မက်ဒရစ် - ဖော်မြူလာဝမ်းပြိုင်ပွဲမှ စပိန်ကားမောင်းသမား အလွန်ဆိုမှာ ငွေးကြေးအကျပ်
အတည်းဖြင့် ရင်ဆိုင် နေရသည့်စက်ဘီးအသင်းတစ်သင်း ဖြစ်သောအက်စ်ကယ်လ်တယ်
အက်စ် ကာဒီ (Euskaltel Euskadi)အသင်း အား ၀ယ်ယူရန် သဘောတူညီမှု ရရှိသွားပြီ
ဖြစ်ကြောင်း နှစ်ဖက် တာဝန်ရှိသူများကပြီးခဲ့သည့် တနင်္လာ နေ့က ထုတ်ပြန်ကြေညာလိုက်
သည်။
ယင်းစက်ဘီးအသင်းနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုထားသော ကုမ္ပဏီမှာ ဒေသခံအစိုးရ၏
ဘတ်ဂျက် ယူရို ၃ ဒသမ ၅ သန်း ဖြတ်တောက်ခံရပြီး ချိန်ကပင်စပြီး အလွန်ဆိုအားရောင်းချ
ရန် အကြမ်းအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း ဆိုသည်။
"၂၀၁၄ ခုနှစ်ကစပြီး အခုစက်ဘီး အသင်းကို အသင်းကောင်းတစ်သင်း ဖြစ်လာအောင် ပြန်လည်
လုပ်ဆောင် သွားမှာပါ။ ဒီအားကစားနည်းဟာ လည်း ကျွန်တော်ဝါသနာပါတဲ့ အားကစားနည်းပါ
ပဲ။ ဒါကြောင့်လည်း သူတို့နဲ့ အလုပ်အတူလုပ်ဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပြီး အနာဂတ်မှာ အောင်မြင်ဖို့
အတွက် အခုချိန်ကတည်းက အသေး စိတ် စီစဉ်ဆောင်ရွက်သွားမှာပါ။ မနက်ဖြန်ကနေစပြီး
ဒီစက်ဘီးအသင်း ကို အရင်နဲ့လုံးဝမတူတဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်သွားနိုင်ဖို့
ယုံကြည်မှုရှိပါတယ်"ဟု အလွန်ဆိုကပြောကြားသွားသည်။
စက်ဘီးအသင်း၏ ယခင်အဓိက စပွန်ဆာကုမ္ပဏီဖြစ်သော အက်စ်ကယ်လ်တယ် ဆက်သွယ်ရေး
ကုမ္ပဏီ သည် သူတို့၏ဘဏ္ဍာရေးအခက်အခဲ ကြောင့် စက်ဘီးအသင်းအတွက် ထားရှိ သော
ယခုနှစ်အတွက် ရန်ပုံငွေ ယူရို ကိုးသန်းထဲမှ ခုနစ်သန်းကို ပြန်လည် ထုတ်ယူခဲ့ရသည်။
(အေအက်ဖ်ပီ)














