အေစီမီလန် အလှည့်လား - အီတလီစီးရီးအေပွဲစဉ်(၆)

အေစီမီလန် အလှည့်လား - အီတလီစီးရီးအေပွဲစဉ်(၆)

အတ္တလန္တာ - ယူဒီးနိစ်
ဒီရာသီစအပိုင်းမှာ အတ္တလန္တာခြေစွမ်းမငြိမ်ဘူး။ တိုက်စစ်ရော၊ ခံစစ်ပါသိပ်အားရစရာမရှိသေး
ပေမယ့် အိမ်ကွင်းမှာတော့ အားထည့်ကစားတယ်။ ယူဒီးနိစ် လည်း ခြေကျပြီး အဝေးကွင်းဂိုး
သွင်းအားရှိပေမယ့် တစ်ပွဲကို နှစ်ဂိုးနှုန်းသွင်းခံနေ ရတယ်။ အတ္တလန္တာကို ပိုကြိုက်တယ်။

ကက်ဂလီယာရီ - အင်တာမီလန်
တစ်ဦးချင်းကောင်းသူတွေ ပါ၀င်ပြီး ဂိုးသွင်းအားရှိပေမယ့် ကက်ဂလီယာရီ နောက်တန်း လုံခြံုမှု
မရှိဘူး။ အထူးသဖြင့် အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ ခံစစ် ဖရိုဖရဲ ဖြစ်သွားတယ်။ အင်တာမီ
လန်ကတော့ 'ကြွေ' တက်နေပြီး တိုက်စစ်ရော၊ ခံစစ်ပါကောင်းတယ်။ မီလီတို ပြန်ကစားနိုင်လို့
ဂိုးသွင်းအားပါ တက်လာတယ်။ အင်တာမီလန်ကို ရွေးချယ်သင့်တယ်။

ကာတာနီးယား- ချီယေဗို
အဖွင့်လေးပွဲဆက်တိုက် နိုင်ပွဲမရှိသေးတဲ့ ကာတာနီးယားဟာ တိုက်စစ်ပါပျောက်နေတယ်။ လေးပွဲ
ကို တစ်ဂိုးပဲ သွင်းနိုင်ပြီး သုံးပွဲက ဂိုးမသွင်းနိုင်ခဲ့ဘူး။ ချီယေဗိုကလည်း အဝေးကွင်းနှစ်ပွဲဆက်တိုက်
မှာ နိုင်ပွဲမရှိသလို တစ်ဂိုးမှ မသွင်း နိုင်သေးဘူး။ ဒါကြောင့်အခုပွဲက သရေနဲ့ အဆုံးသတ်ဖို့များ
တယ်။

ဖီအိုရင်တီးနား - ပါးမား
စီးရီးအေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ကစားနေပေမယ့် ဖီအိုရင်တီးနား ခြေစွမ်း
ထက်မြက်ပြီး ဂိုးသွင်းအား ကောင်းနေတယ်။ အီတလီ တိုက်စစ်မှူး ရော့စီဂိုးသွင်းခြေမှန်နေပြီး
ကွင်းလယ်တိုက်စစ်လည်း ကောင်းတယ်။ ပါးမားကတော့ ရှေ့တန်းမှာကာဆာနို- အမော်ရီအတွဲ
ကို ပုံမှန်ပွဲထုတ်ပေမယ့် ဂိုးသွင်းအားမရှိသေးဘူး။ ဖီအိုရင်တီးနား
အနိုင်ပြတ်သားဖွယ်ရှိတယ်။

ဂျီနိုအာ - နာပိုလီ
ဒေသခံပြိုင်ဘက် ဆမ်ဒိုးရီးယားကို သုံးဂိုးပြတ်နိုင်တဲ့ပွဲကလွဲပြီး ကျန်ပွဲစဉ် တွေမှာ ဂျီနိုအာခြေစွမ်း
က ရုန်းကန်နေရတယ်။ နာပိုလီကတော့ခြေစွမ်းရော 'ရစ်သမ်'ပါ တက်နေတယ်။ နာပိုလီအတွက်
သုံးမှတ်သေချာပြီး 'ညှစ်' မယ်ဆိုရင် အနိုင်ပြတ်သားဖွယ်ရှိတယ်။

ဗီရိုနာ - လီဗော်နို
တန်းတက်ဖြစ်ပေမယ့် ဗီရိုနာက အိမ်ကွင်းမှာ တိုက်စစ်ဖွင့်ကစားတတ်ပြီး ခြေစွာတယ်။ လီဗော်နို
ကလည်း တန်းတက်ဖြစ်ပေမယ့် တိုက်စစ်အားရှိပြီး အဝေး ကွင်းပွဲတွေမှာ ခံစစ်ကစားပုံကောင်း
တယ်။ လီဗော်နိုရှေ့တန်းက ဘရာဇီးလ် တိုက်စစ်မှူး ပေါ်လင်ဟိုနဲ့ ဆွစ်ဇာလန်တိုက်စစ်မှူး အီမီဂါ
ရာအတွဲကို ဗီရိုနာနောက်တန်း ထိန်းနိုင်ဖို့ မလွယ်ဘူး။ လီဗော်နိုကို ပိုကြိုက်တယ်။

အေစီမီလန် - ဆမ်ဒိုးရီးယား
ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ နာပိုလီကို ရှုံးလိုက်လို့ အခုပွဲစဉ်မှာတော့ အေစီ ဖိအားဝင်ပြီး 'ညှစ်'
ကစားမယ်လို့ ယူဆရတယ်။ ဆမ်ဒိုးရီးယားကလည်း အဖွင့်လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့
ရာမှာ တိုက်စစ်စိတ်မချရသေးသလို နောက်တန်းလည်း 'ပွင့်' နေတယ်။ အေစီမီလန်သာဂိုးသွင်း
သေချာရင် အနိုင် ပြတ်သားဖွယ်ရှိတယ်။

ဆက်စူလို - လာဇီယို
တောက်လျှောက်စိုက်ဆင်းနေတဲ့ တန်းတက်ဆော့စူလို အနေအထားက အဖြည့်ခံအဆင့်မှာပဲ
ရှိတယ်။ လာဇီယိုကလည်း ဂျူဗင်တပ်၊ ရိုးမားတို့ကို ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် သာမန်အသင်း
တွေကိုတော့ အပေါ်စီးမှ စိတ်ကြိုက်ကစား နိုင်တဲ့ ခြေစွမ်းမျိုးရှိတယ်။ လာဇီယိုကို ရွေးချယ်သင့်
တယ်။

တိုရီနို - ဂျူဗင်တပ်
ဒေသခံပြိုင်ဘက်နှစ်သင်း ရင်ဆိုင်မှာဖြစ်လို့ ရှိသမျှအစွမ်းအစ ဖျစ်ညှစ်ကစားကြမှာ သေချာတယ်။
အထူးသဖြင့် တိုရီနိုဟာ ဂျူဗင်တပ်ရဲ့လောင်းရိပ်အောက်က ဖောက်ထွက်နိုင်ဖို့ အခုပွဲမှာ အိမ်ရှင်
အားသာချက်ကို အခွင့်ကောင်းယူပြီး 'ညှစ်' မယ်လို့ ယူဆရတယ်။ အိမ်ရှင်အားသာချက်ရှိတဲ့
တိုရီနိုဟာခံစစ်ကစားပုံ ကျစ်လျစ်ပြီး တန်ပြန်တိုက်စစ်ကောင်းလို့ တိုရီနိုဘက်က အရဲစွန့်ချင်တယ်။



ဖတ်ရှုမှုအများဆုံး