အာဆင်နယ်ဆိုတာ ပရီမီယာလိဂ်ဖလား နဲ့ ဝေးနေတာအတော်ကြာခဲ့ပြီဆိုတာ
အားလုံးအသိဖြစ်ပါတယ်။ တစ်ရာသီ ကုန်ဆုံးတာနဲ့ ထိပ်တန်းကစားသမားဆိုသူတွေကိုရောင်း
ထုတ်၊ ရောင်းထုတ် နဲ့ အာဆင်နယ်ကို အာဆင်ဝင်းဂါးဟာ တည်ဆောက်လို့ကို မပြီးဆုံးတော့ပါ
ဘူး။
ဒါဟာ အာဆင်နယ်ရဲ့စတိုင်လို့ ဆိုလောက်အောင်ကို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အာဆင်
နယ်ဟာ အဲဒီလိုမဟုတ်တော့ပါဘူး။ ကစားသမားအများအပြားကို ရောင်းထုတ်လိုက်ပေမယ့် အဲဒီ
အထဲမှာ ထိပ်တန်း ကစားသမားဆိုတာ တစ်ယောက်မှ ပါမသွားတဲ့ရာသီ ဖြစ်နေပါတယ်။
ဂါဗင်ညို၊ စကွီလာစီ၊ အာရှာဗင်တို့ ဆိုတာ အာဆင်နယ်ရဲ့ဦးစားပေးနေရာ ရသူတွေမဟုတ်ခဲ့ပါဘူး။
အဲဒီတော့ အာဆင်နယ်ရဲ့မနှစ်က တည်ဆောက် ထားမှုက ဒီနှစ်မှာတည်ငြိမ်လို့နေပါ တယ်။ ဒီလို
အခြေအနေအောက် မှာ ကမ္ဘာ့ထိပ်တန်းကွင်းလယ်သမား အိုဇေးလ်ကိုရလိုက်တဲ့အခါမှာတော့
တည်ငြိမ်နေတဲ့ အာဆင်နယ်ကွင်းလယ် ကြီးက ပိုပြီးအားကောင်းသွားစေပါ တော့တယ်။ ဒါဟာ
အာဆင်နယ် ချန်ပီယံဖြစ်နိုင်စရာတွေထဲက အဓိက အကြောင်းရင်းဖြစ်နေပါတယ်။
ဒီနှစ်ပရီမီယာလိဂ်ကိုကြည့်လိုက် ရင် ချန်ပီယံမန်ယူဟာ ဖာဂူဆန်မရှိတော့ဘဲ မန်နေဂျာသစ်မို
ယက်စ်နဲ့ ဖြတ်သန်းသွားနေသလို မန်ယူဟာ ဒီနှစ် အပြောင်းအရွှေ့မှာ ကစားသမားဖြည့်တင်းမှု
အားအနည်းဆုံးရာသီ ဖြစ်သွားပါတယ်။ အထွက်မရှိပေမယ့်မန်ယူကွင်းလယ်ဟာ ထိပ်တန်းအဆင့်
က လျော့နေတဲ့ရာသီဖြစ်နေခဲ့ပါတယ်။
မန်စီးတီးကိုရှုံးတဲ့ပွဲ၊ ၀က်စ်ဘရွန်းကို ရှုံးတဲ့ပွဲတွေက သက်သေဖြစ်ပါတယ်။ မန်ယူကွင်းလယ်ကို
ဖယ်လိုင်နီတစ်ဦးပဲ ဖြည့်ထားပေမယ့် ကစားဟန်ရော၊ အရည်အသွေးမှာပါ မန်ယူကွင်းလယ် ဟာ
ထိပ်တန်းအဆင့်မှာမရှိပါဘူး။ မန်နေဂျာအပြောင်းအလဲနဲ့ အတူ မန်ယူဟာ အာဆင်နယ် အရင်နှစ်
တွေက ကြံုတွေ့ နေရသလို အသစ်တည် ဆောက်နေတဲ့ကာလ အဆင့်မှာ ပဲရှိနေဆဲဖြစ်ပါတယ်။
မန်စီးတီးကျတော့လည်း ဒီအတိုင်း ပဲဖြစ်ပါတယ်။ မန်နေဂျာပြောင်းထား သလို ကစားသမားတွေ
