သရေရလဒ်များသာ ထွက်ပေါ်ခဲ့သည့် မြန်မာနှင့် ဂျပန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး

သရေရလဒ်များသာ ထွက်ပေါ်ခဲ့သည့် မြန်မာနှင့် ဂျပန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ Waso Travels နှင့်
Naing Moe Entertainment က စီစဉ်ကျင်းပသော မြန်မာဪဂျပန် လက်ဝှေ့စိန်ခေါ်ပွဲကြီးကို
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ က ရန်ကုန်မြို့၊ သိမ်ဖြူမိုးလုံလေလုံအားကစားရုံ၌ ကျင်း
ပပြုလုပ်ခဲ့သည်။

အဆိုပါနှစ်နိုင်ငံလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် မြန်မာဪဂျပန် စိန်ခေါ်ပွဲနှစ်ပွဲ ပါ၀င်ပြီး အခြားပြည်
တွင်းစိန်ခေါ်ပွဲစဉ် ခုနစ်ပွဲ၊ စုစုပေါင်း ကိုးပွဲအပါအဝင် မျိုးဆက်သစ် စိန်ခေါ်ပွဲလေးပွဲကိုပါထည့်သွင်း
ကျင်းပပြုလုပ်ခဲ့သည်။ မျိုးဆက်သစ်လူငယ်များ၏ သုံးချီ စိန်ခေါ်ပွဲများအပြီးတွင် ရှမ်းလေး(၀ါဆို)
နှင့် ရဲရင့်ထွန်း(မုဒုံသား)တို့၏ လေးချီ စိန်ခေါ်ပွဲကို စတင်ကျင်းပခဲ့ရာ အပြန်အလှန်ထိုးသတ်မှုများ
ဖြင့် သရေရလဒ်သာထွက်ပေါ်ခဲ့သည်။

ထို့နောက် ရဲမြတ်အောင်(၀ါဆို)နှင့် မိုက်ခဲ(တော့ပ် ၀မ်း) တို့၏ ငါးချီစိန်ခေါ်ပွဲတွင် လူငယ်
လက်ဝှေ့သမား ရဲမြတ်အောင်(၀ါဆို)က မိုက်ခဲ (တော့ပ်ဝမ်း) ကို အသာစီးမှ ယှဉ်ပြိုင်ထိုးသတ်နိုင်
ခဲ့ပြီး မိုက်ခဲသည် ပထမအချီတွင် အနားတောင်းခဲ့ရ သည်။ တတိယအချီ တစ်မိနစ် ၄၀ စက္ကန့်
တွင် ရဲမြတ်အောင်၏ ခေါင်းတိုက်ချက် ကို ခံစားခဲ့ရသည့် မိုက်ခဲ ဆေးရှုံးဖြင့် အရှုံးပေးခဲ့ရသည်။

ရန်တိုင်းကျော်(၀ါဆို)နှင့် နေရူဘီ(အဖြူရောင်သွေးသစ်)တို့၏ပွဲစဉ်တွင် ဒုတိယအချီ တစ်မိနစ်နှင့်
၁၀ စက္ကန့် တွင် ရန်တိုင်းကျော်သည် ထောက် လက်သီးဖြင့် နေရူဘီကို အနိုင်ရရှိခဲ့ သည်။

အားမာန်(T&T)နှင့် လှစ်လှစ်လေး (အဖြူရောင်သွေးသစ်)တို့၏ ပွဲစဉ်တွင် လှစ်လှစ်လေးသည်
အသာစီးမှ ထိုးသတ်နိုင်ခဲ့သော်လည်း ပွဲသိမ်း တိုက်ကွက်မရှိခြင်းကြောင့် သရေရလဒ်သာ ထွက်
ပေါ်ခဲ့သည်။

၀ါရင့်လက်ဝှေ့သမား တွဲဆိုင်းအဖြစ် ဇမ္ဗူကျော် (သာကေတ)နှင့် စောသဲအောင်(တွံတေး)တို့၏
ပွဲစဉ်ကိုလည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ စောသဲ အောင်က ဒုတိယအချီ ၁၇ စက္ကန့်တွင်
အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

