ရှော်လ်ကေးရဲ့ ဂယ်လ်ဆင်ကာချန်မှာ အဝေးကွင်းဂိုးပြတ်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒေါ့မွန်ကို
အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။ လေဗာကူဆင်ကလည်း ဒေါ့မွန်နဲ့ ဘိုင်ယန်ကို ဖိအားပေး
နေတာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း အဲဒီသုံးသင်း အိမ်ကွင်းမှာကစားရမှာမို့ နိုင်ပွဲရပြီး တန်းစီ
ဇယားဟာအပြောင်းအလဲမဖြစ်နိုင်သေးပါဘူး။
အော့စ်ဘတ်-မွန်ချင်ဂလက်ဘတ် နောက်ဆုံးတွေ့ဆုံမှု
၂၀-၄-၁၃ မွန်ချင် ၁-၀ အော့စ်ဘတ်
အစဉ်အလာအရ အော့စ်ဘတ်ရဲ့ ကွင်းမှာ မွန်ချင်က မာမာထန်ထန် တုံ့ပြန်ကစားနိုင်တာကို
တွေ့ထားရ ပါတယ်။ အော့စ်ဘတ်ဟာ ဒုတိယပိုင်း မှာ ဂိုးတွေပေးရလေ့ရှိပါတယ်။ မွန်ချင် ရဲ့ကစား
သမားတွေဖြစ်တဲ့ ရာဖေးလ်၊ ကရူဆေးတို့ဟာ ဂိုးသွင်းခြေစွမ်းတွေ ပြနေပါတယ်။ အိမ်ရှင်ထက်
ဧည့်သည် ကို ပိုပြီးကြိုက်ပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပါတယ်။
ဒေါ့မွန် - ဖရိုင်းဘတ် နောက်ဆုံးတွေ့ဆုံမှု
၁၆-၃-၁၃ ဒေါ့မွန် ၅-၁ ဖရိုင်းဘတ်
ဒေါ့မွန်ကွင်း နောက်ဆုံးသုံးကြိမ် တွေ့ဆုံရာမှာတော့ ဖရိုင်းဘတ် ဘယ်လိုမှယှဉ်လို့မရနိုင်ခဲ့ပါဘူး။
အဲဒီ နောက်ဆုံးသုံးပွဲမှာ ဖရိုင်းဘတ် တစ်ဂိုးပဲ သွင်းနိုင်ခဲ့ခြင်းက သူတို့ရဲ့တိုက်စစ် အနေအထားကို
ပြသနေပါတယ်။ အဝေးကွင်းနိုင်ပွဲ လုံးဝမရသေးတဲ့ ဖရိုင်းဘတ်ကို ဒေါ့မွန် ဂိုးသွင်းလေ့ကျင့် မယ်
လို့ထင်ပါတယ်။
ဘိုင်ယန်မြူးနစ် - ၀ုဖ်ဘတ် နောက်ဆုံးတွေ့ဆုံမှု
၁၇-၄-၁၃ ဘိုင်ယန် ၆-၁ ၀ုဖ်ဘတ်
အခုအချိန်အထိ အကောင်းဆုံးပုံစံ နဲ့ချီတက်နေတဲ့ ဘိုင်ယန်ဟာ အဝေး ကွင်းမှာ ရှော်လ်ကေးကို
နိုင်ခဲ့ခြင်းက သူတို့ရဲ့ယုံကြည်ချက်တွေကို ပိုပြီးပံ့ပိုး ပေးနေသလို ဖြစ်နိုင်ပါတယ်။ ဘိုင်ယန် ရဲ့ တိုက်စစ်အားသန်ကစားသမားတွေ ကြောင့် နောက်ဆုံးခြောက်ပွဲဆက် မရှုံးသေးတဲ့ ဘိုင်ယန်မြူး
နစ်နဲ့ နှစ်သင်း ပေါင်းသွင်းဂိုးအများကို ရွေးချယ်ထား သင့်ပါတယ်။
လေဗာကူဆင် - ဟန်နိုဗာ နောက်ဆုံးတွေ့ဆုံမှု
၁၁-၅-၁၃ လေဗာကူဆင် ၃-၁ ဟန်နိုဗာ
ဒီပွဲစဉ်က ပိုပြီးအကြိတ်အနယ် ကြည့်ကောင်းမယ့်ပွဲစဉ်ဖြစ်ပါတယ်။ တန်းစီဇယားမှာ အထက်
အောက် ရပ်တည်နေပြီး သုံးမှတ်ကွာတဲ့ လေဗာကူဆင်ကို ဟန်နိုဗာ ချိုကန်ဖို့တော့ မရှိပါဘူး။
တိုက်စစ်ဖွင့်ကစားလာမယ့် ဟန်နိုဗာကြောင့် လေဗာကူဆင်အခက်တွေ့နိုင်ပေမယ့် သုံးမှတ်ရ
