သက်တမ်းရှည်တိုးဒီဖရန့် စက်ဘီး ပြိုင်ပွဲနည်းတူ နိုင်ငံတကာစက်ဘီး ပြိုင်ပွဲအဖွဲ့ချုပ် (UCI) ရဲ့
အထင်ကရ ပြိုင်ပွဲ ပွဲစဉ်တစ်ရပ်ဖြစ်တဲ့ Tour of Britain စက်ဘီးပြိုင်ပွဲဟာ အားကစားပရိသတ်
တွေကြားမှာ ရေပန်းစားတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်
နေ့ ကနေ ၂၂ အထိ အဆင့်ရှစ်ဆင့် စီးနင်း ယှဉ်ပြိုင် ရတဲ့ ဒီပြိုင်ပွဲမှာ ကမ္ဘာတစ်လွှား ထိပ်တန်း
စက်ဘီးစူပါစတားတွေ အကြိတ်အနယ် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ၂၀၁၂ တိုးဒီဖရန့်ချန်ပီယံ
ဘရက်ဒလေဝစ်ဂင်လည်း ပါ၀င်ဆင်နွှဲခဲ့တာကြောင့် အခုနှစ်ဟာ အင်္ဂလန်သားတွေ အကြီး
အကျယ် အားပေးခဲ့ကြတဲ့ပွဲစဉ်တစ်ရပ်ဖြစ်ခဲ့ရပါတယ်။
အင်္ဂလန်မြေ နဲ့ နှစ်ပရိစ္ဆေဒ များစွာ ကင်းကွာနေတဲ့ တိုးဒီဖရန့်ချန်ပီယံဆုဖလားကို ရယူပေးခဲ့တဲ့
အတွက် ဘက်ကင်ဟမ်နန်းတော်က ှငမ ဘွဲ့ ချီးမြှင့်ခဲ့တဲ့ ဆာဘရက်ဒလေ ကပဲ Tour of Britain
စက်ဘီး ပြိုင်ပွဲမှာ ဦးဆောင်ပန်းဝင် ဗိုလ်စွဲခဲ့တာကို ဗြိတိန်မီဒီယာတွေကလည်း ဂုဏ်ပြုမဆုံးဖြစ်နေ
ကြတာကိုလည်း နားလည်ပေးရဦးမှာပဲ မဟုတ်ပါလား။ နွေရာသီ လန်ဒန်အိုလံပစ်မှာလည်း
အင်္ဂလန်ဂုဏ်ဆောင် ရွှေတံဆိပ်ရယူပေးခဲ့သူ စက်ဘီးစူပါစတား ဘရက် ဒလေရဲ့ မွေးရပ်ဇာတိ
မြေက ဘယ်လ်ဂျီယံမြို့ငယ် ဂျန့်ပဲ ဖြစ်ပါတယ်။
ဖခင်ဖြစ် သူကိုယ်တိုင်က လက်ရွေးစင် စက်ဘီးချန်ပီယံတစ်ဦး ဖြစ်တာကြောင့် ဘရက်ဒလေမှာ
ဖခင်ရဲ့သွေး အပြည့်အဝပါရှိလာတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ျွှငါါသ လို့ စက်ဘီးပရိသတ်တွေ
က အမည်ပြောင်ပေးခြင်းခံရသူ ဘရက် ဒလေ နှစ်နှစ်သားအရွယ်မှာပဲ မိဘ နှစ်ပါးစလုံး အိမ်ထောင်
ရေးပြိုကွဲခဲ့တာကြောင့် မိခင်ရဲ့ဇာတိမြေ အင်္ဂလန်ကို ပြောင်းရွှေ့၊အခြေချဖို့ အကြောင်းဖန်ခဲ့ပြီး
မိခင်ရဲ့ ပြုစု ပျိုးထောင်မှုနဲ့ အခုလို ကမ္ဘာ ကျော် အားက စား ငွေကြယ်ပွင့်တစ်ပွင့်ဖြစ် လာခဲ့တာ
ကိုတော့ လူငယ်ခြေတက်လေးတွေ အတွက် အတုယူ အားကျစရာလို့ ဆိုရ မှာပဲပေါ့။