စောဂေါ်မူဒို(သတ္တိ)နှင့် ရဲတံခွန် (အလင်းရောင်) တို့၏ ပွဲစဉ်တွင် စောဂေါ်မူဒိုက သူ့ထက်အရပ်
အမောင်း မြင့်မားသော ပြိုင်ဘက်ရဲတံခွန်ကို ဉာဏ်သုံး၍ အနိုင်ယူသွားနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်
သည် ပြိုင်ဘက်နှစ်ဦး စလုံးက ၀ါရင့်လက်ဝှေ့သမားများ ဖြစ်သလိုမာကျောမူနှင့် သက်လုံပိုင်း မှာ
လည်း ထပ်တူကျသောကြောင့် လက်ဝှေ့ဝါသနာရှင် ပရိသတ်များ အတွက် အားရစရာပွဲကောင်း
တစ်ပွဲ ဖြစ်ခဲ့သည်။ ရဲတံခွန်သည်သူအားသန် သော ချုပ်ဒူးတိုက်ချက်များဖြင့် စော ဂေါ်မူဒိုကို ရင်
ဆိုင်ခဲ့သလို စောဂေါ် မူဒိုကလည်း သူ၏ အားပါသော ကန် ချက်များဖြင့် ရဲတံခွန်ကို ပြန်လည်
ရင်ဆိုင်ခဲ့သည်။

စောဂေါ်မူဒို အားပါ သော ကန်ချက်များကို ခံစားခဲ့ရသော ရဲတံခွန်၏အောက်ပိုင်းသည် အပြင်း
အထန်ဒဏ်ရာရရှိခဲ့ပြီး ပ ဉ္စမအချီ တစ်မိနစ်နှင့် ၄၀ စက္ကန့်အရောက်တွင် လုံးဝဆက်လက်တောင့်
မခံနိုင်တော့ဘဲ အရှုံးပေးခဲ့ရသည်။ နောက်ဆုံးပြည်တွင်းပွဲစဉ်ဖြစ်သည့် သပြေညို(ဘိလပ်မြေစက်
ရုံ)နှင့်ဖိုးသားကြီး(မန္တလေး)တို့ ပွဲစဉ်ကလည်း ပရိသတ်အကြိုက်တွေ့ခဲ့သော ပွဲစဉ်တစ်ပွဲဖြစ်ခဲ့
သည်။

ငါးချီလုံးလုံး လက်ရည်တူ ရင်ဆိုင်ယှဉ်ပြိုင်ပြီး နောက် တစ်ဦးနှင့်တစ်ဦး အလဲထိုးနိုင် ခြင်းမရှိပဲ
အလူးအလဲဖြင့် ပူးတွဲသရေ သာ ကျခဲ့သည်။ ထို့နောက် မြန်မာနှင့်ဂျပန် ပထမ စိန်ခေါ်ပွဲစဉ်အဖြစ်
ဉာဏ်လင်းအောင် (မြန်မာ)နှင့် ဖူဂျီဟာ ရာအာရာရှီ (ဂျပန်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပထမ
အချီတွင် ဉာဏ်လင်းအောင်ကအသာစီးမှ ထိုးသတ်နိုင်ခဲ့ပြီး အားပါသောခေါင်းတိုက်ချက်များဖြင့်
ဖူဂျီဟာရာကို အထိနာစေခဲ့သည်။ ဒုတိယ အချီတွင် ပွဲသည် ပိုမိုမြိုင်ဆိုင်လာခဲ့ပြီး အပြန်အလှန်
ထိုးသတ်မှုများဖြင့် ပရိသတ်၏စိတ်ကို နှိုးဆွနိုင်ခဲ့သည်။သို့သော် တတိယအချီမှ ကျန်အချီများ
တွင် လျင်မြန်မူနှင့် သက်လုံပိုမိုကောင်း မွန်သော ဂျပန်လက်ဝှေ့သမား ဖူဂျီ ဟာရာက ပိုမိုထိုး
သတ်ခွင့်ရခဲ့ပြီး ဉာဏ်လင်းအောင်၏ ထိုးအားကျသွားခဲ့သည်။ ခံနိုင်ရည်ကောင်းမွန်သော
ဉာဏ်လင်းအောင်သည် ဖူဂျီဟာရာ၏ လက်သီးထိုးချက်များကို ခံစားခဲ့ရ သော်လည်း နောက်ဆုံး
အချီထိ တောင့်ခံထားနိုင်ခဲ့ပြီး သရေရလဒ်ဖြင့် ပွဲကိုပြီးဆုံးစေခဲ့သည်။