သွားမယ့်သူက အိမ်ရှင်ပဲဖြစ်ပါတယ်။
ဟော့ဖန်ဟိမ်း - ရှော်လ်ကေး နောက်ဆုံးတွေ့ဆုံမှု
၃၀-၃-၁၃ ရှော်လ်ကေး ၃-၀ ဟော့ဖန်ဟိမ်း
ဟော့ဖန်ဟိမ်းကွင်းမှာ ရှော်လ်ကေး အမြင့်ဆုံးကစားနိုင်ခဲ့တာက ၂၀၁၂ ဧပြီမှာ ၁-၁ သရေပဲဖြစ်
ပါတယ်။ ရှော်လ် ကေးဟာ ကြားထဲမှာ ီင်္ဏ ပိုကယ်ဖလား အတွက် ဒရမ်းစတက်ဒ် ၉၈ အသင်းနဲ့
ကစားဖို့ ရှိနေပါတယ်။ ဒါကြောင့် ရှော်လ်ကေးပွဲပန်းနေနိုင်ပါတယ်။ ရှော်လ်ကေးမှာ အရန်
အင်အားမတောင့် တင်းပါဘူး။ ဒုတိယပိုင်းဆို ပိုပြီး ခြေကျတတ်ပါတယ်။ အိမ်ရှင်ဟော့ဖန် ဟိမ်းနဲ့
လက်တွဲထားချင်ပါတယ်။
ဟာသာဘာလင် - မိန့်ဇ် နောက်ဆုံးတွေ့ဆုံမှု
၂၄-၃-၁၂ မိန့်ဇ် ၁-၃ ဟာသာဘာလင်
ဟာသာဘာလင်ရဲ့အိမ်ကွင်းမှာ မိန့်ဇ်တို့ နောက်ဆုံးနိုင်ခဲ့တာက ၂၀၀၇ ဖေဖော်ဝါရီမှာဖြစ်ပါတယ်။
ဟာသာဘာလင်က အဆင့်(၁၀)မှာ ရပ်တည်နေပြီး နောက်ဆုံးပွဲမှာ စကယ် ဘရက်က ချေပဂိုး
သွင်းပေးလို့ သရေ တစ်မှတ်ရခဲ့တယ်။ မိန့်ဇ်မှာ နီကိုလိုင် မူလာက ငါးဂိုးသွင်းပြီး စတုဂတ်က
အိုင်ဘီစီဗစ်တို့နဲ့တန်းတူဖြစ်နေတယ်။ ဒါပေမဲ့ လေဗာကူဆင်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးတဲ့ပွဲကြောင့်
ဒီပွဲစဉ်မှာလည်း မိန့်ဇ်ကို လက်ရှောင်ရပါမယ်။
ဖရန့်ဖတ် - ဟမ်းဘတ် နောက်ဆုံးတွေ့ဆုံမှု
၃-၂-၁၃ ဟမ်းဘတ် ၀-၂ ဖရန့်ဖတ်
အဆင့်(၁၃)မှာ ရပ်တည်နေတဲ့ ဖရန့်ဖတ်ဟာ အိမ်ကွင်းနိုင်ပွဲမရှိတာ က လုံးဝအားနည်းချက်ဖြစ်
နေပါတယ်။ အဲဒီလိုပဲ ဟမ်းဘတ်က အခုအချိန် အထိ အဝေးကွင်းနိုင်ပွဲမရဘဲ သုံးပွဲမှာ ၁၀ ဂိုးပေး
ထားရပါတယ်။ ဒီပွဲစဉ်ဟာ သရေကျသွားနိုင်တဲ့ပွဲလို့ သတ်မှတ် ချင်ပါတယ်။
၀ါဒါဘရီမင် - နုရင်ဘတ် နောက်ဆုံးတွေ့ဆုံမှု
၁၈-၅-၁၃ နုရင်ဘတ် ၃-၂ ၀ါဒါဘရီမင်
အဝေးကွင်းမှာ ဟမ်းဘတ်ကို ပတ်တာဆန်ရဲ့သွင်းဂိုးနဲ့ အနိုင်ရလိုက် တဲ့ ၀ါဒါဘရီမင်တိုက်စစ်
ဖွင့်ပြီး တင် ကစားမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ နုရင်ဘတ်က သရေလောက်ရဖို့
မှန်းကစားနိုင်လို့ ၀ါဒါဘရီမင်ကို အပြတ်အားပေးရမယ်။
ဘရောက်ချ် - စတုဂတ် နောက်ဆုံးတွေ့ဆုံမှု
၉-၂-၈၅ ဘရောက်ချ် ၃-၁ စတုဂတ်
ဇယားအောက်ခြေမှာရောက်နေတဲ့ တန်းတက်ဘရောက်ချ်ကို ဘယ်သူကမှ အထင်ကြီးမယ်လို့
မယူဆပါဘူး။ ဒါပေမဲ့ အဆင့်(၁၅)မှာ ရှိနေတဲ့ နုရင်ဘတ်ကိုတောင် သရေခံကစားထားတဲ့
ဘရောက်ချ် မထင်မှတ်တာတွေ လုပ်ပြ နိုင်မယ်လို့ ထင်နေမိတယ်။