Wiggo အမည်နဲ့ ကျော်ကြားတဲ့ စက်ဘီးစတား ၀စ်ဂင်ရဲ့ မူလဘူတ ရည်မှန်းချက်က ပရော်ဖက်
ရှင်နယ် ဘောလုံးစတားတစ်ယောက်ဖြစ်ဖို့ပါ ပဲတဲ့။ အာဆင်နယ်အသင်းရဲ့ အမာခံ ပရိသတ်တစ်
ယောက်ဖြစ်သလို အထက် တန်းကျောင်းသားဘဝမှာလည်း ကျောင်းလက်ရွေးစင်ဘောလုံးသမား
ဖြစ်ခဲ့သူဟာ ၁၉၉၂ ဘာစီလိုနာ အိုလံပစ်ပြိုင်ပွဲကို ရုပ်သံက ကြည့်ရှု အားပေးအပြီးမှာ ဖခင်ဖြစ်သူ
လို စက်ဘီးအကျော်အမော်တစ်ယောက် ဖြစ်ဖို့ ဆန္ဒပြင်းပြလာခဲ့ပြီး Cycling နယ်ပယ်ကို ခြေစုံ
ပစ်ဝင်လာခဲ့တာဟာ လည်း ကံတရားရဲ့ ဆန်းပြားတဲ့ လှည့်စားမှုတစ်ရပ်လို့ ဆိုရမှာပဲမဟုတ် ပါ
လား။
အခု ၂၀၁၃ လန်ဒန်အိုလံပစ်ပြိုင်ပွဲ မှာ ပူပူနွေးနွေး ဆာဘရက်ဒလေဟာ Team sky အသင်းနဲ့
အတူ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း စီးနင်းချိန် ၂၉ နာရီ၊ ၄၅ မိနစ်၊ ၂၂ စက္ကန့်နဲ့ ဦးဆောင်ပန်း
၀င်ခဲ့ပြီး အင်္ဂလန်သားတွေနဲ့ ဝေးကွာနေတဲ့ Tour of Britain ချန်ပီယံဆုဖလားကို ပြန်လည်လှမ်း
ယူပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ဆွီဒင်ချန်ပီယံ မာတင် အက်စီဂါက ဘရက်ဒလေနောက် ၂၆ စက္ကန့်အကွာ ဒုတိယလူအဖြစ်နဲ့ ပန်း
၀င်ခဲ့ပြီး အင်္ဂလန်စတားတစ်ဦးဖြစ် တဲ့ ဆိုင်မွန်ရိုတ်ခ်က ၂၇ စက္ကန့်အကွာ တတိယနေရာကနေ
အသီးသီးပန်းဝင်ခဲ့ကြတာကိုကြည့်မယ်ဆိုရင်လည်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး တကယ့်ကို ရေကုန်
ရေခမ်းနွှဲခဲ့ကြတယ်ဆိုတာ ထင်ရှားနေပါတယ်။ ချန်ပီယံဆုဖလားရယူအပြီးမှာ ဆာဘရက်ဒလေ
က "အခုနှစ်တိုးဒီဖရန့်မှာ ဒဏ်ရာကြောင့် ပါ၀င်ခွင့်မရခဲ့တာကို အခုဗြိတိန်ဆုဖလားနဲ့ နှစ်သိမ့်
လိုက်နိုင်ပါပြီ။ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးကိုလည်း မမေ့ပါဘူး။
နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆက်လက်အောင်ပန်းဆင်နိုင်ဖို့ ဆက်တိုက် ကြိုးစားသွားပါမယ်"လို့
၀မ်းမြောက်ကြည်နူးစကားဆိုသွားပါတယ်။















