အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဂျပန် ယူ-၂၃ အသင်း ဗိုလ်စွဲ၊ အိမ်ရှင်မြန်မာအသင်း စတုတ္ထဖြင့်သာ ကျေနပ်ခဲ့ရ

အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဂျပန် ယူ-၂၃ အသင်း ဗိုလ်စွဲ၊ အိမ်ရှင်မြန်မာအသင်း စတုတ္ထဖြင့်သာ ကျေနပ်ခဲ့ရ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ် အာဆီယံအမျိုးသမီး
ဘောလုံးပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်တွင် ဂျပန် ယူ-၂၃ အသင်း က ဩစတြေးလျ ယူ-၁၉ အသင်းကို
ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး အိမ်ရှင်မြန်မာအမျိုးသမီးအသင်းသည် တတိယ
နေရာလုပွဲတွင် ဗီယက်နမ်အသင်းကို ၃၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သောကြောင့် စတုတ္ထဖြင့်သာ ကျေနပ်
ခဲ့ရသည်။

ဖိုင်နယ်ပွဲစဉ်တွင် ယခုနှစ်ပြိုင်ပွဲ၏ အင်အားအကြီးဆုံးအသင်းများဖြစ် သည့် ဂျပန်ယူ၂၃ အသင်း
နှင့် ဩစ တြေးလျ ယူ - ၁၉အသင်းတို့ ယှဉ်ပြိုင် ဗိုလ်လုခဲ့ကြပြီး မိနစ် ၉၀ ထိ အကြိတ် အနယ်
ကစားခဲ့ကြရာ ၁၁ ဂိုးဖြင့်သရေ ရလဒ်သာထွက်ပေါ်ခဲ့ပြီး အချိန်ပိုတွင် လည်း ဂိုးသွင်းယူနိုင်ခြင်း
မရှိ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် ဂျပန် ယူ-၂၃ အသင်းက ၅၃ ဂိုးဖြင့် အနိုင်ရဗိုလ်
စွဲခဲ့ခြင်းဖြစ်သည်။

ဖိုင်နယ်ပွဲစဉ်၏ ပထမပိုင်းတွင် ဩစတြေးလျအသင်းက ဂျပန်အသင်း ကို ပိုမိုဖိအားပေးကစားနိုင်
ခဲ့ပြီး ပွဲချိန် မိနစ် ၂၀ တွင် ဦးဆောင်ဂိုးရရှိခဲ့သည်။ ဩစတြေးလျအသင်းအတွက် ဦးဆောင် ဂိုးကို
နာတာလီတိုဘင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်ပိုင်းတွင် ဂျပန်
အသင်းသည် တိုက်စစ်ကို မြှင့်တင်၍ ချေပဂိုးရရှိရန်ကြိုးပမ်းခဲ့သည်။ ဒုတိယ ပိုင်းတွင် ဂျပန်အသင်း
၏ ကစားပုံပြန် လည် ကောင်းမွန်လာပြီး အခွင့်အရေး တချို့ကို ဖန်တီးနိုင်ခဲ့သည်။ ပွဲချိန် ၄၇ မိနစ်
တွင် ဂျပန်အသင်းချေပဂိုး ရရှိခဲ့သည်။

အဆိုပါချေပဂိုးကို ဂျပန်အသင်း၏ အသင်းခေါင်းဆောင်ကာဂါကိုကိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
လက်ကျန်မိနစ်များတွင် နှစ်သင်း စလုံး အနိုင်ဂိုးရရှိရန် ကြိုးစားခဲ့သော် လည်း နှစ်ဖက်အသင်း၏
ခံစစ်ကစား သမားများက ခြေစွမ်းပြနေသဖြင့် သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။ အချိန်ပို မိနစ်
၃၀ တွင်လည်း ဂိုးသွင်း ယူနိုင်ခြင်းမရှိ၍ ပင်နယ်တီ အဆုံး အဖြတ် ကန်သွင်းကြရာ ဂျပန်အသင်း
က ရရှိသော ပင်နယ်တီ ငါးလုံးစလုံး ဂိုးအဖြစ် ဖန်တီးနိုင်ခဲ့သော်လည်း ဩစတြေးလျအသင်းက
သုံးလုံးသာ ဂိုးဝင်ခဲ့သဖြင့် ဒုတိယဖြင့်သာ ကျေနပ် ခဲ့ရသည်။

တတိယနေရာလုပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ
ဗီယက်နမ် အသင်းက အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၃၁ ဂိုးဖြင့်အိမ်ရှင်ကို အနိုင်ယူကာ
တတိယဆုကိုဆွတ်ခူး နိုင်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်း သည် တတိယလုပွဲစဉ်၌ အသင်း၏
အကောင်းဆုံးပုံစံကို ရရှိခဲ့ခြင်းမရှိခဲ့ဘဲ တစ်ဦးချင်းစွမ်းရည်နှင့် အသင်းလိုက် ကစားပုံပါကောင်းမွန်
သော ဗီယက်နမ် အသင်းကို ဂိုးပြတ်အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

အိမ်ရှင်မြန်မာအမျိုးသမီးအသင်း သည် ယခုနှစ်ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီး
ရှား၊ ဂျပန် ယူ-၂၃ အသင်းတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်များတွင် ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့သော်
လည်း လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းများကို အနိုင်ရရှိ ကာ အုပ်စုဒုတိယနေရာဖြင့် ဆီးမီး
ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ဆီးမီးဖိုင်နယ်တွင် အုပ်စု(က)မှ အင်အားကြီး ဩစတြေးလျအသင်းကို ၂၁ ဂိုးဖြင့် ရှုံးနှိမ့်ခဲ့ပြီး တတိ
ယနေရာ လုပွဲတွင် ဗီယက်နမ်အသင်းကို ၃၁ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ရာ စတုတ္ထနေရာဖြင့်သာ ကျေနပ်
ခဲ့ရ ခြင်းဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲသည် အာဆီယံဒေသ တွင်းပြိုင်ပွဲဖြစ်သော်လည်း ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အရှေ့
တီမော၊ စင် ကာပူ နိုင်ငံများမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသောကြောင့် ဂျပန်နှင့် ဂျော်ဒန် နိုင်ငံ
များမှ ဧည့်သည်အသင်းများ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး