆိုးရွားမှုပဲ။ ဒီလိုဖြစ်ကတတ်ဆန်းနိုင်မှုတွေကို အမြန် ဆုံး
ပျောက်ပျက်အောင်ကြိုးပမ်းရ တော့မယ်လို့ ရွန်နီကပြောဆိုသွားခဲ့ပါ တယ်။ သူကတော့ ဒီပွဲမှာ
တကယ့်ကိုကျွဲလိုနွားလိုရုန်းပြီး ပရော်ဖက်ရှင်နယ် ပီသစွာကစားသွားခဲ့ပါတယ်။
ပွဲအခင်း အကျင်းမှာကိုပဲ မိုယက်စ်ဟာ မှားယွင်း နေခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင် ပွဲမှာ အကောင်း
ဆုံးကစားနိုင်တဲ့ ကာဂါ၀ါကို ချန်လှပ်ခဲ့တာ၊ ခံစစ်ကို ဦးစားပေးထားပြီး ကောင်တာနဲ့ထိုးဖောက်ဖို့
ပြင်ဆင်ထားတာကိုက မှားယွင်းနေတာပဲဖြစ်ပါတယ်။ အစ ကတည်းက ဘောလုံးပိုင်ဆိုင်မှုကိုဦး
စားပေးကစားနေတဲ့ မန်စီးတီးဟာ မိုယက်စ်က ခံစစ်ကိုဦးစားပေးလာတော့ အကြိုက်တွေ့သွားစေ
တော့တာ ပဲဖြစ်ပါတယ်။
ပထမပိုင်းတစ်ချိန်လုံး မန်ယူပင် နယ်တီဧရိယာဝန်းကျင်မှာပဲဘောလုံးကရှိနေတော့ သေချာတာက
မန်စီးတီးဟာ တစ်ချိန်မဟုတ်၊ တစ်ချိန် မှာ ဂိုးသွင်းတော့မှာပဲဆိုတာကို နိမိတ် ပုံပြနေခဲ့ပါတယ်။
စမောလင်းကို နာဆရီ၊ ကိုလာရော့၊ နီဂရီဒိုတို့ကောင်း ကောင်းမောင်းသွားတဲ့ပွဲလည်းဖြစ်သွား ခဲ့
ပါတယ်။
စမောလင်းကို ဖာဒီနန်၊ဗီဒစ်တို့ လိုက်ဖြည့်ပေးနေရတော့ နောက်တန်းအတွင်းဟာ ပေါက်ဖို့သာ ပဲရှိ
နေပါတော့တယ်။ ကျွန်တော်တို့ အရင်က ပထမပိုင်းမှာ နှစ်ဂိုးပေးခဲ့ရတာမျိုးတွေရှိခဲ့ပါတယ်။
အခုလည်းဒုတိယပိုင်းရောက်ရင်တော့ စောစောစီးစီးချေပဂိုးတစ်ဂိုးရအောင်ကစားနိုင်ရင် အမီလိုက်
နိုင်သေးတယ် လို့ယူဆထားတာ။ ဒါပေမဲ့ ငါးမိနစ်အကြာမှာတင် နှစ်ဂိုးထပ်ပေးလိုက်ရတော့ပြီးပြီး
ပေါ့။
ဒါပေမဲ့ ကျွန်တော်တို့ပရိသတ်အတွက် လက်ကျန်မိနစ် ၄၀ ကိုအကောင်းဆုံးဖြစ် အောင်ကစားပြနိုင်
ခဲ့ပါတယ်လို့ ရွန်နေ က ပြောဆိုသွားခဲ့ပါတယ်။ သူဟာ တကယ်လည်း ကစားသွားခဲ့သလိုဖရီးကစ်
ကနေလည်း ဂိုးသွင်းသွားနိုင် ခဲ့ပါတယ်။ သူသွင်းတဲ့ဂိုးအပေါ်မှာ သူဟာ ကျေနပ်ခဲ့ပေမယ့် အဟော
သိကံပါလို့လည်း ညည်းညူသွားခဲ့ပါတယ်။
ဗန်ပါစီပေါင်ခြံဒဏ်ရာရလို့ မပါနိုင်ခဲ့ ပေမယ့်လည်း မိုယက်စ်ဟာ အကောင်း ဆုံးတော့ ပြင်ဆင်နိုင်
ရမှာပဲဖြစ်ပါ တယ်။ ဒီရလဒ်ဟာ သူ့ကိုသတိပေးလိုက် မှုတစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆို
တော့ သူဟာအဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ ချယ်လ်ဆီး၊ လီဗာပူး၊ မန်စီးတီး တို့ကို အနိုင်မကစားနိုင်