မြန်မာလက်ဝှေ့ သမား ဉာဏ်လင်းအောင်အနေဖြင့် နိုင်ငံခြားသားပြိုင်ဘက်များကို ယှဉ်ပြိုင် ရတွင်
အကောင်းဆုံးပုံစံရရှိရန် နိုင်ငံ တကာပြိုင်ပွဲ အတွေ့အကြံုနည်းပါးသေးကြောင်းတွေ့ရသည်။

အဆိုပါလက်ဝှေ့စိန်ခေါ်ပွဲ၏ နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာလူငယ်လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့်
ဂျပန်လက်ဝှေ့သမားဆာမူကာဝါတို့ ရင်ဆိုင်ထိုးသတ်ခဲ့ကြသည်။ ထွန်းထွန်း မင်းနှင့် ယှဉ်ပြိုင်ထိုး
သတ်ခဲ့သည့် ဂျပန်လက်ဝှေ့သမားဆာမူကာဝါသည် မြန်မာနိုင်ငံသို့ လာရောက်ထိုးသတ်ဖူးသော
အတွေ့အကြံုရင့် လက်ဝှေ့ သမားတစ်ဦးဖြစ်ပြီး မြန်မာ့လက်ဝှေ့ ကျော် လုံးချော၊ စောငမန်း
စသည့် လက်ဝှေ့သမားများကို သရေထိုးသတ် နိုင်သော လက်ဝှေ့သမားတစ်ဦးဖြစ် သည်။

ယခုအကြိမ်လာရောက်ထိုးသတ်သော ထွန်းထွန်းမင်းနှင့် ပွဲစဉ်တွင်လည်း အနိုင်ရလဒ်မထွက်
ပေါ်ခဲ့ဘဲ သရေရလဒ်သာ ထွက်ပေါ်ခဲ့ သည်။အဆိုပါပွဲစဉ်တွင် ထွန်းထွန်းမင်း အတွက် ပိုမိုထိုး
သတ်ခွင့်များရရှိခဲ့သော်လည်း အလဲထိုးနိုင်လောက်သည့် တိုက်ကွက်ကို ထုတ်မသုံးနိုင်ခဲ့ခြင်း
ကြောင့် သရေကျခဲ့ခြင်းဖြစ်သည်။ ပွဲအစအချီများတွင် ဂျပန်လက်ဝှေ့ သမားဆာမူကာဝါသည်
သူ့ထက် ၁၀ နှစ်ငယ်သော ပြိုင်ဘက်ထွန်းထွန်း မင်းကို အပြန်အလှန်ထိုးသတ်နိုင်သော်လည်း
နောက်ပိုင်းအချီများတွင် သက်လုံကျသွားခဲ့ပြီး ထွန်းထွန်းမင်း အတွက် ပိုမိုထိုးသတ်ခွင့်ရခဲ့သည်။

သို့သော် ထွန်းထွန်းမင်းသည်လည်းပရိသတ်မျှော်လင့်ထားသလောက် ထိုးသတ်နိုင်ခြင်းမရှိဘဲ
သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့ရသည်။



ဖတ်ရှုမှုအများဆုံး