ခြေငြိမ်နေတဲ့ ရိုးမားကို ယုံရမယ်

ခြေငြိမ်နေတဲ့ ရိုးမားကို ယုံရမယ်

ရောမဒါဘီပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် လာဇီယိုကို ၂-၀ ဖြင့် အနိုင်ရပြီးနောက် အမှတ်ပေးဇယား
ထိပ်ဆုံးသို့ တက် ရောက်နိုင်ခဲ့သည့် ရိုးမားခြေစွမ်းသည် ယခုရာသီအစပိုင်းတွင် ထူးထူးခြားခြား
ကောင်းမွန်နေသည်။

ကွင်းလယ်ကို အသားပေးပြီး ကစား ကွက်ဖော်ဆောင်သော နည်းပြဂါစီယာ လက်ထက်တွင်
ရိုးမား၏ကစားဟန် များသည် ပြောင်းလဲလာသည်။ နည်းပြ ဂါစီယာသည် တိုက်စစ်ဦးစားပေးကာ
ကွင်းလယ်ကစားကွက် အသာစီး ယူနိုင် သည့် ၄-၃-၃ ကစားကွက်ဖြင့် ရိုးမားကို အထိုင်ချလျက်
ရှိရာ တိုးတက်မှုရှိ သည်။

အဖွင့်လေးပွဲဆက်တိုက် နိုင်ခဲ့ရာ တွင် ဗွေဆော်ဦးပွဲ၌ ရိုးမားသည် လီဗော်နိုကို ၂-၀ ဖြင့် နိုင်သည်။
ထို့နောက် အိမ်ကွင်းတွင် ဗီရိုနာကို ၃-၀၊ ပါးမားကွင်းတွင် ၃-၁၊ ရောမဒါဘီ တွင် လာဇီယိုကို ၂-၀
ဖြင့် နိုင်ခဲ့ရာ လေးပွဲအတွင်း ၁၀ ဂိုး သွင်းယူနိုင် သည်။

တစ်ဖက်ကလည်း ပေးဂိုးတစ်ဂိုး သာရှိပြီးလာဇီယိုနှင့်ပွဲအပါအဝင် သုံးပွဲတိတိ ပေးဂိုးမရှိ clean-
sheet ဖြစ်ခဲ့သောကြောင့် ရိုးမားကို ပြိုင်ဘက်တိုင်းက 'ဖြုံ'လာကြသည်။ ရိုးမားတိုက်စစ်တွင်
အသင်းခေါင်းဆောင် တော့တီသည် အသက်အရွယ်ထောက်လာသော်လည်း အသင်းကို
ဦးဆောင်မောင်းနှင်ရာတွင် အရေးပါ သည်။ ကစားကွက်ဖန်တီးရှင် တော့တီ သည် ဩဇာရှိပြီး
ရိုးမားတိုက်စစ်ကို ပုံဖော်ပေးလျက်ရှိသည်။

သုံးယောက်တိုက်စစ်ပုံစံကို အသုံးပြုပြီး ညာခြမ်း တိုက်စစ်နေရာတွင် အီတလီလက်ရွေးစင်
ဖလိုရန်ဇီ(၂၂ နှစ်)ကို ပွဲထွက်ကစား သမားအဖြစ် နေရာချထားသည်။ ဖလိုရန်ဇီသည် ညာခြမ်း
တိုက်စစ်တွင်သာမက 'အထောင်'တိုက်စစ်မှူးအဖြစ် အလျဉ်းသင့်သလို ပြောင်းလဲကစားသွား
သောကြောင့် ဂိုးများသွင်းယူနိုင် ခြင်းဖြစ်သည်။ ဘယ်ခြမ်းတိုက်စစ်တွင် အာဆင်နယ် မှ ပြောင်း
လာသော ဂျာဗင်ဟို(၂၆ နှစ်)၊ ဖီအိုရင်တီးနားမှ ခေါ်ယူလိုက်သော အဒမ်လာဂျစ် (၂၁ နှစ်)တို့ကို
အလှည့် ကျ ပွဲထုတ်ပေးသည်။

၎င်းတို့နှစ်ယောက် စလုံးသည်လည်း အခြေအနေပေးလာ ပါက 'အထောင်'တိုက်စစ်မှူးအဖြစ်
ကစားနိုင်ကြသည်။ 'အထောင်' တိုက်စစ်မှူး မာကိုဘော်ရီလိုကို တော့တီနှင့် လူစားလဲလှယ်
ကစားစေ ပြီး လိုအပ်ပါက ဘယ်ခြမ်းနှင့် ညာခြမ်း တိုက်စစ်များတွင်လည်း လဲလှယ် ကစား
စေသည်။

တစ်ဖန် ဖလိုရန်ဇီ၊ လာဂျစ်နှင့် ဂျာဗင်ဟိုတို့ သုံးယောက် စလုံးသည် ဘယ်ခြမ်းတိုက်စစ်နှင့် ညာခြမ်းတိုက်စစ် နှစ်နေရာစလုံးကို ပြောင်းလဲကစားနိုင်စွမ်းရှိသောကြောင့် ရိုးမားတိုက်စစ်သည်
နည်းစံနစ်အပိုင်း အရ ်ူနထငဘငူငအပ ကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်သည်။

ထိုအချက်သည် ပြိုင်ဘက်နောက်ခံလူတစ်ယောက် အနေဖြင့် ရိုးမားတိုက်စစ်မှူးများကို လူကပ်
ကစားသောအခါတွင် ပုံသေ သတ်မှတ်ကစားရန် များစွာခက်ခဲသွား သည်ကို တွေ့ရသည်။
ကွင်းလယ်သုံးယောက်တွင် ဒီရော့စီ (၃၀ နှစ်)ကို ball winning နေရာတွင် ထားပြီး
ညာတောင်ပံတွင် ပန်နစ် (၂၃ နှစ်)၊ ဘယ်တောင်ပံတွင် ကီဗင် စထရုမင်း (၂၃ နှစ်) တို့ကို
ပွဲထွက်ကစား သမားများအဖြစ် ပုံသေအထိုင်ချထား သည်။

ဒီရော့စီသည် ကွင်းလယ်တွင် အခရာကျပြီး တော့တီနှင့် ချိတ်ဆက်ပေးသူဖြစ်သကဲ့သို့ ခံစစ်မှ
တိုက်စစ်သို့ ကူးပြောင်းရာတွင် မြစ်ဖျားခံရာ ဖြစ် သည်။ ရိုးမားတို့ ခံစစ်မှ တိုက်စစ်သို့ ရုတ်တရက်
ကူးပြောင်းရာတွင် ထိရောက် မှုရှိခြင်းသည် ဒီရော့စီ၏ အခန်းကဏ္ဍနှင့် သက်ဆိုင်နေ သည်။

တစ်ဖန် တန်ပြန် တိုက်စစ်တွင် ကွင်းလယ်လူများနှင့် တိုက်စစ်သမားများ နားလည်မှုကောင်း ခြင်း၊
အချိတ်အဆက်မိခြင်းတို့သည် ရိုးမားကို ဂိုးသွင်းခွင့်များ ဖန်တီးရရှိ နိုင်စေသော အချက်များဖြစ်သည်။

အသက်အရွယ်အားဖြင့် ကြည့်မည် ဆိုလျှင် ရိုးမားတိုက်စစ်နှင့်ကွင်းလယ် တွင် တော့တီနှင့်
ဒီရော့စီတို့နှစ်ယောက် သာ အသက်ကြီးပိုင်းပါ၀င်ပြီး ကျန်ကစားသမားများထဲတွင် ဂျာဗင်ဟို
(၂၆ နှစ်)သည် အကြီးဆုံးဖြစ်သည်။