လို့ပဲဖြစ်ပါ တယ်။ ဒီသုံးပွဲမှာ သူဟာတစ်မှတ်ပဲရရှိသွားခဲ့ပါတယ်။
ပရီမီယာလိဂ်က ခရီးရှည်ကြီးဖြစ်လို့စောပါသေးတယ်ဘာမှမဖြစ်နိုင်ပါဘူးလို့ စောဒကတက်ရမယ့်
ရာသီမဟုတ်တော့ပါဘူး။ သူဟာဖာဂူဆန်လို ပွဲစဉ်ချဉ်းကပ်မှုပိုင်းမှာ လည်း အားသာမှုမရှိ သေးပါ
ဘူး။ ဖာဂူဆန်လို စိတ်ဓာတ်စစ်ဆင်ရေးလည်း တတ်ကျွမ်းသူတစ်ယောက်မဟုတ်ပါ ဘူး။ ချန်ပီယံ
ဆုတွေယူရတာများလို့ မလိုတော့ပါဘူးလို့ ငြင်းချင်သေးရင် တောင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ
အတွက်တော့ မရုန်းကန်ချင်ရင်အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု တွေမှာ အမှတ်တွေမဆုံး
ရှုံးဖို့တော့ ဂရုစိုက်ရတော့မှာပဲဖြစ်ပါတယ်။ မနှစ် က စပါးဟာ အားကောင်းလာပြီး အာဆင်နယ်
ဟာ နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်သွားရသလိုပဲ ဒီနှစ်မှာ စပါး အပြင် လီဗာပူးကပါ အားကောင်းလာ တဲ့အတွက် သတိတော်တော်ထားရမယ့် ရာသီဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အခုပွဲစဉ်(၅)အပြီးမှာ ထိပ်သီးအသင်း ခြောက်သင်းမှာ ရှုံးပွဲများသွားတာလက်ရှိချန်ပီယံမန်ယူဖြစ်
သွားခဲ့ပြီဖြစ် ပါတယ်။ ငါးပွဲကစားအပြီးမှာ ခုနစ်မှတ်သာ ရရှိထားခြင်းဟာ ၂၀၀၄ဪဝ၅ ဘော
လုံး ရာသီနောက်ပိုင်းမှာ ဆိုးရွားသော အမှတ်ပိုင်ဆိုင်ထားမှုပဲဖြစ်ပါတယ်။အဲဒီတုန်းက ခြောက်မှတ်
သာရရှိခဲ့ပြီး နောက်ဆုံးမှာ တတိယနေရာသာရရှိ ကာ ချန်ပီယံချယ်လ်ဆီးနဲ့ ၁၈ မှတ်ကွာဟသွား
ခဲ့ပါတယ်။
"အဲဗာတန်နဲ့ အတူ အီတီဟတ်ကွင်းကို အကြိမ်ကြိမ် လာဖူးပါတယ်။ လာတိုင်းမှာ အခုလို အရှုံးမျိုး
နဲ့ကြံုရတာမျိုးတစ်ခါမှမကြံုဖူး ပါဘူး။ ကျွန်တော်တို့ပွဲအစမကောင်း ခဲ့တာက စတင်ခဲ့တာပါ။ ရွန်နေ
ကတော့ အကောင်းဆုံးကစားသွားတယ်ဆိုတာ ငြင်းပယ်စရာမလိုအောင် ထင်ရှားပါ တယ်"လို့
မိုယက်စ်က ၀န်ခံရင်း ခွန်းတုံ့ပြန်သွားခဲ့ပါတယ်။
မန်ယူရဲ့ ဖာဂူဆန်ခေတ်လွန်အစကာလကတော့ အများကြီးမျှော်လင့်လို့မရတာသေချာနေပါတယ်။
နည်းစနစ်အခင်းအကျင်း တင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းပါ ပြောင်းလဲသွားခြင်းဖြစ်တာကြောင့် ဖာဂူဆန်ရဲ့နေ့ရက်တွေကို ပြန်လည်တမ်းတစရာဖြစ်လာနေတာကတော့ သေချာနေပါရဲ့ ...။















