တိုကျို - ဂရင်းဆလမ်ဆုဖလားများစွာ ရယူထားပြီး လက်ရှိအမျိုးသမီးတင်းနစ် လောကတွင်
ကမ္ဘာ့နံပါတ်တစ်နေရာ ရယူထားနိုင်သော အမေရိကန်တင်းနစ် မယ် ဆရီနာဝီလျံနှင့် မိမိ၏ အရည်
အချင်းမှာ ကွာဟမှုသိပ်မရှိတော့ဟု ဘီလာရုစ်တင်းနစ်မယ် အဇာရန်ကာ က ပြောကြားလိုက်
သည်။
အဇာရန်ကာ သည် ယခုလအစောပိုင်းက ကျင်းပခဲ့ သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဆရီနာအား
ရှုံးနိမ့်ခဲ့သူဖြစ်သည်။ "ဆရီနာဟာ ကျွန်မထက် အမြဲတမ်း အကောင်းဆုံးဖြစ်တယ်ဆိုတာ ၀န်ခံပါ
တယ်။ ဒါပေမဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ရခဲ့တဲ့အောင်မြင်မှုတွေ၊ တစ်ပွဲထက် တစ်ပွဲ တင်းနစ်အရည်
အသွေး မြင့်တက် လာတာတွေကိုကြည့်ပြီး နှိုင်းယှဉ်ဖို့ ဆိုတာ ခက်ခဲပါတယ်။
ကျွန်မတင်းနစ် မကစားသေးတဲ့ အချိန်က အနေအထား တွေနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ဥပမာ အနေ
နဲ့ ကမ္ဘာကျော်လက်ဝှေ့သမား တွေဖြစ်တဲ့ မိုဟာမက်အလီနဲ့ ဖလွိုက် မေဝဲလ်သာကို နှိုင်းယှဉ်လို့
မရသလို ပေါ့။ သူတို့နှစ်ယောက်စလုံးဟာ ကမ္ဘာ ကျော်တွေပါ။ ဒါပေမဲ့ ဘယ်သူက ဘယ်သူ
ထက်ပိုကောင်းတယ်ဆိုတာ တော့ ပြောလို့မရပါဘူး။ သူ့ဘဝမှာ ရော၊ ကျွန်မဘဝမှာပါ ဆရီနာ
ဟာ တင်းနစ်ကစားတာ အကောင်းဆုံး ပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး သူနဲ့ ကျွန်မကြားက
အရည်အချင်းကွာဟ မှုဟာ အနည်းငယ်ပဲရှိပါတော့တယ်" ဟု ပင်ပစိဖိတ်အိုးပင်းပြိုင်ပွဲမတိုင်မီ
ပြုလုပ်သည့် အေအက်ဖ်ပီနှင့် အင်တာဗျူးတွင် အဇာရန်ကာက ပြောကြားခဲ့ခြင်း ဖြစ်သည်။
(အေအက်ဖ်ပီ)