ကလည်းအပြောင်းအလဲတွေနဲ့ အသစ်တည် ဆောက်နေတဲ့အသင်းဖြစ်ပါတယ်။ အရင်နှစ်တွေက
ယာယာတိုရေးဪ ဘယ်ရီအတွဲကိုဖျက်ပြီး ယာယာတိုရေး ဪဖာနန်ဒင်ညိုအတွဲကို အသစ်
တည် ဆောက်နေခြင်းရဲ့ပြယုဂ်က အဝေးကွင်းတွေမှာ နိုင်ပွဲပျောက်ဆုံးခြင်းနဲ့ ကြံုတွေလျက်ရှိနေရ
ပါတယ်။
ဗီလာပွဲမှာ ရှုံးပွဲတွေ့သွားတာ၊ ကာဒစ်ဖ်ကို ရှုံးပွဲတွေ့ခဲ့ရတာတွေကိုကြည့်လိုက်ရင် ဘယ်ရီကို
သတိရစရာပဲဲဖြစ်ပါတယ်။ မန်နေဂျာက နယ်ပယ်သစ်ကို အခုမှ ရောက်လာသူ၊ ကွင်းလယ်က
အသစ် တည်ဆောက်၊ တောင်ပံတွေကိုစမ်းသပ် သုံးနေဆိုတဲ့ မန်စီးတီးဟာ သုံးငွေနဲ့ စွမ်းဆောင်
နိုင်မှုကို ယှဉ်ကြည့်လိုက်ရင်တော့ အကျိုးမဖြစ်ထွန်းမှုဆီကို သွားနေတာတွေ့ရမှာပဲဖြစ်ပါတယ်။
အဝေးကွင်းမှာ ကာဒစ်ဖ်၊ ဗီလာကိုရှုံး ဆိုတာဟာ ချန်ပီယံဖြစ်ဖို့ အမှတ်တွေကို ဆုံးရှုံးနေတာပဲဖြစ်
ပါတယ်။ ချယ်လ်ဆီးလည်း ဒီလိုပါပဲ၊ မန်နေဂျာ ပြောင်းထားတယ်။ အသင်းကိုနည်းပြ သစ်တစ်
ယောက်ဝင်တိုင်းတစ်ခါတည်ဆောက်နဲ့ ချယ်လ်ဆီးဟာလည်း တည်ဆောက်လို့ကို မပြီးတော့
ပါဘူး။
တစ်ကျော့ပြန်လာတဲ့ မော်ရင်ညိုဟာ ဆရာကြီးဆိုတော့ ဘင်နီတက်ဇ် တည်ဆောက်ထားတဲ့ပုံစံ
ကို ဖျက်ဆီး ပြီး သူ့ဟန်ကိုတည်ဆောက်နေတဲ့အတွက် သူကိုယ်တိုင်ပြဿနာတက်နေရပြီဖြစ်ပါ
တယ်။ ဘင်နီတက်ဇ်နဲ့ သူနဲ့ကြားထဲမှာ ရန်စတွေရှိထားတော့ ဘင်နီတက်ဇ်ပုံစံကို မလိုချင်ဖြစ်နေ
ခဲ့ ပါတယ်။
ဒါကတော့ ပရော်ဖက်ရှင်နယ် မဆန်မှုပဲဖြစ်ပါတယ်။ သာဓကကတော့ မာတာကို ချန်လှပ်ထားခြင်း
ဖြစ်ပါ တယ်။ ဘင်နီတက်ဇ်ဟာ မာတာဪအော် စကာဪဟာဇတ်အတွဲကို တောရက်စ်
အထောင်နဲ့ ချယ်လ်ဆီးကို တည် ဆောက်ပေးခဲ့တာပါ။ ခံစစ်အကူမှာ လမ်းပတ်-ဒးဗစ်လူးဝစ္စနဲ့
တည် ဆောက်ခဲ့တာပါ။
အခုတော့ မော်ရင် ညိုဟာ မာတာကိုချန်လှပ်သလို လမ်းပတ်ကိုလည်း ဦးစားပေးမထားဘဲ
မီခေးလ်ကို ဦးစားပေးထားခဲ့ပါတယ်။ ဒေးဗစ်လူးဝစ္စကိုလည်းနောက်ပြန်ပို့ခဲ့လို့ ချယ်လ်ဆီးဟာ
အဝေးကွင်း မှာ အခက်တွေ့နေတာပဲဖြစ်ပါတယ်။ နောက်ဆုံးတော့ မော်ရင်ညိုဟာ စပါးပွဲမှာ
ဘင်နီတက်ဇ်အထိုင် ကြီးကို ဒုတိယပိုင်းမှာ ထုတ်သုံးလိုက် ရတာကိုတွေ့လိုက်ရပါတယ်။