အများစုမှာ ၂၁ နှစ်မှ ၂၃ နှစ်အတွင်း သာ ရှိကြရာယေဘုယျအားဖြင့် ရိုးမား တိုက်စစ်သည်
ငယ်ရွယ်နုပျိုလျက်ရှိပြီး သမ္ဘာနှင့် အတွေ့အကြံုပိုင်းကို တော့တီ၊ ဒီရော့စီတို့နှစ်ယောက်ဖြင့်
'ကျားကန်'ပေးထားသည်ကို တွေ့ရသည်။ ပွဲစဉ်(၄)အထိ ကစားပြီးချိန်တွင် ရိုးမားသွင်းယူနိုင်
ခဲ့သော ဂိုးများကို သုံးသပ်ကြည့်ပါက အံ့ဩဖွယ်ရာများ ကို တွေ့ရသည်။ လေးပွဲအတွင်း ၁၀ ဂိုး
သွင်းယူခဲ့ရာ၌ ထို ၁၀ ဂိုးစလုံးကို ဒုတိယ ပိုင်းရောက်မှသာ သွင်းယူနိုင်သည်။

ပထမပိုင်းတွင် ရိုးမားတို့ ဂိုးမသွင်းနိုင် သကဲ့သို့ ပါးမားနှင့်ပွဲမှလွဲပြီး ကျန်သုံးပွဲ တွင် ပထမပိုင်း၌
ဂိုးမရှိသရေကျနေတာကို တွေ့ရသည်။ တစ်ဖန် ထို ၁၀ ဂိုးအနက် ခုနစ်ဂိုးကို ဒုတိယပိုင်း ၅၅
မိနစ်မှ မိနစ် ရ၀ အတွင်း ၌သာ သွင်းယူခဲ့သည်ကို တွေ့ရသည်။ တစ်ဖက်တွင် ဘိုလော့နာ
သည် အဖွင့်လေးပွဲဆက် တိုက် နိုင်ပွဲလုံးဝမရှိသေးဘဲ ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန် နေရသော
အသင်းဖြစ်သည်။

ယခင်နှစ် များက ဘိုလော့နာသည် အိမ်ကွင်းစွာ သော်လည်း ယခုရာသီတွင်မူ အိမ်ကွင်း ၌ပါ
ရုန်းကန်နေရသည်။ ဘိုလော့နာတိုက်စစ်သည် ယခုရာသီ တွင် အထိုင်မကျသေးဘဲ တိုက်အား၊
တွန်းအားရှိသော အသင်းများကို ရင်ဆိုင် ရာတွင် ယုံကြည်မှုပျောက်ဆုံးကာ အမှားအယွင်းများ၊
'ပျော့ကွက်'များ မကင်းဘဲ ရှိနေတတ်သည်။ ပွဲတိုင်း ဂိုးသွင်းခံခဲ့ရပြီး ကွင်းလယ်ခံစစ်တွင် အား
ပျော့နေသည်။

တစ်ဖန် အဝေး ကွင်းပွဲစဉ်များ၌ ကစားကွက်ပျက်ကာ အသင်းလိုက်ခြေစွမ်းပျောက်ဆုံးနေ တတ်
သည်။ ခြံုကြည့်လျှင် အဝေးကွင်း ခြေစွမ်း ထက်မြက်ခြင်းမရှိသော ဘိုလော့နာ သည် တိုက်စစ်
ရော၊ ခံစစ်ပါ အားရ ကျေနပ်ဖွယ်ရာမရှိဘဲ လျော့တိလျော့ရဲ ဖြစ်နေသည်။ တစ်ဖက်တွင် ရိုးမား
သည် ကွင်းလယ်ကစားကွက် စီးစီး ပိုင်ပိုင်ရှိခြင်းနှင့်အတူ တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံကောင်း
နေသည်။

သို့ကလိုကြောင့် အိမ်ရှင်အားသာ ချက်ကိုပါ ထည့်တွက်လိုက်လျှင် ရွေးချယ်သင့်သောအသင်း
မှာရိုးမား ဖြစ်ပြီး ဂိုးများသောပွဲ ဖြစ်လာနိုင် သည်ဟု ယူဆမိသည်။



ဖတ်ရှုမှုအများဆုံး