ဒီတစ်ပတ်မှာအသင်းကြီးတွေ ပွဲကျပ်နေတာ သတိထားပါ ပရီမီယာလိဂ်ပွဲစဉ်(၆)

ဒီတစ်ပတ်မှာအသင်းကြီးတွေ ပွဲကျပ်နေတာ သတိထားပါ ပရီမီယာလိဂ်ပွဲစဉ်(၆)

စပါး - ချယ်လ်ဆီး
မော်ရင်ညိုနဲ့ ဘိုအာ့စ်ဆိုတဲ့ ပေါ်တူဂီနည်းပြနှစ်ဦးအားပြိုင်မယ့်ပွဲမှာခံစစ် တွေကို ဘယ်အသင်း
အကောင်းဆုံးပြင်ဆင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာ လည်းဖြစ်နေပါတယ်။ နှစ်သင်းစလုံး ခံစစ်
တွေကဆိုးဆိုးရွားရွားမဟုတ်လို့ ဒီပွဲမှာ သေချာတာက ဂိုးနည်းမယ်ဆိုတာပဲဖြစ်ပါတယ်။

မန်ယူ - ၀က်စ်ဘရွန်း
မန်စီးတီးကိုဂိုးပြတ်ရှုံးနိမ့်ခြင်းဟာ မန်ယူအတွက် ထိုးနှက်မှုဆိုတာသေချာနေပါတယ်။ ၀က်စ်ဘရွန်း
က တိုက်စစ်ရော၊ ကစားအားပါ ပြန်ကောင်း လာနေပါတယ်။ မန်ယူနိုင်မယ်ဆိုရင်တောင် ဂိုးမပြတ်
နိုင်တာမို့ ၀က်စ်ဘရွန်း ကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။

ဆွမ်ဆီး - အာဆင်နယ်
အာဆင်နယ်က တိုက်စစ်အားအကောင်းဆုံးဖြစ်နေတော့ ယုံချင်စရာဖြစ်နေ ပါတယ်။ ဆွမ်ဆီး
ကစားအားပြန်ကောင်းလာနေတာကိုလည်း သတိပြုရမှာပါ။ နောက်ဆုံးသုံးပွဲမှာ ဆွမ်ဆီး နှစ်ဂိုး
နှုန်းသွင်းထားလို့အာဆင်နယ်ကိုအခက် တွေ့အောင် ကစားနိုင်စွမ်းရှိနေပါတယ်။ သရေတစ်ပေါက်
ရှိနေပါတယ်။

ဆန်းဒါးလန်း - လီဗာပူး
ဆန်းဒါးလန်းကတော့ ဒီကာနီယိုကိုထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ဒါဟာ ဆန်းဒါးလန်းရဲ့ အပြောင်း
အလဲဖြစ်ပါတယ်။ အခုပွဲကစပြီးဆွာရက်ဇ်ဟာ လီဗာပူးမှာ ပြန်ပြီးကစားခွင့်ရလာပြီဖြစ်ပါတယ်။
ဆွာရက်ဇ်ကို စောင့်ကြည့် ရမှာဖြစ်ပြီး လီဗာပူးအနိုင်ရသွားမယ့်ပွဲဖြစ်ပါတယ်။

ဗီလာ - မန်စီးတီး
ပြီးခဲ့တဲ့အပတ်က နော်ဝစ်ချ်ကိုနိုင်လိုက်တဲ့အတွက်ကြောင့် ဗီလာအားပြန် တက်လာပေမယ့် အခု
မန်စီးတီးနဲ့ တွေ့နေတဲ့အတွက်ကြောင့် ဗီလာအတွက် ပွဲကျပ်ပဲဖြစ်ပါတယ်။ မန်စီးတီးနိုင်ဦးမယ့်ပွဲ
ဖြစ်ပါတယ်။

အဲဗာတန် - နယူးကာဆယ်
အဲဗာတန်ကတော့ ခြေစွမ်းပြနေတဲ့အသင်းဖြစ်ပါတယ်။ အခုထိရှုံးပွဲမရှိသေး တဲ့အသင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပွဲမှာနယူးကာဆယ်ကိုလျှော့တွက်ထားလို့ မရပါဘူး။ သရေတစ်ပေါက်ရှိနေလို့ နယူးကာ
ဆယ်ကိုရွေးရမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် - ကာဒစ်ဖ်
ကာဒစ်ဖ်က ဖူလ်ဟမ်ထက်ယှဉ်ရင် တော်သေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ အခုပွဲဟာဖူလ်ဟမ်
အတွက် အရေးပါနေပါတယ်။ ဒီပွဲကိုမဖြစ်မနေအနိုင်ရအောင် ဖူလ်ဟမ်ကစားရပါတော့မယ်။ ဖူလ်
ဟမ်နိုင်ပွဲပြန်ရမယ့်ပွဲဖြစ်ပါတယ်။

ဆောက်သမ်တန် - ခရစ္စတယ်ပဲလေ့စ်
ဆောက်သမ်တန်ကတော့လီဗာပူးကို အနိုင်ရလိုက်လို့ စိတ်ဓာတ်တက်ကြွ သွားပြီဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ခြေမှန်တဲ့အသင်းမဟုတ်ပါဘူး။ နှစ်ပွဲဆက်တိုက်ရှုံးပွဲတွေ့ထားပါတယ်။
အိမ်ရှင်အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။

စတုတ် - နော်ဝစ်ချ်
နှစ်သင်းစလုံး ပြီးခဲ့တဲ့အပတ်က ရှုံးပွဲတွေ့ထားပါတယ်။ နှစ်သင်းစလုံး ခြေသိပ်
မကွာကြဘူးထင်ရပေမယ့် စတုတ်ကအိမ်ကွင်းကစားပုံကောင်းပြီး နော်ဝစ်ချ်က အဝေးကွင်းကစား
ပုံမကောင်းဘူး။စတုတ်အနိုင်ရသွားပါလိမ့်မယ်။ ဟားလ်စီးတီး - ၀က်စ်ဟမ်း ဟားလ်စီးတီးကခြေ
တက်နေတယ်လို့ဆိုရပါမယ်။ ဟားလ်စီးတီးအနိုင်ရနိုင် မယ်ထင်ရပေမယ့် ၀က်စ်ဟမ်းကိုလျှော့
တွက်လို့မရပါဘူး။ ၀က်စ်ဟမ်းကို ကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး