ရီးယဲလ်မက်ဒရစ် - အလက်တီကို လာလီဂါပွဲတွေကတော့ ဒီတစ်ပတ် မှာ သုံးပွဲဆက်တိုက်
ကစားရဖို့ရှိနေပါ တယ်။ အသင်းကြီးတွေလည်း အရှိန်ရ လာပြီဖြစ်လို့ ပွဲတွေကလည်း ပိုပြီး
အကြိတ်အနယ်ရှိလာနေတာ တွေ့ရ တယ်။ ဒီတစ်ပတ်အတွက်တော့ ပွဲစဉ် (၇)အဖြစ် ကစား
ဖို့ရှိနေတဲ့ မက်ဒရစ် ဒါဘီပွဲကို ရင်ခုန်ကြည့်ချင်မိတယ်။
ကြားထဲမှာ ပွဲစဉ်(၆)ကစားတာကို မသိရသေးတဲ့အချိန်မှာ ဒီပွဲကို ကြိုပြီး ခန့်မှန်းရတာဖြစ်လို့
နည်းနည်းတော့ အခက်အခဲရှိသလိုပါပဲ။ ဒါပေမဲ့လည်းမက်ဒရစ်မြို့ခံအသင်းကြီးနှစ်သင်းအတွက်
ကြားထဲမှာ ကစားရမယ့် ပွဲစဉ် (၆)မှာ ရီးယဲလ်က အယ်လ်ချီနဲ့ အဝေး ကွင်း၊ အလက်တီကိုက
အိမ်ကွင်းမှာ အိုဆာဆူနာလိုအသင်းတွေကို ကစား ရမှာဖြစ်လို့ နှစ်သင်းစလုံးအတွက်ရမှတ်
အပြည့်ရထားဖို့က ရာခိုင်နှုန်းပိုများနေပါတယ်။
ဒါကြောင့် ဒီနှစ်သင်း ထိပ်တိုက်တွေ့မယ့်အချိန်မှာ အဆင့် တစ်ခုအတွက် အပြိုင်လုရမယ့်ပွဲလည်း
ဖြစ်လာနိုင်တဲ့အတွက် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ပွဲကောင်းတစ်ပွဲပါပဲ။ ရီးယဲလ်မက်ဒရစ်ဟာ
ဘေးလ်ကို ခေါ်ယူပြီးနောက်မှာ ကစားပုံတဖြည်း ဖြည်းနဲ့ နည်းပြအန်ဆယ်လော့တီ လိုချင်တဲ့
ပုံစံမျိုး ရစပြုလာနေတာ တွေ့ရတယ်။ ဒီကြားထဲမှာ ရော်နာဒိုကို လည်း စံချိန်တင်လစာကြေးနဲ့
စာချုပ် ချုပ်နိုင်ခဲ့ပြီဖြစ်လို့ ရော်နာဒိုကစားပုံ ကလည်း ပိုပြီးအားပါလာတယ်။ဘေးလ် ရောက်လာ
တဲ့အတွက်ကြောင့်လည်း ရော်နာဒိုဟာ ဒီအသင်းမှာ သူဘုရင်ပါ ဆိုတဲ့ မာနမျိုးကိုပြနိုင်ဖို့အတွက်
ပိုပြီး ညှစ်ကစားလာသလို ဂိုးတွေလည်း ပိုရ လာတာတွေ့ရတယ်။
ဒါကြောင့် ရီးယဲလ် ရဲ့ တိုက်စစ်ပိုင်းအတွက်ကတော့ သိပ် ပူစရာမလိုလှပါဘူး။ လက်ရှိ ရီးယဲလ်ရဲ့
တိုက်စစ်ဟာ ရော်နာဒိုဂိုးတွေရလာလို့ ပိုအားပြည့် လာတာမှန်ပေမယ့် တကယ်တမ်း တိုက်စစ်ကို
ဦးဆောင်နေတာက အစ္စကို ပါပဲ။ အစ္စကိုဟာ ရီးယဲလ်နဲ့ အမြန်ဆုံး အထိုင်ကျနိုင်ခဲ့လို့ အသင်းရဲ့
အားကိုး ရတဲ့ အိုဇေးလ်ကိုတောင် ရီးယဲလ်က ရောင်းထုတ်ခဲ့တာကိုကြည့်ရင် အစ္စကို အပေါ်
နည်းပြအန်ဆယ်လော့တီ အနေနဲ့ ယုံကြည်မှုဘယ်လောက်ရှိနေ သလဲဆိုတာ ပိုပြီးသိသာလာ
တယ်။ အစ္စကိုကလည်း အသင်းအတွက် အရေးပါတဲ့ အဆုံးအဖြတ်ဂိုးတွေကိုပါ သွင်းပေးနိုင်တဲ့
အပြင် ဂိုးဖန်တီးမှုတွေ လည်း လုပ်ပေးနေနိုင်တယ်။
ဒါကြောင့် ရီးယဲလ်ရဲ့တိုက်စစ်ဟာ အစ္စကိုဆီက နေ အစပြုတယ်လို့ပြောနိုင်တယ်။ ဒါ့ပြင် မော်ရင်
ညိုလက်ထက်မှာ ပုံမှန်ကစားခွင့်မရပေမယ့် အန်ဆယ် လော့တီလက်ထက်အရောက်မှာ နေရာ
ပိုရလာလို့ မိုဒရစ်ရဲ့ခြေစွမ်းကလည်း တဖြည်းဖြည်းနဲ့ တော့တင်ဟမ်တုန်းက လို ကွင်းလယ်ပိုင်း
ကို ဦးဆောင်မှုပေး လာနိုင်တာတွေ့ရတယ်။ ကွင်းလယ်မှာ အလွန်ဆို မကစားနိုင်သေးလို့ ခီဒီ
ယာနဲ့ ကာဆီမီရိုတို့ကို အသုံးပြုနေရလို့ အဲဒီ တစ်ပေါက်ကပဲ ရီးယဲလ်ခံစစ်ပိုင်းကို အနည်းငယ်
အားပျော့သွားစေတာမျိုး ဖြစ်နေစေတယ်။ ရီးယဲလ်ရဲ့ခံစစ်ကတော့ လက်ရှိ အချိန်အထိ စိတ်ချ
ရတဲ့ခံစစ်မျိုးလို့ မပြောနိုင်သေးပါဘူး။ ပွဲတိုင်းနီးပါး ဂိုးပေးနေရတဲ့ ရီးယဲလ်ခံစစ်ရဲ့ကစားပုံ ဟာ
အလက်တီကိုလိုအသင်းမျိုးရဲ့ တိုက်စစ်ကိုရင်ဆိုင်ရာမှာလည်း အခက် အခဲတွေ့ဖို့ ရှိနေပါတယ်။
အလက်တီကို ကလည်း ဖယ်လ်ကာအိုမရှိတဲ့နောက် မှာအသစ်ခေါ် ထားတဲ့ဒေးဗစ်ဗီလာနဲ့ ဒီယေ
ဂိုကော်စတာတို့နှစ်ယောက်စလုံး တွဲဖက်ညီညီကစားနေနိုင်ပြီး ပြီးခဲ့တဲ့ရာသီကထက် အဝေးကွင်း
တိုက်စစ် ကစားပုံ ပိုကောင်းလာနေတာတွေ့ရ တယ်။ အလက်တီကိုရဲ့တိုက်စစ်ဟာ ပွဲတိုင်းဂိုးသွင်း
နေနိုင်တာကလည်း မတည်ငြိမ်တဲ့ ရီးယဲလ်ခံစစ်အတွက် သတိထားရမယ့်အချက်ပါပဲ။
အလက်တီကိုဟာ နည်းပြဆီမြွန်နီ လိုချင်တဲ့ကစားကွက်ပုံစံမျိုးနဲ့ ဒီရာသီမှာပိုပြီး အသားကျလာ
နေသလို ရာသီအစ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ စူပါ ဖလားပွဲကိုလည်း နှစ်ပွဲစလုံး အရှုံးမရှိ အောင်
ကစားနိုင်ခဲ့တာကိုကြည့်ရင် အလက်တီကိုရဲ့ တိုးတက်မှုက သိသာ ထင်ရှားလာနေတယ်။
အထူးသဖြင့် အလက်တီကိုအသင်း ရဲ့ ကွင်းလယ်မှ တီယာဂို၊ ဂါဘီနဲ့ ကိုကီတို့ဟာ ဒီရာသီမှာ
ကစားပုံ သိသိသာသာ ကို တိုးတက်လာကြပြီး ဒီသုံးယောက်ရဲ့ အားဟာ အလက်တီကိုရဲ့
အဓိက မောင်းနှင်မှုတစ်ခုလို့တောင် ပြောလို့ရ နေတယ်။ ခံစစ်ပိုင်းမှာလည်း ဖိလစ်ပီ၊ ဂိုဒင်၊
မီရင်ဒါ၊ ဟွမ်ဖရန်တို့ဟာ တွဲဖက် ကစားလာတာကြာပြီဖြစ်လို့ ဟန်ချက် ညီမျှမှု ပိုရှိလာနေ
တာကိုလည်း တွေ့ နေရတယ်။ အထူးသဖြင့် သတိထားစောင့်ကြည့် ရမယ့်အချက်က အလက်
တီကိုနည်းပြ ဆီမြွန်နီရဲ့ နည်းဗျူဟာပိုင်းပါပဲ။ ဆီမြွန်နီ ဟာ စူပါဖလားပွဲမှာ ဘာစီလိုနာကို အိမ်
ကွင်းမှာ ၁-၁ သရေကစားပြီး အဝေးကွင်းမှာတော့ ဂိုးမရှိသရေရ အောင် ခံကစားနိုင်ခဲ့တဲ့ပုံကို
ကြည့်ရင် သူ့ရဲ့ခံစစ်ပိုင်း နည်းဗျူဟာတွေဟာ ထိရောက်မှုရှိ တယ်လို့ပြောလို့ရတယ်။
လက်ရှိအချိန်မှာ အားအကောင်းဆုံး တိုက်စစ်ကစားတဲ့အသင်းလို့ သတ်မှတ် ခံထားရတဲ့ ဘာစီ
လိုနာလိုအသင်းမျိုး ကို နှစ်ပွဲပေါင်းမှတစ်ဂိုးသာပေးရအောင် ထိန်းချုပ်ကစားပြနိုင်ခဲ့တာကိုကြည့်
ရင် အလက်တီကိုရဲ့ခံစစ်ပိုင်းဟာ လိုအပ်ရင် လိုအပ်သလို နည်းဗျူဟာမြောက်စွာ ကစားနိုင်စွမ်း
ရှိနေတာကို တွေ့နိုင် တယ်။ အထူးသဖြင့် အလက်တီကိုဟာ အဝေးကွင်းပွဲတွေဆိုရင် ခံစစ်ကိုပိုပြီး
ဦးစားပေးကစားလေ့ရှိတာကိုလည်းတွေ့နေရတယ်။
အဝေးကွင်းမှာ ကစား ခဲ့တဲ့ နှစ်ပွဲစလုံးကို အနိုင်ယူထားခဲ့ပြီး ဒီနိုင်ပွဲတွေမှာ အိမ်ကွင်းစုစည်းမှု အား
ကောင်းတဲ့ ဆိုစီဒက်လိုအသင်းကို တောင် အနိုင်ရထားခဲ့လို့ အလက်တီကို ရဲ့အဝေးကွင်းကစားပုံ
ကို သတိထားဖို့ လိုနေတယ်။ အထူးသဖြင့် အဝေးကွင်း မှာ လုံအောင်ဦးစားပေးပြီးမှ တန်ပြန်
တိုက်စစ်ကို ထိထိရောက်ရောက် အသုံးချနိုင်တတ်တဲ့ အလက်တီကိုရဲ့ ကစားပုံဟာ ခံစစ်ပိုင်း
သိပ်မငြိမ်လှတဲ့ ရီးယဲလ်ဘက်ကို အချိန်မရွေး ဒုက္ခပေး သွားနိုင်တယ်။
ရီးယဲလ်ကတော့ တိုက်စစ်ပိုင်း ထက်မြက်မှုရှိတာမှန်ပေမယ့် ခံစစ် ကြောင်း မာကျောတဲ့အသင်း
တွေနဲ့ တွေ့ရင် ဂိုးရဖို့ရုန်းကန်ရတတ်တာကို လာလီဂါရဲ့ အဖွင့်ပွဲနှစ်ပွဲဖြစ်တဲ့ ဘက်တစ်ကို ၂-၁
နဲ့နိုင်တဲ့ပွဲ၊ ဂရန်နာဒါ ကို ၁-၀ နဲ့အနိုင်ရတဲ့ပွဲတွေမှာ တွေ့ထား ရတယ်။ ဒါကြောင့် အလက်တီကို
နဲ့ ရင်ဆိုင်ရာမှာ ရီးယဲလ်အတွက် အရင် အစဉ်အလာတွေအတိုင်း စိတ်ကြိုက် နိုင်ပွဲတစ်ပွဲဖြစ်လာ
ဖို့ မမြင်မိပါဘူး။ ပုံမှန်ခြေစွမ်းရနေတဲ့ အလက်တီကိုနဲ့ ဂိုးအနည်းကိုပဲ ရွေးချင်တယ်။
အခြားပွဲစဉ်များ
ဗယ်လာဒိုးလစ် - မာလာဂါ *
* ဗလင်စီယာ - ရာယို
အယ်လ်မီရီယာ - ဘာစီလိုနာ*
ဆိုစီဒက် - ဆီဗီလာ *
အိုဆာဆူနာ - လီဗန်တေး *
* ဆယ်လ်တာ - အယ်လ်ချီ
* အက်စ်ပန်ညို - ဂီတာဖေး
ဘက်တစ် - ဗီလာရီးယဲလ် *
* ဂရန်နာဒါ - ဘီလ်ဘာအို