မာတာ ၀င်လာမှ ချယ်လ်ဆီးအကောင်းဆုံး ပုံစံဖြစ်လာပါ တယ်။ တော ရက်ဇ်ဟာ အထုတ်မခံရ
ရင် ချယ်လ်ဆီးနိုင်ပွဲတောင်တွေ့သွား နိုင်ပါတယ်။ အခုတော့ ချယ်လ်ဆီးဟာ လည်း အဝေးကွင်း
မှာ အဲဗာတန်ကိုရှုံး၊ မန်ယူနဲ့ စပါးကို သရေကစားဆိုတာပဲ ဖြစ်လာခဲ့ပါတယ်။
ချယ်လ်ဆီးအနေ အထားက မန်ယူ၊ မန်စီးတီးလောက် တော့ မဆိုးရွားသေးလို မော်ရင်ညို
တစ်ကိုယ်ကောင်းမဆန်ရင်တော့ အခြေအနေကောင်းလာဖို့ရှိနေပါ တယ်။ စပါးကျတော့လည်း
ကစားသမားတွေအားလုံးနီးပါးအသစ်လို ဖြစ်နေလို့ အချိန်တစ်ချိန်ကိုတော့ စောင့်ရဦးမှာဖြစ်ပါ
တယ်။
ငါးပွဲ ကစား အပြီးမှာ မန်ယူက သုံးပွဲရှုံး၊ မန်စီးတီးက နှစ်ပွဲရှုံး ချယ်လ်ဆီးက အဝေးကွင်းပွဲ တွေ
နိုင်ပွဲမရဖြစ်နေကြလို့ ချန်ပီယံ ဆိုတာဖြစ်လာနိုင်ပါတော့မလား၊ လိဂ်ဆိုတာ ခရီးရှည်ကြီးဖြစ်တာ
မှန်ပေမယ့် ချန်ပီယံဖြစ်နိုင်တဲ့ အသင်းဟာ ခုနစ်ပွဲထက်တော့ရှုံးလို့ မဖြစ်ပါဘူး။ ပွဲချိန်ကြာလာတာ
နဲ့အမျှ ပွဲပန်းမှုတွေ၊ ဒဏ်ရာရမှုတွေနဲ့ ကြံုတွေ့ ရဦးမှာမို့စောစောစီးစီးရှုံးပွဲကြံုတွေ့ နေတာကတော့
ချန်ပီယံခရီးလမ်းကိုအခက်တွေ့စေတော့မှာပဲဖြစ်ပါတယ်။ ဒီလိုအသင်းကြီးတွေက အသစ် တည်
ဆောက်လိုက်ချိန်မှာ အာဆင် နယ်ကတော့ အသစ်တည်ဆောက် ခြင်းမရှိဘဲ မနှစ်ကအထိုင်နဲ့
ခရီးဆက် နေခြင်းက အခုလိုခြောက်ပွဲကစားအပြီး မှာထိပ်ဆုံးက ဦးဆောင်ဖို့ဖြစ်လာတာ လို့
ယူဆနေမိပါတယ်။
ကွင်းလယ်မှာ ထိပ်တန်းကစားသမား အိုဇေးလ်ကိုရလိုက်ချိန်မှာ အသက် ၂၂ နှစ်ပဲရှိသေး တဲ့
ရမ်ဆေးကလည်း အကောင်းဆုံး ခြေစွမ်းပြနေတော့ ဒဏ်ရာရသူတွေများနေတာတောင် အာဆင်
နယ်ဟာ ပုံမပျက်ဘဲ အကောင်းဖြတ်သန်းသွား နိုင်နေခဲ့ပါတယ်။ ကာဇိုလာ၊ ၀ဲလ်ကော့၊ ပိုဒေါစကီး၊
ချိန်ဘာလိန်တို့ဆိုတာအာဆင်နယ်ရဲ့ အဓိကအမာခံ တွေ ဖြစ်ပါတယ်။ ကွင်းလယ် ကြီးတစ်ခုလုံး
အားနည်း နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ပုံပျက်သွား ခြင်းမရှိတာဟာ ထူးခြားနေပါ တယ်။ ၀ဲလ်ကော့နေရာ ကိုအစားဝင်လာတဲ့
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဂျာမန်တောင်ပံ သမား နာဘရီဟာလည်း အာဆင် နယ်မှာ နေရာ
တစ် နေရာရတော့မယ့် အဆိပ်ရှိတဲ့သူဆိုတာကို ဆွမ်ဆီးပွဲမှာပြသွား ခဲ့ပါတယ်။
ဒီကလေးအကောင်းဆုံး ကစားလိုက်နိုင်တာဟာ အာဆင်ဝင်းဂါး အတွက် အမြတ်ထွက်သွားမှုပဲဖြစ်
ပါတယ်။ အထူးသဖြင့်အိုဇေးလ်ရဲ့ကွင်းလယ်ဖန်တီးနိုင်စွမ်းဟာ အာဆင်နယ်ကိုထိရောက်မှုဖြစ်စေ
တာပဲဖြစ်ပါတယ်။ရောက်ရောက်ခြင်းမှာ အံဝင်အောင်ကစားနိုင်သလို ဖန်တီးမှုတွေလည်းအများ
အပြားလုပ်ပေးနိုင်ခဲ့ပါတယ်။
ကစားသမားအဝယ်မှာ တွန့်ဆုတ်လေ့ ရှိတဲ့ အာဆင်နယ်ဟာ ၀ယ်လိုက်ပြီဆိုရင်လည်း အဲဒီကစား
သမားဟာအာဆင်နယ်ရောက်ရင် သိသိသာသာ ကောင်းသွားလေ့ရှိတာကလည်း ထူးခြားမှုပဲဖြစ်
ပါတယ်။ တကယ် ဆိုရင် အိုဇေးလ်ဟာ မော်ရင်ညိုနဲ့ အကြာကြီးဖြတ်သန်းခဲ့သူဖြစ်လို့ မော်ရင်ညို
ဟာ အိုဇေးလ်အကြောင်းကို ကောင်းကောင်းသိသူဖြစ်ပါတယ်။
ဒါပေမဲ့အို ဇေးလ်ကိုကျော်ပြီး တခြား ကစားသမားတွေပဲ ၀ယ်ခဲ့ပါတယ်။အိုဇေးလ်သာ ချယ်လ်ဆီး
ရောက်ရင်ချယ်လ်ဆီးဟာ ပိုပြီးတော့ကိုကောင်းသွားမှာသေချာပါတယ်။ အခုတော့ အာဆင်နယ်
က အိုဇေးလ်ကို စားသုံး လိုက်ပြီဖြစ်ပါတယ်။ ပွဲဦးထွက်မှာ ဗီလာကို မထင်မှတ်ဘဲ ရှုံးလိုက်ခြင်းက
အိုဇေးလ်ကို ရအောင်ခေါ်ဖို့ဖြစ်သွား စေတာပဲဖြစ်ပါတယ်။ ဗီလာပွဲရှုံးပြီးတဲ့နောက်မှာ အာဆင်နယ်
ဟာ ဆက်တိုက် နိုင်ပွဲတွေရခဲ့ပါတယ်။
ဂါလာတာစာရေးကိုနှစ်ပွဲစလုံးနိုင်၊ မာဆေးကိုနိုင်၊ ဖူလ်ဟမ်၊ စပါး၊ စတုတ်ကိုနိုင် အခုနောက်ဆုံး
ဆွမ်ဆီးကိုနိုင်ဆိုတဲ့အနေ အထားကြီးက မန်ယူ၊ မန်စီးတီး၊ ချယ်လ် ဆီးတို့နဲ့ ကွာခြားနေမှုပဲဖြစ်ပါ
တယ်။ ချယ်လ်ဆီးဆိုရင်လည်း အိမ်ကွင်းမှာ ဘေဆယ်ကို ရှုံးထားခဲ့ပါသေးတယ်။အာဆင်နယ်ရဲ့
လက်ရှိအနိုင်တွေဟာ ယက်ကန်ယက်ကန်နဲ့ အနိုင်ရနေတာ မဟုတ်ဘဲ ကစားကွက်ရော၊ ကစား
အား ရော၊ တည်တည်ငြိမ်ငြိမ်နဲ့အကောင်း ဆုံးပုံစံမျိုးကစားနေတာဖြစ်ပါတယ်။
ဒီရာသီကစားထားသမျှပွဲတွေ အားလုံး မှာ အာဆင်နယ်ဟာပွဲတိုင်းမှာ ဦးဆောင်ဂိုးတွေချည်း သွင်း
သွားခဲ့တဲ့ပွဲတွေဖြစ်နေပါတယ်။ဒါဟာသူ့ရဲ့ တိုက်စစ်အားကိုပြနေတာပဲ ဖြစ်ပါတယ်။အာဆင်နယ်
ဆိုတာ open play ကိုပဲ ကစားတဲ့အသင်းလို့ ထင်ထားကြချိန် မှာ ဒီနှစ်မှာတော့ set-piece ကို
ပါကစားနိုင်သောအသင်းဖြစ်တယ်ဆိုတာကို စတုတ်နဲ့ပွဲမှာပြသွားခဲ့ပါတယ်။
ဒါက အိုဇေးလ်ရဲ့ တိကျတဲ့ပေးပို့မှုစွမ်းအားပဲ ဖြစ်ပါတယ်။ ဆွမ်ဆီးပွဲမှာဆိုရင် ပထမပိုင်း တစ်ချိန်
လုံးမှာ ဆွမ်ဆီးဂိုးသမား ဗွမ်း ဟာ အာဆင်နယ်ကန်ချက်ကို တစ်ကြိမ် သာ ဖမ်းလိုက်ရပါတယ်။
အာဆင်နယ်ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကွင်းလယ်ကစားကွက်မှာ ပထမပိုင်း
မှာ မတိမ်းမယိမ်းဖြစ် နေပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းရောက် တဲ့အခါမှာတော့ ကွင်းလယ်ကစား ကွက်ကို အာဆင်နယ်ဟာ ထိထိ
ရောက် ရောက်စိုးမိုးပြီး ကစားသွားနိုင်ခဲ့ပါ တယ်။ ကစားကွက်ကိုတည်တည်ငြိမ် ငြိမ် တည်ဆောက်
ကစားသွားတဲ့အတွက် ဆွမ်ဆီးနောက်တန်းဟာ နေရာလွတ်တွေ ပေးလိုက်ရပြီး ဂိုးနှစ်ဂိုး ကို
အမြန်ဆုံးပေးလိုက်ရတာပဲ ဖြစ်ပါ တယ်။ counter ကိုလည်း ကောင်း ကောင်းကစားနိုင်စွမ်း
ရှိတယ်ဆိုတာ ကို ရမ်ဆေးဂိုးနဲ့တွေ့လိုက်ရပါတယ်။
ဒါကြောင့် အာဆင်နယ်ရဲ့ကစားဟန် ကိုကြည့်လိုက်ရင် ကွင်းလယ်ကစားကွက်ဟာ အရင်နှစ်တွေ
ကနဲ့မတူဘဲပိုကောင်းလာတယ်ဆိုတာကိုတွေ့ရပါတယ်။ ဂိုးတွေသွင်းတဲ့နေရာမှာလည်း ဆွမ်ဆီး
ပွဲပြီးတဲ့အထိ ဦးဆောင်ဂိုးတွေ ကိုသွင်းနိုင်တာတွေ့ရပါတယ်။ ဂိုးသွင်း တဲ့နေရာမှာလည်း Open
Playတင် မဟုတ်ဘဲ set-piece ရော counter ကိုပါ ကစားနိုင်တာကို မြင်တွေ့နေရလို့ အာဆင်
နယ်ရဲ့ ဒီနှစ်ပုံစံဟာ ဘက်စုံကောင်းနေတဲ့ပုံစံ ဖြစ်နေပါတယ်။
အဓိကပြိုင်ဘက်တွေထဲက စပါး တစ်သင်းနဲ့သာ ကစားရသေးတဲ့ အားနည်းချက်တစ်ခုရှိနေတာက
လွဲရင် အသင်းကြီးတွေအမှတ်မယူနိုင် ချိန်မှာ အာဆင်နယ်ဟာထိထိမိမိ အမှတ်ယူနိုင်နေတာကြောင့် ဒီနှစ်ဟာအာဆင်နယ်ရဲ့ရာသီဖြစ်လာနိုင်တယ်လို့ယူဆနေမိပါရဲ့...။















